Print

အမျိုးသားနှင့် အမျိုးသမီးလိင်ဆက်ဆံပါက

  24-Feb-2017
Preview Image

- ပျိုဖော်ဝင်အရွယ်တွင် ရာသီသွေးစတင်မပေါ်သေးသော်လည်း လိင်ဆက်ဆံမိပါက ကိုယ်ဝန်ရရှိနိုင်သည်။ 

 

- ပထမဦးဆုံးအကြိမ် လိင်ဆက်ဆံရုံဖြင့်လည်း ကိုယ်ဝန်ရရှိနိုင်သည်။

 

- အမျိုးသမီးများ၏ လိင်အင်္ဂါနှင့် အမျိုးသား၏ လိင်အင်္ဂါထိမိပြီး အမျိုးသမီးလိင်အင်္ဂါသို့ သုက်ရည်ဝင်သွားပါက ကိုယ်ဝန်ရရှိနိုင်သည်။

 

- အမျိုးသမီးတွင် ကိုယ်ဝန်ရှိကြောင်း ပထမဆုံးပြသောလက္ခဏာမှာ ရာသီသွေးမဆင်းခြင်းဖြစ်သည်။ ဤသို့ဖြစ်ပါက ဆရာဝန်နှင့်ပြသရန်လိုအပ်ပါသည်။

 

- အသက် (၁၈) နှစ်မပြည့်မီ ကိုယ်ဝန်ဆောင်ခြင်းသည် မိခင်နှင့်သန္ဓေသားအတွက် အန္တရာယ်ပိုများသည်။

 

- အမျိုးသမီးများအနေဖြင့် သန္ဓေတားဆေးသောက်ခြင်း၊ အမျိုးသားများအနေဖြင့် ကွန်ဒုံးသုံးခြင်းဖြင့် ကိုယ်ဝန်မရစေရန် တားဆီးနိုင်ပါသည်။ သို့သော် ကွန်ဒုံးကို စနစ်တကျမှန်ကန်စွာ အသုံးမပြုပါက ကိုယ်ဝန်ရရှိနိုင်သည့်အပြင် STI ရောဂါများလည်း ကူးစက်နိုင်ပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဘဝတွက်တာကျွမ်းကျင်စရာ စာအုပ်မှကောက်နှုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18