Print

အမျိုးသမီးတွေကို ကောက်ကာငင်ကာ အထွတ်အထိပ်ရောက်သွားစေမယ့် ထူးဆန်းမှို တစ...

  30-Oct-2016
Preview Image

ကနုကမာကောင်တွေနဲ့ ချောကလက်တွေဟာ လိင်စိတ်ကိုနိုးကြွစေတဲ့ အစားအစာတွေအဖြစ် ယူဆနိုင်ပါတယ်။ ဒါပေမဲ့ ဟာဝိုင်ရီမှာရှာတွေတဲ့ ထူးဆန်းမှိုနဲ့ယှဉ်လိုက်ရင် သူတို့ရဲ့ နိုးကြွစေမှုနှုန်းက သိပ်တော့ မသိသာလောက်တော့ပါဘူး။ဒီ လိမ္မော်ရောင်တောက်တောက် မှိုကို မျိုးစိတ်အမည် မပေးရသေးပါဘူး။ မီးတောင်တောင်စောင်းတွေမှာ ပေါက်လေ့ရှိပြီး အာနိသင်လဲပြင်းတယ်လို့ သိရပါတယ်။ အနံ့ဆိုးဆိုးရှိပြီး အမျိုးသမီးတွေကို ကာမပိုင်းမှာ ကောက်ကာငင်ကာ အထွတ်အထိပ်ရောက်သွားစေနိုင်ပါတယ်။

 

အခုရှာဖွေတွေ့ရှိတဲ့ ထူးဆန်းမှိုတွေဟာ သက်တမ်း ၆၀၀ ကနေ ၁၀၀၀ ကြားရှိတဲ့ မီးတောင်ချော်ရည်အနည်အနှစ်တွေပေါ်မှာ ပေါက်တာပါ။ ရှည်ထွက်မှုနှုန်းမြန်ပြီး အပွင့်ပွင့်ဖို့အတွက်ကို ၄၅မိနစ်ပဲကြာပါတယ်။လေ့လာမှုပြုရာမှာ အမျိုးသမီး ၁၆ယောက်နဲ့ အမျိုးသား အယောက် ၂၀ ပါရှိခဲ့ပြီး မှိုကိုနမ်းကြည့်စေတဲ့ အခါမှာ အနံ့ဆိုးရှိတယ်လို့ ဆိုကြပါတယ်။ ထူးဆန်းမှိုရဲ့အနံ့က အမျိုးသမီး ၆ဦးကို ချက်ချင်းပဲ အထွတ်အထိပ်ရောက်သွား စေခဲ့ပြီး ကျန် အမျိုးသမီး ၁၀ယောက်ကတော့ ရှူရှိုက်မှုနည်းခဲ့ပြီး နှလုံးခုန်မြန်လာတာကို ခံစားခဲ့ကြရပါတယ်။

 

ဒီမှိုတစ်မျိုးတည်းရဲ့ အနံ့ဆိုးမှာသာ သိသာတဲ့ လိင်စိတ်နှိုးကြွမှုကို ဖြစ်စေတာပါ လို့ သုတေသနရပ်က ရှင်းပြပါတယ်။ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး လေ့လာမှုတစ်ခုတည်းသာ ရှိသေးတာကြောင့် ထူးဆန်းမှိုရဲ့ စွဲဆောင်မှုရှိတဲ့ စွမ်းအားတွေကို အတည်ပြုဖို့အတွက် နောက်ထပ်လေ့လာမှုတွေ လုပ်ဖို့ လိုအပ်သေးတယ်လို့ ဝေဖန်သူတွေက မှတ်ချက်ပြုကြပါတယ်။ တရုတ်ဆေးဝါးမှာတော့ ဒီထူးဆန်းမှိုကို ယောင်ယမ်းမှု၊ အစာအိမ်အချဉ်ပေါက်မှုနဲ့ အာရုံကြောရောဂါတွေ ကုသတဲ့နေရာမှာ အသုံးပြုပါတယ်။ တရုတ်တောင်ပိုင်းမှာ ချောင်းဆိုး၊ ပိုးဝင်၊ အစာအိမ်ယောင် နဲ့ လူကီးမီးယား တို့ကိုကုသရာမှာ ဆေးမြီးတိုအဖြစ် ဆက်လက်သုံးစွဲနေကြဆဲပါ။

 

Ref:

Skyler

Thihtoolwin.com

Thursday, October 15, 2015

Source:

Daily Mail



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18