Print

ဓမ္မတာကာလအတွင်း ချစ်တင်းနှောခြင်းနှင့်ပက်သက်၍ သိထားသင့်သည်များ

  24-Feb-2017
Preview Image

စုံတွဲတော်တော်များများဟာ ဓမ္မတာဖြစ်နေစဉ် အတောအတွင်းမှာ ချစ်တင်းနှောခြင်းကို လုံးဝ တားမြစ်ထားတတ်ကြပါတယ်။ မိန်းမတွေဟာလည်း ဓမ္မတာဖြစ်နေစဉ်အတောအတွင်းမှာ သတိထားပြီး နေတတ်ကြပါတယ်။ ချစ်တင်းနှောဖို့ကိုလည်း လုံးဝစိတ်မကူးမိကြပါဘူး။ ဒါဟာရှက်တတ်တဲ့ သဘာဝကြောင့်ပဲ ဖြစ်ပါတယ်။ ဓမ္မတာဖြစ်စဉ်မှာ ချစ်တင်းနှောရတာ ထူးကဲကောင်းမွန်နိုင်ပါတယ်။ သိသင့်သိထိုက်တဲ့ အချက်တွေကို လေ့လာကြည့်ကြရအောင်ပါ။

 

၁။ ဓမ္မတာဖြစ်စဉ်မှာ ချစ်တင်းနှောတာ အန္တရာယ်ကင်းပါသလား။

ယောကျာ်းအများစုဟာ မိန်းမတွေ ဓမ္မတာဖြစ်စဉ်အတွင်း ချစ်တင်းနှောရင် သူတို့ကို တစ်နည်းနည်းနဲ့ ထိခိုက်မှာကို စိုးရိမ်တတ်ကြတယ်။ ဓမ္မတာဖြစ်စဉ်အတွင်း ချစ်တင်းနှော တာဟာ အန္တရာယ် မကင်းဘူးဆိုတာ လုံးဝမဟုတ်ဘူး ဆိုတာတော့ သိထားဖို့လိုအပ်ပါ တယ်။ STD လို့ခေါ်တဲ့ လိင်မှတဆင့် ကူးစက်ရောဂါဖြစ်မှာကိုပဲ စိတ်ပူရမှာပါ။ ဓမ္မတာဖြစ်စဉ် မိန်းမတွေဟာ သွေးနဲ့အတူ၊ လမ်းကြောင်းထဲကထွက်လာတဲ့ချောဆီအရည်တွေ ထွက်နေတဲ့အတွက်ကြောင့် လိင်မှတဆင့် ကူးစက်ရောဂါဟာ ယောကျာ်းတွေဆီမှာ ဖြစ်နိုင်ခြေ ပိုပါတယ်။ လိင်မှတဆင့် ကူးစက်ရောဂါဟာ ဓမ္မတာဖြစ်စဉ်အချိန်မှာသာမက အချိန်မရွေး ဖြစ်နိုင်ပါတယ်။ အဲဒီတော့ ဓမ္မတာဖြစ်စဉ် အချိန်တွင်းမှာ ချစ်တင်းနှောဖို့ စိတ်ပိုင်းဖြတ်ထားတယ် ဆိုရင်တော့ ကွန်ဒုံးသုံးပြီးတော့ အကာအကွယ်ယူထားဖို့ အရေးကြီးပါတယ်။

 

၂။ မိန်းမတွေဟာ ဓမ္မတာဖြစ်စဉ်မှာ ချစ်တင်းနှောလိုစိတ် ပိုပြင်းပြကြတယ်။

ဓမ္မတာဖြစ်စဉ်မှာ ချစ်တင်းနှောလိုစိတ်ပြင်းပြတဲ့ မိန်းမအတော်များများရှိပါတယ်။ မိန်းမတစ်ဦးနဲ့တစ်ဦး ကွာတာကတော့ အခြေအနေပေးမှု အပေါ်မှာပဲ ကွာပါတယ်။ သာမန်အားဖြင့်တော့ မိန်းမတစ်ဦးဟာ ဓမ္မတာဖြစ်စဉ် ကာမဆန္ဒ ပြင်းပြလာတတ်ကြတယ်ဆိုတာပါပဲ။

 

၃။ ချစ်တင်းနှောခြင်းဟာ PMS (ဓမ္မတာမဖြစ်ခင် ဖြစ်တတ်တဲ့ ရောဂါလက္ခဏာများ) နဲ့ပတ်သက်ပြီး ခံစားရမှုကို သက်သာစေပါတယ်။

ချစ်တင်းနှောခြင်းဟာ ရောဂါအတော်များများကို သက်သာစေတယ်ဆိုတာ သိထားကြပြီး ဖြစ်ပါတယ်။ ချစ်တင်းနှောခြင်းဖြင့် စိတ်ဖိစီးမှုတွေကို လျော့စေပါတယ်။ခေါင်းကိုက်ဝေဒနာကို သက်သာစေပြီး အခြားအကိုက်အခဲ ဝေဒနာတွေကို သက်သာစေပါတယ်။ ချစ်တင်းနှောခြင်းဖြင့် PMS နဲ့ ပတ်သက်ပြီး ခံစားရတာတွေကို သက်သာစေနိုင်တယ်ဆိုတာ မိန်းမအတော်များများက သိထားကြပါတယ်။ ဒါဟာဓမ္မတာဖြစ်စဉ် လိင်ဆက်ဆံသင့်ပါတယ်ဆိုတဲ့ လုံလောက်တဲ့ အကြောင်းပြချက်ကောင်း တစ်ရပ်ပါပဲ။ ယောကျာ်းတစ်ယောက် အနေနဲ့ သိထားရမှာကတော့ မိန်းကလေးဟာ
ဓမ္မတာဖြစ်စဉ်မှာ PMS နဲ့ ပတ်သက်ပြီး ခံစားရတာတွေကို မဖြေလျှော့ပေးဘူဆိုရင်မိန်းမဖြစ်သူရဲ့ စိတ်ဆိုးမာန်ဆိုး၊ စိတ်မပါလက်မပါစတဲ့ PMS နဲ့ပတ်သက်တဲ့ လက္ခဏာတွေကို တွေ့ရမှာပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit: သစ်ထူးလွင်, ဖိုးသူတော် website

 


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18