Print

မျိုးဆက်ပွားကျန်းမာရေးနှင့်သားဆက်ခြားခြင်းမှအဆက်

  24-Feb-2017
Preview Image

ရက်ရှောင်နည်း(Calender Method)

စိတ်ချရသောရက်(safe period)

မျိုးဥကြွေသော အချိန်တွင်မေထုန်ရှောင်ခြင်း အားဖြင့် ကိုယ်ဝန်မရနိုင်သောနည်ဖြစ်သည်။ဥပမာ-၂၈ရက်တခါ ရာသီလာသော အမျိုးသမီးဧ။် ဥကြွေရက်မှာ၂၈ရက် မှ ၁၄ရက်နှုတ်၍ရသောရက်ဖြစ်သည်။

 

၂၈-၁၄=၁၄
ဒါကသီအိုရီသဘော သာဖြစ်သည်။ လက်တွေ့တွင်ဖြစ်နိုင်ခြေ(probability)၂ခုကိုထည့်တွက်ရန် လိုသေးသည်။၄င်းတို့မှာ
- ဖြစ်နိုင်ခြေမျိုးဥကြွေရက် နှင့်
- သုတ်ကောင်၊မျိုးဥသက်တမ်းကိုထည့်တွက်ရပါမည်
ထို့ကြောင့်ဖြစ်နိုင်ခြေ မျိုးဥကြွေရက်မှာ ၁၄ရက်ကိုရှေ့ ၂ရက်တိုးနောက် ၂ရက်ဆုတ်ရန်ဖြစ်သည်။ ထိုအခါအောက်ပါ ညီမျှခြင်းကိုရပါမည်။ တနည်အားဖြင့် ဘယ်ဘက်ကို ၂နှုတ်၍ညာဘက်၂ပေါင်းပါ

၁၄-၂=၁၄+၂
၁၂=၁၆

အထက်ပါ ညီမျှခြင်းဧ။် အဓိပ္ပာယ်မှာ၂၈ရက်တခါ လာသောအမျိုးသမီး အတွက်မမျိုးဥကြွွေနိုင်သောရက်မှာ ၁၂ရက် မှ ၁၆ရက်အတွင်း ဖြစ်နိုင်ပါသည်။ သုတ်ကောင်ဧ။် သက်တမ်းကို ၁ရက်ဟုပြောခဲ့ပြီ။ ဒါကသန္ဓေရာနှုန်း ပြည့်အောင်မဲ့ သက်တမ်းပါ။ နောက်၃ရက် အထိတော့
လှုပ်လီလှုပ်လဲ့ ရှင်နေသေးတယ်။ ထို့အပြင် မဥမှာလည်း ၁ရက်နောက်ပိုင်း ရှုံသွားသည်။၄င်းတို့ဧ။်သက်တမ်းကို ထည့်တွက်ရာတွင် ညီမျှခြင်းဘယ်ဘက်ကို ၃နှုတ်၍ညီမျှခြင်း ညာဘက်ကို ၁ထပ်ပေါင်းပါ။ ထိုအခါအထက်ပါ ညီမျှခြင်းမှာအောက်ပါ အတိုင်းဖြစ်လာမည်။

 

၁၂-၃=၁၆+၁
၉=၁၇ (၉ရက်မှ၁ရရက်အတွင်းကာမစပ်ယှက်ကကိုယ်ဝန်ရှိနိုင်သည်)ထို့ကြောင့်စိတ်ချ ရသောရက်မှာ ၁ရက်မှ၈ရက်ထိ (ရာသီလာသောရက်အပါ)ိနှင့် ၁၈ရက် မှ၂၈ရက် တို့တွင် လိင်ဆက်ဆံပါက ကိုယ်ဝန်မရနိုင်ပေ။ အထက်ပါ အယူအဆမှ အန္တရာယ်ရှိသောရက်ကို လွယ်ကူစွာ တွက်ယူနိုင်ပါသည်။

 

အန္တရာယ်ရှိသောရက်(risk period)

၂၈ရက်တခါလာသော အမျိုးသမီးကိုပင် တွက်ပြပါမည်။ သူမဧ။်မဥကြွေသော ရက်မှာ ၁၄ရက်နေ့ဟု ဆိုခဲ့ပြီ။ကိုယ်ဝန်ရှိနိုင်သော ရက်မှာမျိုးဥ မကြွေခင် ၅ရက် နှင့် ကြွေပီး ၃ရက်ကြား ကာလဖြစ်ပါသည်။ ၁၄ရက်ကို မူတည်၍ တွက်လျှင်

၁၄-၅=၁၄+၃
၉=၁၇

ကိုယ်ဝန်မလိုချင်သူ စုံတွဲများ ၉ရက် မှ ၁ရရက် အတွင်းရက်ရှောင်ရန်နှင့် သားသမီးလိုချင်သူအိမ်ထောင်ဖက်များ ဤရက် အတွင်းလိင်ဆက်ဆံရန်ဖြစ်ဧ။်

 

နောက်တခါ ၃၅ ရက်တခါလာသော အမျိုးသမီးတစ်ယောက်ဧ။် အန္တရာယ်ရက်ကိုတွက်ပြရသော် သူမဧ။်မျိုးဥကြွေသော ရက်မှာ ၃၅-၁၄=၂၁ ရက်နေ့ဖြစ်သည်။ ညီမျှခြင်းဖြင့် အထက်ပါအတိုင်းတွက်သော်

