Print

လိင်ဆက်ဆံရာမှာ အမျိုးသမီးတွေ ကြုံတွေ့ရတဲ့ ကျန်းမာရေး ပြဿနာ (၆) ခု

  24-Feb-2017
Preview Image

ရောဂါသိရင် ကုသမယ့် ဆေးဝါး ရှိတာမို့ လိင်ဆက်ဆံမှုဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာရင် ပေါ့ပေါ့တန်တန် သဘောမထားသင့်ပါဘူး။ လူတိုင်းလူတိုင်းမှာ မတူညီတဲ့ ကိုယ်ခန္ဓာ တည်ဆောက်ပုံရှိနေတာမို့ တစ်ဦးနဲ့ တစ်ဦး ကျန်းမာရေး မတူညီနိုင်ကြပါဘူး။ ဒါပေမယ့် အမျိုးသမီးတွေမှာတော့ ကြုံတွေ့ရတဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာ ၆ ခုကတော့ တူညီကြပါတယ်။

 

ရောဂါသိ အဖြေရှိဆိုသလို အမျိုးသမီးတွေ ကြုံတွေ့ရတဲ့ ကျန်းမာရေး ပြဿနာတွေအတွက် အဖြေဆိုတာရှိစမြဲပါပဲ။ အရေးကြီးဆုံးကတော့ ကိုယ်ဘာဖြစ်နေသလဲဆိုတာ သေသေချာချာ သိဖို့ပါပဲ။ ဒီတပတ်ရဲ့ လိင်ဆက်ဆံမှုဆိုင်ရာ အသိပညာပေးအဖြစ် အမျိုးသမီးတွေ ဘာတွေကြုံတွေ့ရလဲ၊ ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတဲ့ အကြောင်းအရာတွေကို ဖော်ပြလိုက်ပါတယ်

 

ချောဆီ ပြဿနာ
အမျိုးသမီးတိုင်း လိင်ဆက်ဆံချိန်မှာ အမြဲလိုလို ကြုံတွေ့ရတဲ့ ပြဿနာကတော့ လိင်အင်္ဂါက လုံလောက်တဲ့ ချောဆီ မထွက်လာဘဲ လိင်ဆက်ဆံစဉ်မှာ နာနာကျင်ကျင် ခံစားရပါတယ်။ ဒါက ပြင်ပမှာ လိင်ဆက်ဆံဖို့ အမျိုးသမီးကို နမ်းရှုံ့ လှုံ့ဆော်တာမျိုး မလုပ်တော့ဘဲ တိုက်ရိုက် လိင်ဆက်ဆံတာကြောင့် အမျိုးသမီးအင်္ဂါမှာ လုံလောက်တဲ့ ချောဆီ မထွက် လာတော့ဘဲ နာကျင်တာ ဖြစ်နိုင်သလို အမျိုးသမီးရဲ့ ကိုယ်ခန္ဓာ ပင်ပန်းနွမ်းနယ်ပြီး ဖိစီးမှုတွေကြောင့်လည်း ချောဆီ မထွက် တော့ဘဲ နာကျင်တာဖြစ်နိုင်ပါတယ်။

 

အမျိုးသမီးလိင်အင်္ဂါက နူးညံ့တဲ့ အရေပြား တစ်သျှူးတွေ ဖွဲ့စည်း ထားတာမို့ ချောဆီ မပါဘဲ လိင်ဆက်ဆံ လိုက်မယ်ဆိုရင်တော့ အဲဒီတစ်သျှူးတွေ ပေါက်ပြဲတာ ၊ ကွဲထွက်တာမျိုးတွေ ဖြစ်ပြီး နာကျင်မှု ခံစား ရတာဖြစ်ပါတယ်။ ဒီပြဿနာကိုတော့ ရေကို အခြေခံလုပ်ထားတဲ့ ချောဆီတွေ အသုံးပြုပြီး ဖြေရှင်းနိုင်ပါတယ်။ ရေကို အခြေခံ ဖော်ထုတ်ထားတဲ့ ချောဆီတွေက လွယ်လွယ်ကူကူ အသုံးပြုနိုင်တဲ့အပြင် ဘေးကင်းလုံခြုံမှု လည်း ရှိပါတယ်။

