Print

အရွယ်ရောက်သော သင့်သမီးငယ်ကို ပြောပြသင့်သော ရင်သားပြောင်းလဲမှုအကြောင်း

  24-Feb-2017
Preview Image

မိန်းကလေးတွေဟာ ယောကျ်ားလေးတွေလို အဝတ်အစားဝတ်ဆင်မှုကို ဖြစ်သလို စီစဉ်ပေးလို့မရပါဘူး။ မိန်းကလေးတစ်ယောကအရွယ်ရောက်ချိန်မှာ သူ့အတွက် လိုအပ် တဲ့ အတွင်းခံအကျင်္ ီ ဝတ်ဆင်မှုပုံစံကလည်း မိခင်က သင်ကြားပေးဖို့လိုပါတယ်။ အပျိုဖော် စဝင်လာချိန်မှာ ရင်သားတွေက ဆူဖြိုးလာတာကြောင့် နို့သီးခေါင်းပေါ် လာတာ ကို မိဘတွေက သတိထားပြောဆိုဖို့နဲ့ လိုအပ်တဲ့ အတွင်းခံ ဘယ်လိုရွေးချယ် ဝတ်ဆင် ရမယ်ဆိုတာကို ပွင့်ပွင့်လင်းလင်းပြောပြထားဖို့လိုပါတယ်။ ကလေးငယ်တွေအနေနဲ့ ရှက်တဲ့စိတ်ရှိနေတတ်ပြီး ဒီလိုပြောင်းလဲမှုတွေကို လက်ခံနိုင်ဖို့ မိခင်ကရင်းနှီးနွေးထွေးစွာ ဆက်ဆံပြောဆိုတတ်ဖို့ လိုပါတယ်။

 

ရင်သားအတွက် သက်သောင့်သက်သာ ဖြစ်စေဖို့၊ ကျပ်ထုပ်နေတာမျိုးမဖြစ်ဘဲ အံဝင်ခွင်ကျဖြစ်စေဖို့ အတွင်းခံအကျင်္ ီ ဘယ်လိုအရွယ်အစားကို ရွေးချယ်သင့်တယ် ဆိုတာကို သေချာပြောပြပြီး ရွေးချယ်ပေးပါ။ အမျိုးသမီးအများစုဟာ အတွင်းခံဝတ်စုံအရွယ်အစားကို မှန်ကန်စွာဝတ်ဆင်လေ့ မရှိကြပါဘူး။ ဟိုးအရင်ကတည်းက ဝတ်ဆင် လာခဲ့တဲ့ အတွင်းခံတွေကိုပဲ လက်ရှိအချိန်ထိ ဝတ်ဆင်နေလေ့ရှိကြပါတယ်။ မှားယွင်းတဲ့ အတွင်းခံဝတ်ဆင်မှုပုံစံကြောင့် ကျန်းမာရေးပြဿ နာများစွာ ဖြစ်တတ်ပါသေးတယ်။

 

ပုံစံမကျဖြစ်ခြင်း
ရင်သားနဲ့ အံဝင်ခွင့်ကျမဖြစ်တဲ့ အတွင်းခံကို ပုံမှန်ဝတ်ဆင်မယ်ဆိုရင် သင့်ရင်သားပုံစံဟာ လှပမှုမရှိဘဲ အမျိုးသမီးတစ်ယောက်မှာ ရှိသင့်တဲ့ လှပဝင့်ကြွားမှုကို မပေါ်လွင် ဘဲ ဖြစ်စေနိုင်ပါတယ်။ ရင်သားပုံစံမကျဘဲ တွဲကျတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

 

အမာရွတ်ထင်ကျန်ခြင်း
မှားယွင်းတဲ့ အတွင်းခံဝတ်ဆင်မှုပုံစံကြောင့် ရင်သားအောက်ခြေနဲ့ရင်သားတစ်ဖက်စီမှာ အမာရွတ် ထင်ကျန်တာမျိုး ဖြစ်စေနိုင်ပါသေးတယ်။ အမာရွတ်ထင်တာက ချက်ချင်းပေါ်လာတတ်တာမျိုး မဟုတ်ဘဲ အချိန်ကြာလာတော့မှ အတွင်းခံအကျင်္ ီရဲ့ ကျပ်လွန်းတဲ့အပိုင်းကနေပြီး အရာထင်လာတာမျိုးပါ။

 

ပြည့်စုံစွာထောက်ပ့ံမှုမရရှိခြင်း
အတွင်းခံအကျင်္ ီက သင့်ရင်သားကို အကောင်းဆုံးထောက်ပ့ံပေးနိုင်ဖို့ လိုပါတယ်။ အထူးသဖြင့် ရင်သားကြီးသူတွေအနေနဲ့ သင့်ရင်သားကို အကောင်းဆုံးနဲ့ အပြည့်အဝထောက်ပ့ံပေးနိုင်တဲ့ အနေအထားမျိုးရှိတဲ့ အတွင်းခံမျိုးကို ဝတ်ဆင်ပေးရပါမယ်။ တချို့ အမျိုးသမီးတွေက ကိုယ့်ရင်သားအရွယ်အစားထက် သေးငယ်တဲ့ အတွင်းခံတွေကို ဝတ်ဆင်ပြီး ရင်သားတင်းရင်းနေအောင် ပင့်တင်ထားလေ့ရှိကြပါတယ်။ ဒါက အချိန် ကြာလာတဲ့အချိန်မှာ မကောင်းပါဘူး။ သင့်နောက်ကျောပြင်မှာလည်း အနီရောင် အမာရွတ်တွေ ဖြစ်ပေါ်တတ်ပါသေးတယ်။ ဒါ့အပြင် ရင်သားတွေကို ကောင်းကောင်းထောက်ပ့ံ ပေးနိုင်စွမ်းမရှိဘဲ သင့်အဝတ်အစားကိုပါ ကြည့်ရဆိုးစေပါတယ်။

 

ခန္ဓာကိုယ်ပုံစံမကျဖြစ်ပြီး ကြည့်ရဆိုးခြင်း
မမှန်ကန်တဲ့ အတွင်းခံကြောင့် ခန္ဓာကိုယ်ပုံစံက စမတ်မကျဘဲ ဖြစ်နေတတ် ပါသေးတယ်။ သက်သောင့်သက်သာမဖြစ်ဘဲ ဖြစ်နေတတ်တဲ့အပြင် နောက်ကျောနဲ့ ဇက်ကြောနာကျင်တာမျိုးလည်း ဖြစ်စေပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
သဲသဲဦး
Arogyam magazine, No.260, March 2014, pg.95-96

 

 
 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18