Print

ပန်းနာရင်ကျပ်ရောဂါရှိ အမျိုးသမီးများ မျိုးအောင်နိုင်မှုပြဿဿ နာများ ကြု...

  24-Feb-2017
Preview Image

ပန်းနာရင်ကျပ်ရောဂါရှိသော အမျိုးသမီးများသည် ကိုယ်ဝန်ရနိုင်ရန် အချိန်ကြာမြင့်နိုင်ပြီး အဆုတ်ရောဂါမရှိသော အမျိုးသမီးများထက် ကိုယ်ဝန်ရနိုင် သည့်နှုန်း လျော့နည်းကြောင်း လေ့လာမှု အသစ်တစ်ခုက ဖော်ပြသည်။ယခုလေ့လာမှုတွင် အကြောင်းရင်းမသိရဘဲ မျိုးအောင်နိုင်မှု ဆိုင်ရာပြဿဿ နာ ကြုံတွေ့နေရပြီး မျိုးအောင်နိုင်အောင် ကုသမှု ခံယူခဲ့ရသော အသက် (၂၃) နှစ်နှင့် (၄၅) နှစ်အကြား အမျိုးသမီး (၂၄၅) ဦးပါဝင်သည်။ ယင်းအမျိုးသမီးများအနက် (၉၅) ဦး၌ ပန်းနာရင်ကျပ်ရောဂါ ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

 

ယင်းအမျိုးသမီးများကို ၎င်းတို့အောင်မြင်စွာ ကိုယ်ဝန်ဆောင် နိုင်သည့် အချိန်၊ ကုသမှုခံယူခြင်းရပ်တန့်လိုက်သည့်အချိန် (သို့မ ဟုတ်) လေ့လာမှုပြီးဆုံးချိန်အထိ လေ့လာခဲ့ခြင်းဖြစ်သည်။ ပန်းနာရင်ကျပ်ရောဂါရှိသော အမျိုးသမီးများ ကိုယ်ဝန်ဆောင် နိုင်ရန် အချိန် ၅၅ လနှင့် အထက်ကြာမြင့်တတ်ပြီး ပန်းနာရင်ကျပ် ရောဂါမရှိသော အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်နိုင်ရန် အချိန် ၃၂ လခန့်သာ ကြာမြင့်ကြောင်း သုတေသီများက ပြောကြားသည်။

 

ပန်းနာရင်ကျပ်ရောဂါမရှိသော အမျိုးသမီးများ၏ ၆ဝ ရာခိုင်နှုန်းခန့်သည် ကိုယ်ဝန်အလွယ်တကူဆောင်နိုင်လေ့ရှိပြီး ပန်းနာရင် ကျပ်ရောဂါရှိသော အမျိုးသမီးများ၏ ၄ဝ ရာခိုင်နှုန်းသာ ကိုယ်ဝန် ဆောင်နိုင်လေ့ရှိကြောင်း ယခုလေ့လာမှုက ဖော်ပြသည်။ ယင်းအုပ်စုနှစ်ခုကြား ကွာဟချက်မှာ အသက်ကြီးသည်နှင့်အမျှ ပို၍ ကွာခြားသွားလေ့ရှိကြောင်း European Respiratory ဂျာနယ်တွင် ဖော်ပြထားသည့် လေ့လာမှုအရ သိရသည်။

 

ပန်းနာရင်ကျပ်ရောဂါက မျိုးအောင်နိုင်မှုအပေါ် အနုတ်သဘောလွှမ်းမိုးမှုရှိပြီး ကိုယ်ဝန်ဆောင်နိုင်ရန် အချိန်ကြာမြင့်လေ့ရှိ ကာ အသက်အရွယ်ကြီးရင့်လာပါက ပို၍ပင်ခက်ခဲကြောင်း သုတေသီများက ပြောသည်။ ပန်းနာရင်ကျပ်ရှိသော အမျိုးသမီးများကို အသက်ငယ်ရွယ်စဉ် တွင် ကိုယ်ဝန်ဆောင်ရန် ဆရာဝန်များက အကြံပေးသင့်ပြီး ကိုယ် ဝန်မဆောင်မီ ပန်းနာရင်ကျပ်ရောဂါကို အရှိန်မြှင့်ကုသသင့်ကြောင်းသုတေသီများက ပြောသည်။

 

ထို့အပြင် ပန်းနာရင်ကျပ်ရောဂါသည်များကို အသိပညာပေးရန်လည်း အရေးကြီးပြီး လူနာများအနေဖြင့် ယင်းဆက်စပ်မှုကို သိရှိ ထားပါက ကုသရာတွင် ပို၍ အကျိုးသက်ရောက်မှုရှိနိုင်သည်ဟု သုတေသီများ က ပြောသည်။ ယခုလေ့လာမှုကပန်းနာရင်ကျပ်ရောဂါနှင့် ကိုယ်ဝန်ဆောင် ရန် ခက်ခဲမှုအကြား ဆက်စပ်မှု ရှိကြောင်း ဖော်ပြထားသော်လည်း အကြောင်းရင်းနှင့် ထိခိုက်မှုတို့ကို ဖော်ပြထားခြင်းမရှိပေ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Ref: MNT

 


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18