Print

သန္ဓေအောင်ခြင်း

  30-Oct-2016
Preview Image

လိင်ဆက်ဆံခြင်းမှတဆင့် သုက်လွတ်ရာတွင် သုက်ရည်များသည် မိန်းမကိုယ်တွင်းသို့ ရောက်ရှိသွားသည်။ သုက်ရည်တွင်းရှိ သန်းပေါင်းများစွာသော သုက်ပိုးများသည် မိန်းမကိုယ်မှတဆင့် သားအိမ်ခေါင်းနှင့် သားအိမ်တို့ကိုဖြတ်၍ မျိုးဥပို့ပြွန်အတွင်းရှိ မမျိုးဥနှင့်တွေ့ဆုံရန် ကူးခတ်တက်ရောက်သွားသည်။ သုက်ပိုး တစ်ကောင်သာလျင် မမျိုးဥကို အောင်မြင်စွာ ထိုးဖောက်ဝင်ရောက်သွားပြီး သန္ဓေအောင်ခြင်းဖြစ်ပွားသည်။ မမျိုးဥသည်မျိုးဥအိမ်မှ ထွက်ခွာပြီး ၁၈ - ၂၄ နာရီခန့်အတွင်းတွင်သာ သန္ဓေအောင်နိုင်သောကြောင့် မျိုးဥကြွေချိန်တွင် မျိုးဥပို့ပြွန်ထဲ၏ အဖိုသုက်ပိုးရှိနေရန်လိုသည်။ သုက်ပိုးများသည် ပုံမှန်အားဖြင့် မမျိုးပွားအင်္ဂါလမ်းကြောင်းတွင် ၂-၅ ရက်ခန့်အတွင်း အသက် ရှင်နေထိုင်နိုင်ကြသည်၊ မျိုးဥကြွေချိန်အတွင်းနှင့် မကြွေမှီအထိ လိင်ဆက်ဆံလျင် သန္ဓေအောင်ခြင်းဖြစ်နိုင်ချေရှိသည်။ (ပထမဆုံး ရာသီလာသည့်ရက်ကို ဝ ရက်ဟုသတ်မှတ်ခြင်းဖြင့် ရာသီစက်ဝန်း. ရက် ၉ မှ ရက်၁၆ ကြားကို ဆိုလိုသည်၊) လိင်ဆက်ဆံ မှုတိုင်းကြောင့် ကိုယ်ဝန်ရနိုင်ခြင်းမရှိပါ။ ကိုယ်ဝန်ရခြင်းသည် ရှုပ်ထွေးသောဖြစ်စဉ်တစ်ခုဖြစ်သည်။ ကလေးလိုချင်သော ဇနီးမောင်နှံများသည် ကလေးချက်ချင်းရနိုင်သကဲ့သို့ ကလေးမရမှီတွင်လည်း လပေါင်းများစွာကြာနိုင်ကြောင်း သဘောပေါက်နားလည်ထားသင့်သည်။

 

Ref:

ကျန်းမာရေးစေတမာန်

၂၂.၁၀.၂၀၁၅



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18