Print

အမျိုးသားများ ဘာကြောင့်လိင်တံမတောင့်တင်းနိုင်တာ အဖြစ်များသလဲ

  30-Oct-2016
Preview Image

 

လိင်တံမတောင့်တင်းနိုင်မှုကို ပန်းသေပန်းညှိုးတယ်လို့ အသိများကြပါတယ်။ လိင်တံတောင့်တင်း နိုင်ပေမယ့်လိင်ဆက်ဆံမှုပြုနိုင်သည်အထိ တောင့်တင်းနိုင်စွမ်းမရှိမှု၊ လိင်ဆက်ဆံနိုင်သည့်တိုင် လိင်ဆက်ဆံမှု ပြီးမြောက်ကျေနပ်သည်ထိ တောင့်မထားနိုင်မှု စတာတွေလည်း ပန်းသေပန်းညှိုး ခေါင်းစဉ်အောက်မှာ ပါပါတယ်။ ပန်းသေပန်းညှိုးခြင်းကို အရင်က စိတ်ပိုင်းဆိုင်ရာ ပြဿနာအဖြစ် မှတ်ယူထားပေမယ့် အခုအခါမှာ အခြားကျန်းမာရေးဆိုင်ရာ ပြဿနာများလည်း ပါဝင်ပတ်သက်နေတာ သိလာကြပါပြီ။ အထူးသဖြင့် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကျောက်ကပ်အလုပ် မလုပ်နိုင်တဲ့ရောဂါ၊ နှလုံးရောဂါ၊ ဆီးကျိတ်ရောဂါနဲ့ စိတ်ကျဝေဒနာတွေကြောင့်ပါ ဖြစ်တတ်ပါတယ်။ အရက်စွဲနေခြင်း၊ ဆေးလိပ်အလွန်အကျွံ သောက်ခြင်းနှင့် တာရှည် စိတ်ဖိစီး ခံနေရခြင်းတွေကလည်း ပန်းသေပန်းညှိုးခြင်းဖြစ်ဖို့ အားဖြည့်ပေးတဲ့အချက်တွေပါ။

 

နောက်ကြောင်းပြန် သုက်လွှတ်ခြင်းကို ဘယ်လိုကုသသင့်လဲ

********************************************

 

လိင်ဆက်ဆံမှု ခံစားချက် အထွတ်အထိပ်ရောက်တဲ့အခါ အမျိုးသားများဟာ လိင်တံမှတစ်ဆင့် အမျိုးသမီး မွေးလမ်းကြောင်းအတွင်းသို့ သုက်ရည်များရောက် ရှိစေလေ့ရှိပါတယ်။ အခြေအနေအချို့မှာ သုက်ရည်တို့ အပြင်ထွက်ရမယ့်အစား နောက်ကြောင်းပြန်ကာ ဆီးအိမ်အတွင်းသို့ ရောက်ရှိသွားတတ်ပါတယ်။ ဆီးအိမ်ထဲ ရောက်သွားတဲ့ သုက်ရည်တွေဟာ တစ်ချိန်မှာ ဆီးနဲ့အတူ အပြင်သို့စွန့်ထုတ်ခံလိုက်ရတဲ့အတွက် လေလွင့်သွားပါတော့တယ်။ ဒီအခြေအနေဟာ အန္တရာယ်မရှိသလို ကလေးမလိုချင်သူတို့အတွက်ပိုလို့ပင် အဆင်ပြေစေပါတယ်။ အခုလို နောက်ကြောင်းပြန်သုက်လွှတ်ခြင်းမှာ သုက်ရည် တစ်ဝက်တစ်ပျက်သာ နောက်ကြောင်း ပြန်သွားတတ်သလို အချို့ကျတော့လည်းသုက်ရည် အားလုံးဆီးအိမ်ထဲ ရောက်သွားတာမျိုးရှိပါတယ်။ ဖြစ်စေတတ်တဲ့ အကြောင်းတရားတွေ ကတော့ ဆီးလမ်းကြောင်းနဲ့ ဆီးကျိတ်ခွဲစိတ် ကုသခံထားရတာ၊ ဆီးချိုရောဂါရှိနေတာ သွေးတိုးရောဂါကုဆေးအချို့သုံးစွဲနေရတာတို့ဖြစ်ပါတယ်။ ဆေးဝါးတို့ကြောင့် ဖြစ်တာမျိုးဆိုရင် ဆေးပြောင်းကုသလိုက်တဲ့အခါ အဆင်ပြေသွားတတ်ပါတယ်။ ဆီးချိုသမားတွေမှာ သွေးအချိုဓာတ်ကို ထိန်းပေးခြင်းဖြင့် သက်သာလာနိုင်ပါတယ်။

 

Healthcare.com.mm

 

Ref:

ဒေါက်တာမြင့်သန်း (သန္ဓေသား)

Health for all magazine, June 2013, Pg. 136-137



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18