Print

အောက်ခံဘောင်းဘီ တိုပွပွဝတ်ခြင်းနဲ ့ အဝတ်ဗလာအိပ်ခြင်းက ယောကျင်္ားတွေအတွ...

  30-Oct-2016
Preview Image

အမျိုးသားတွေအနေနဲ ့ ကလေးလိုချင်တယ်ဆိုရင် အတွင်းခံဘောင်းဘီ အပြတ်အစား ဘောက်ဆာအတွင်းခံ ဘောင်းဘီတိုကို ၀တ်ဆင်သင့်ကြောင်း သုတေသီတွေက အကြံပေးပြောကြားလိုက်ပါတယ်။ အဝတ်ဗလာနဲ ့အိပ်စက်ပေးရင်လည်း သုတ်ကောင်အရည်အသွေး ပိုမိုကောင်းမွန်တယ်လို ့ဆိုပါတယ်။ အဆိုပါနှစ်ချက်လုံးကို ကျင့်သုံးတဲ့အမျိုးသားတွေဟာ အတွင်းခံဘောင်းဘီပြတ်ဝတ်ဆင်သူတွေထက် သုတ်ကောင်ပျက်စီးမှု ၂၅ ရာခိုင်နှုန်း ပိုနည်းကြောင်း စမ်းသပ်မှုရလဒ်တွေအရ သိရှိရပါတယ်။ ဝှေးစေ့ကိုအေးနေအောင်ထားလေ သုတ်ကောင်အရည်အသွေး ကောင်းမွန်လေဖြစ်ကြောင်း ကျွမ်းကျင်သူတွေရဲ့ အရင်ကလေ့လာထားချက်တွေအရ သိရှိပြီးဖြစ်ပါတယ်။ ယခုအခါကယ်လီဖိုးနီးယား၊စတန်းဖို ့ဒ်တက္ကသိုလ်ကလေ့လာခဲ့တဲ့တွေ ့ရှိချက်တွေက အမျိုးသားတွေအနေနဲ ့ ပိုမို ချောင်ပြီး ပွပွရွရွရှတဲ့ အတွင်းခံဘောင်းဘီတွေကို ပြောင်းလဲဝတ်ဆင်ဖို ့တွန်းအားဖြစ်စေမှာဖြစ်ပါတယ်။အတွင်းခံဘောင်းဘီတိုချောင်ချောင်ကို နေ ့ဘက်မှာဝတ်ဆင်သူတွေနဲ ့ညဘက်မှာ ဘာမှမဝတ်ဆင်ပဲ အိပ်တတ်သူတွေဟာ သုတ်ကောင် DNA အရည်အသွေးကို တိုးတက်စေပြီး ကလေးရနိုင်မှုပိုများကြောင်း ရှက်ဖီးဒ်တက္ကသိုလ်က ပရော်ဖက်ဆာ Allan Pacey က ရှင်းပြခဲ့ပါတယ်။

 

Ref:

ဖိုးသူတော်

ကျန်းမာရေး. ဗဟုသုတ

Credit:ThitHtooLwin



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18