Print

သားသမီး လိုချင်သူတို့ မဖြစ်မနေ သိရှိထားသင့်သော အချက်များ

  24-Feb-2017
Preview Image

(၁) ဓမ္မတာစက်ဝိုင်းကို သိရှိပါစေ

ရာသီလာပြီး ၁၄ ရက်မြောက်နေ့မှာ သားဥကြွေကျပြီး သားသမီး ရရှိနိုင်တဲ့နေ့ပါ။ ဒီလိုရက်မျိုးမှာ အမျိုးသားနှင့် အတူနေတာက သားသမီးရရှိဖို့ အခွင့်အလမ်း ပိုများပါတယ်။ အမျိုးသမီး တစ်ဦးနှင့်တစ်ဦးက ရာသီစက်ဝန်းချင်း မတူညီတတ်ပါဘူး။ တစ်ချို့က ရက် ၃၀ မှာ တစ်ကြိမ် ရာသီလာတတ်ပြီး တချို့လည်း အဲဒီထက် နောက်ကျတတ်တာမျိုး ရှိပါတယ်။ ရာသီစက်ဝန်းရဲ့ အလယ်ရက်က သားဥကြွေရက် ဖြစ်ပါတယ်။ 

 

(၂) ကိုယ်အပူချိန်ကို လေ့လာပါ

ခန္ဓာကိုယ်အပူချိန်က သင့်ကို သန္ဓေအောင်စေနိုင်တဲ့ အကောင်းဆုံးအချိန်ကို ညွှန်ပြပေးနိုင်ပါတယ်။ ဘာကြောင့်ဆိုတော့ သားဥကြွေချိန်မှာ ပရိုဂျက်စတုန်းဟော်မုန်း ထုတ်လုပ်တာကြောင့် သာမန်ကိုယ်အပူချိန်ထက် အနည်းငယ် တက်နေတတ်ပါတယ်။ သားသမီး ရရှိလိုသူတွေ အနေနဲ့ ဒီလိုအချိန်ကို အကောင်းဆုံး အသုံးချနိုင်ဖို့ လိုပါတယ်။

 

(၃) မိန်းမကိုယ်မှ ထွက်သော အချွဲအကျိများ သတိထားကြည့်ပါ။

သားဥကြွေချိန်မှာ မိန်းမကိုယ်ကနေ ချောမွတ်တဲ့ အရည်ကြည်လေးတွေ ထွက်ပါ တယ်။ သုက်ကောင်လေးတွေ အလွယ်တကူ ဖြတ်သန်းဝင်ရောက်နိုင်အောင်ပါ။ မိန်းမ ကိုယ်မှ ကြက်ဥအကာလို အရည်ကြည်လေးတွေ ထွက်တဲ့အချိန်ဟာ သားသမီးရရှိနိုင်တဲ့ အချိန်ဖြစ်ပါတယ်။

 

(၄) အတွင်းခံဘောင်းဘီကို ဂရုတစိုက် ဝတ်ဆင်ပါ

အမျိုးသမီးတွေအနေနဲ့ အတွင်းခံဘောင်းဘီ တင်းကျပ်လွန်းတာ၊လေဝင်လေထွက် မကောင်းတာတွေ၊ ယောနိလမ်းကြောင်း ပိုးဝင်တာကို ဖြစ်စေပါတယ်။ အမျိုးသားတွေမှာတော့ အတွင်းခံဘောင်းဘီ ကျပ်လွန်းတာ၊ လေဝင်လေထွက်မရှိတာတွေကြောင့်ဝှေးစေ့ကနေ သုက်ကောင်ထုတ်လုပ်မှုကို ထိခိုက်စေပြီး မျိုးအောင်နိုင်စွမ်းကို လျော့နည်းစေပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အလင်း (ဆေးဝါး)
Arogyam magazine, No 273, April 2015, Pg. 35-36

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18