Print

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ဆန္ဒမပြီးမြောက်ခြင်း

  24-Jan-2017
Preview Image

အမျိုးသမီးတွေ ဆန္ဒမပြီးမြောက်နိုင်တာကို နှစ်မျိုးခွဲထားတယ်။ ပထမတစ်မျိုးက Primary Orgasmic Disorder လို့ခေါ်တယ်။ ရောဂါဝေဒနာတွေ ပြဿနာကြောင့် မဟုတ်ဘဲ မူလသဘာဝကိုယ်တိုင်က ဆန္ဒပြီးမြောက်ဖို့ ခက်ခဲနေခြင်းပါ။ ဒုတိယအမျိုးအစားက Secondary Orgasmic Disorder လို့ခေါ်တယ်။ ဒါကတော့ ရောဂါ ဒါမှမဟုတ် ပြဿနာတစ်စုံတစ်ရာ အခြေခံပြီးဖြစ်တာ၊ အမျိုးသားတွေလိုပါပဲ။ အရက်မူးယစ်ဆေးအပါအဝင် တစ်ချို့ဆေးဝါးတွေက
လူကိုထုံထိုင်းစေပြီး ဆန္ဒပြီးမြှောက်မှုကို နှောင့်နှေးကြန့်ကြာစေတာမျိုး
ဖြစ်စေတာပါ။

အာရုံကြောနဲ့ဆိုင်တဲ့ ရောဂါတွေရှိပါတယ်။ ဥပမာ Multiple Sclerosis ၊ သွေးချို၊
ဆီးချိုရောဂါ၊ ကြောရိုးနာဗ်ကြောမကြီး ထိခိုက်ဒဏ်ရာရခြင်း စတာတွေပေါ့။ အဲဒါမျိုးကြောင့်လည်း ဆန္ဒမပြီးနိုင်တာမျိုးရှိနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ဟော်မုန်းပြောင်းလဲမှုတွေရှိတဲ့အခါ ဆန္ဒမပြီးနိုင်တာမျိုး ဖြစ်တတ်တယ်။ တစ်ချို့အမျိုးသမီးတွေ ကိုယ်ဝန်ရှိတဲ့အခါ၊ မွေးဖွားပြီးခါစ၊ မီးယပ်သွေးဆုံးခါနီး အချိန်တွေမှာ ဆန္ဒမပြီးနိုင်ပဲရှိတတ်ကြတယ်။ နာတာရှည်ရောဂါများကလည်း ဆန္ဒပြီးမြောက်မှုအတွက် အတားအဆီး ဖြစ်နိုင်ပါတယ်။

ကလေးဘဝမှာ လိင်ဆက်ဆံမှုနဲ့ လိင်ကိစ္စအပေါ် အဆိုးမြင်ခဲ့တာမျိုးရှိရင်လည်း
ဖြစ်တတ်ပါသေးတယ်။ အဓမ္မပြုကျင့်ခံရတာမျိုး၊ အကြမ်းဖက်ခံရတာမျိုး စတာတွေဟာ လိင်ဆက်ဆံမှုအပေါ် အဆိုးမြင်သွားစေနိုင်ပါတယ်။ အမျိုးသမီးနှင့် အမျိုးသားတို့ကြား ဆက်ဆံရေးမပြေလည်တာမျိုးနဲ့ ငြီးငွေ့မှုရှိတာမျိုးတွေကြောင့် ဆန္ဒအားနည်းပြီး မပြီးမြောက်နိုင်တာမျိုး တွေ့ရနိုင်ပါတယ်။ ဆက်ဆံဖော်အပေါ် ငြီးငွေ့မှုဟာ အဓိကပြဿနာတစ်ခုလို့ ဆိုပါတယ်။ အမျိုးသမီးများရဲ့ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းက သူတို့ရဲ့ ဘဝတစ်လျှောက်လုံးတစ်ကြိမ်တစ်ခါမှ ဆန္ဒပြည့်ဝခဲ့ခြင်း မရှိလို့ဆိုခဲ့ပါတယ်။ ၃၃ ရာခိုင်နှုန်းနဲ့ ၅၀ ရာခိုင်နှုန်းခန့်ကတော့ မကြာခဏ ဆန္ဒပြီးမြောက်နိုင်ခဲ့ကြောင်း
ပြောကြားခဲ့ပါတယ်။ 

ဆက်ဆံသည့်အခါတိုင်း ဆန္ဒပြီးမြောက်ဖို့ဆိုတာ အမျိုးသမီးများမှာ အလွန်ရှားပါတယ်။ 
ဆန္ဒပြီးမြောက်နိုင်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ ပြဿနာများကြောင့် ဖြစ်နိုင်သလိုစိတ်ပိုင်းဆိုင်ရာ
အကြောင်းများကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လေ့လာသုတေသန ပြုလုပ်ချက်များအရ
ပြောရရင် ဆန္ဒမပြီးမြောက်မှုရဲ့ ၉၀ ရာခိုင်နှုန်းခန့်ဟာ စိတ်ကြောင့်ဖြစ်တာကို သိရ
ပါတယ်။ ရုပ်ပိုင်းဆိုင်ရာပြဿနာကြောင့် ဖြစ်တာက ၁၀ ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။ 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)
တိုးတိုးတိတ်တိတ် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရအောင် စာအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18