 

ဆန္ဒမပြည့်ဝခြင်း
အမျိုးသမီးတွေ လိင်ဆက်ဆံတဲ့အခါ သာယာမှု အထွတ်အထိပ် မရောက်တာကလည်း ကြီးမားတဲ့ ကျန်းမာရေး ပြဿနာ တခုပါပဲ။ ဒီကျန်းမာရေး ပြဿနာကတော့ လိင်ဆက်ဆံရာမှာ အရှက်အကြောက်ကြီးနေတာ၊ အတွေ့အကြုံ မရှိတာ၊ လိင်ဆက်ဆံမှုဆိုင်ရာ ဗဟုသုတမရှိတာတွေအပြင် စိတ်ပိုင်းဆိုင်ရာ ကစဉ့်ကလျားကြောင့် ဖြစ်နိုင်သလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ စိတ်ဒဏ်ရာတွေ ရှိတာကြောင့်လည်း ဖြစ်ပါတယ်။ လိင်ဆက်ဆံတိုင်း ဆန္ဒမပြည့်ဝတဲ့ ပြဿနာ ဖြစ်နေတယ်ဆိုရင်တော့ ကျွမ်းကျင်သူတွေနဲ့ ပြသတိုင်ပင် ကုသသင့်ပါတယ်။

 

ပုံမှန်မဟုတ်သော ရာသီသွေးဆင်းခြင်း
ပုံမှန်မဟုတ်တဲ့ ရာသီသွေးဆင်းခြင်းကလည်း အမျိုးသမီးတွေမှာ လိင်ဆက်ဆံမှု ဆိုင်ရာ ပြဿနာတွေဖြစ်စေပါတယ်။ ရာသီသွေးဆင်းပြီးချိန်မှာ အမျိုးသမီးတွေရဲ့ ဝမ်းဗိုက်ပိုင်းက အထိအခိုက်မခံနိုင်အောင် နူးညံ့နေတတ်ပြီး ဒါကလည်း အမျိုးသမီး တစ်ဦးနဲ့တစ်ဦးတော့ တူညီမှုမရှိနိုင်ပါဘူး။ ရာသီလာပြီးတဲ့နောက်ပိုင်း လိင်ဆက်ဆံမယ်ဆိုရင် အမျိုးသမီးတွေကို ထိခိုက်နာကျင်စေနိုင်ပါတယ်။ ဒါပေမယ့် ဒါကလည်း အမျိုးသမီးတစ်ဦးနဲ့တစ်ဦး မတူညီနိုင်ပါဘူး။ ပုံမှန်မဟုတ်တဲ့ ရာသီသွေး ဆင်းနေတယ်ဆိုရင် ကျွမ်းကျင်သူ ဆရာဝန်ဆီ သွားပြတာ အကောင်းဆုံးပါပဲ။

 

လိင်ဆက်ဆံမှုကို သက်ရောက်စေနေသော ကျန်းမာရေးအခြေအနေများ
နှလုံးရောဂါ ၊ ဟော်မုန်းဓာတ် မညီမမျှ ဖြစ်တာ၊ နာတာရှည် ရောဂါတွေဖြစ်တဲ့ ကျောက်ကပ်ရောဂါ၊ စိတ်ရောဂါ ၊ သွေးဆုံးကိုင်ခြင်းနှင့် အလွန်အကျွံ ဆေးသုံးစွဲမှုတွေကြောင့် ဖြစ်တဲ့ရောဂါတွေက လိင်ဆက်ဆံမှုမှာ ကျန်းမာရေးဆိုင်ရာ အခက်အခဲနဲ့ ပြဿနာတွေ ဖြစ်ပေါ်စေပြီး လိင်ဆက်ဆံလိုစိတ်ကို ထာဝရ ပျောက်ဆုံးသွားစေနိုင်ပါတယ်။ လုံလောက်တဲ့ ဆေးဝါးကုသမှုတွေ ခံယူမယ်ဆိုရင်တော့ အများစုက ပုံမှန်လိင်ဆက်ဆံမှု ပြန်လည်ရရှိနိုင်ပါတယ်။