 

၂၁-၅=၂၁+၃
၁၆=၂၄(၁၆ရက်မှ၂၄ရက်အတွင်းကာမဆက်ဆံကကိုယ်ဝန်ရှိနိုင်)
မှတ်ချက်။ safe period နှင့် risk period တွက်နည်း၂ခုမှာအပြန်ပြန်အလှန်လှန်မှန်ကန်ကြသည်။

 

အထက်ပါတွက်နည်းကို အသုုံံးပြု၍ သားဥကြွေချိန်ကို ခန့်မှန်းပီးသကာလ ဥကြွေချိန်တွင်ထွက်ရှိလာသော သားအိမ်ခေါင်းအချွဲ ကိုလည်းစမ်းသပ်ကြည့်ခြင်းအားဖြင့် လည်းရက်ရှောင်နိုင်သည်။ တစ်ရှုးစက္ကူစဖြင့် မိန်းမကိုယ်ကိုသုတ်၍ ၄င်း။ သို့မဟုတ် သန့်ရှင်းသောလက်ညှိုးဖြင့်ယောနိ အတွင်းထိုးထည့်၍ သားအိမ်ခေါင်းထိပ် ကိုစမ်း၍ ၄င်း သိနိုင်သည်။မဥကြွေချိန်နီးလာ သည်နှင့်အမျှ အချွဲများလာပြီးပို၍ စီးလာသည်။ လက်မနှင် လက်ညှိုးကြား၁လက္မ္မ ၂လက္မ အထိမပြတ်ပဲ ကြွက်မြီးတန်း ဆွဲဲနိုင်သည်။ မဥကြွေပီးနောက် အချွဲနည်းသွားပီးပျစ်လာကာ ခြောက်သွားသည် မှာနောက်ရာသီလာ သည်ထိဖြစ်သည်(dry day)။ဤသည် မှနောက်တခါ သားအိမ်ခေါင်းအချွဲ စမ်းမိသည့်ကာလမှာ စိတ်ချရသော ကာလဖြစ်
သည်။

 

မှတ်ချက်။ ရက်ရှောင်နည်းနှင့် သားအိမ်ခေါင်း အချွဲစမ်းသပ်နည်း ၂မျိုးကို တွဲဖက် အသုံးပြုနိုင်သည်မမျိုးဥကြွေချိန် ထွက်ရှိသော သားအိမ်ခေါင်းအချွဲမှာ လည်းတဦးနှင့်တဦး မတူကြပြန်ချေ။


- ဥအကာလို သားအိမ်ခေါင်း အချွဲ(Egg white cervical mucus) အချွဲဲအနက် သန္ဓေအအောင်နိုင်ဆုံး အခြအနေ ကောင်းပေးသည်။ အဘယ်ကြောင့် ဆိုသော် သုတ်ကောင်များ သားအိမ်ဝ ကိုကျော်ဖြတ်နိုင်ရန် ကောင်းစွာကူးခတ်နိုင် သောကြောင့် ဖြစ်သည်။ အရောင်
ကြည်လင်ပီး ဆွဲဆန့်ခံနိုင်သည်။


- ရေပါသော သားအိမ်ခေါင်းအချွဲ(Watery cervical mucus) သန္ဓေအောင်ဖို့ အခြေအနေဒုတိယလိုက်သည်။ သုတ််ကောင်များ အနှောင့်အယှက် မရှိသား အိမ်ဝရောက်နိုင်ရန်ကူညီပေးသည်။


- နိူ့နှစ်လို သားအိမ်ခေါင်းအချွဲ(Creamy cervical mucus) ပျစ်သော အနေအထားကသုတ်ကောင်များ ရွေ့လျားမူကို ထိန်းချုပ်သလို ဖြစ်သောကြောင့် ဤအချွဲထွက်သောအမျိုးသမီးများ ကိုယ်ဝန်မရတတ်ချေ။


- စေးထန်းသော သားအိမ်ခေါင်းအချွဲ(Sticky cervical mucus) ကော်ကဲ့သို့ကပ်၍ အပိုင်းပိုင်း အပြတ်ပြတ် ဖြစ်နေသောကြောင့် သုတ်ကောင်များ ကူးခပ်မရဖြစ်ကြရသဖြင့်သူလည်းပဲ သန္ဓေမရနိုင်ချေ။

 

- သုတ်ကိုအပြင်ထုတ်ပစ်ခြင်း(Withdrawal)

သုတ်မလွှတ်ခင် လိင်တံကို ဆတ်ကနဲ ဆွဲနှုတ်လိုက်ခြင်း ဖြစ်သည်။ ကရိိယာမလိုစရိတ်စကမကုန်သော နည်းဖြစ်သည်။ သိုသော် ပါတနာကြား အလိုမကျမူများ ရှိနိုင်သည်။ ယခုတင်ပြခဲ့သော နည်းများသည် သဘာဝနည်းများဖြစ်သည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : ဆရာဝန် ဆေးရောင်းသူ လူနာ များ ကျန်းမာရေးဆွေးနွေးခြင်း

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18