 

လိင်ဆက်ဆံမှုမှ တဆင့် ဖြစ်ပေါ်လာသော ပြဿနာများ
သားအိမ်အရည်အိတ်ဖြစ်တာ ၊ အမျိုးသမီးအင်္ဂါ (ယောနိ) ရောင်ရမ်းတာ၊ မှိုစွဲတာ ၊ ဝမ်းဗိုက်ပိုင်းနဲ့ တင်ပါးဆုံပိုင်းမှာ အပြင်းအထန် နာကျင်ခြင်း (Endometriosis) ဆိုတဲ့ ရောဂါတွေက လိင်ဆက်ဆံမှုကနေ တဆင့် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီလို ကျန်းမာရေး ပြဿနာတွေကိုတော့ ဂရုတစိုက်နဲ့ ကုသသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီရောဂါတွေက ကုသရခက်ခဲပြီး မကုသရင်တော့ ဘယ်တော့မှ မသက်သာတဲ့ ရောဂါတွေဖြစ်ပါတယ်။ ကုသလိုက်မယ်ဆိုရင်တော့ ရေရှည်မှာ ပြဿနာကင်းတဲ့ လိင်ဆက်ဆံမှုဆိုင်ရာ သာယာမှုတွေ ပြန်လည်ရရှိနိုင်ပါတယ်။ မကုသဘဲ ထားမယ်ဆိုရင်တော့ လိင်ဆက်ဆံတိုင်း အမျိုးသမီးတွေအတွက် နာကျင်မှုကို ခံစားစေရမှာဖြစ်ပါတယ်။

 

စိတ်ပိုင်းဆိုင်ရာ ပြဿနာများ
အမျိုးသမီးတွေ အများဆုံးကြုံတွေ့ရတဲ့ လိင်ဆက်ဆံမှုဆိုင်ရာ ပြဿနာတခုကတော့ လိင်ဆက်ဆံနေစဉ်အတွင်း စိတ်လှုပ်ရှားခြင်းနဲ့ စိတ်ဂယောက်ဂယက်ဖြစ်ခြင်းပါပဲ။ စိုးရိမ်စိတ်များတာနဲ့ စိတ်ဖိစီးမှုများက အမျိုးသမီးရဲ့ ကိုယ်ခန္ဓာ အတွင်းမှာရှိတဲ့ ဟော်မုန်းတွေ မညီမမျှ ဖြစ်စေပြီး သာယာမှု အထွတ်အထိပ် မရောက်တာ၊ လိင်ဆက်ဆံသူနဲ့ အမျိုးသမီးကြားမှာ ကျေနပ်မှုမရတာတွေ ဖြစ်စေပါတယ်။ အကြောက်တရားနဲ့ ဖိအားတွေကလည်း အမျိုးသမီးတွေအတွက် လိင်ဆက်ဆံမှု ဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်စေပါတယ်။

 

ဖျားနာပြီးကိုယ်လက် မအီမသာဖြစ်နေတဲ့အချိန်၊ အလိုမတူဘဲ ဆက်ဆံနေရတဲ့အချိန်၊ လိင်ပိုင်းဆိုင်ရာ စိတ်ဒဏ်ရာရှိနေတာ၊ အလုပ်ဖိအားတွေက အမျိုးသမီးတွေအတွက် ပုံမှန် လိင်ဆက်ဆံမှုမှာ အနှောင့်အယှက် အတားဆီးတွေအဖြစ် အများဆုံး နေရာယူလာပါတယ်။ ဒါကို ကုသဖို့ကတော့ ကိုယ့် စိတ်ဖိအားတွေကို တတ်နိုင်သမျှ ထိန်းသိမ်းဟန့်တားပြီး မေ့ပျောက်ထားရမယ် ဆိုရင်တော့ သာယာပျော်ရွှင်တဲ့ လိင်ပိုင်းဆိုင်ရာ သုခတွေ ပြန်လည်ရရှိနိုင်ပါလိမ့်မယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit : Irrawaddy
Sunday, November 01, 2015

 


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18