Print

အမျိုးသားများ သုက်လွှတ်ခြင်းရောဂါနှင့် ကျန်းမာရေး

  24-Feb-2017
Preview Image

အချို့သောအမျိုးသားများသည် ဆီးသွားဝမ်းသွား ဆီးစွန့်မစင်စွန့်သည့်အခါ၌ ဆီးသွားဝမ်းသွားရင်းဖြင့် သုက်လွှတ်တတ်ကြသည်။ ယင်းမှာ သဘာဝအလျောက် သုက်လွှတ်ခြင်းပင်ဖြစ်၍ စိုးရိမ်ကြောင့်ကြဖွယ်ရာ မလိုချေ။ အသက်ဘေးအန္တရာယ် မရှိပါ။ အကယ်၍ တစ်နေ့တည်းတွင် သုက်လွှတ်ခြင်း နှစ်ကြိမ်သုံးကြိမ်ဖြစ်ပါက ဂရုစိုက်ရမည်ဖြစ်ပြီး အောက်ဖော်ပြပါနည်းအရ ပြုစုကုသထိန်းသိမ်း (ထိန်းချုပ်) ကြရမည်ဖြစ်၏။ လုံးဝ သုက်မလွှတ်ရလေအောင် မပြုလုပ်နိုင်။ မပြုလုပ်သင့်ပါ။ သုက်လွှတ်ခြင်းအကြိမ်အရေအတွက် လျော့နည်းလာအောင်သာ ပြုလုပ်ကုသနိုင်ပေသည်။

 

သုက်လွှတ်အကြိမ်လျော့နည်းအောင် ပြုစုထိန်းချုပ်နည်း
(၁) လမ်းဘေးတွင် ရောင်းချသောဆေးဝါး၊ သတင်းစာ၌ ကြော်ညာသောဆေးဝါး များကို မိမိသဘောဆန္ဒဖြင့် ဝယ်မသောက်မိစေရန် (သို့) ဒေါက်တာရမ်းကုနှင့် မကုသရန် အမြဲသတိရှိဖို့လိုပါသည်။

 

(၂) အလုပ်ပင်ပင်ပန်းပန်း မလုပ်ဘဲ နားနားနေနေ လုပ်ပေးရမည်။ အိပ်ရေးဝအောင် အိပ်စက်ပါလေ။ အားအင်မွေးထားပါ။ အားအင်ကို အလဟဿ ဖြုန်းတီးခြင်းမပြုရ။

 

(၃)ဝမ်းဗိုက်တင်းကားအောင် စားသောက်ခြင်းမပြုဘဲ သင့်တင့်မျှတစွာ စားသောက်ပါ။

 

(၄) ဘူး (ဗူး) ဖျော်ရည်ကို မသောက်ရဘဲ မိမိအိမ်တွင်း၌ ပြုလုပ်သော လတ်လတ် ဆတ်ဆတ် သစ်သီးကိုဖျော်သောက်ပါ။ သစ်သီးဖျော်ရည်တွင် ဆားအနည်းငယ် ရောထည့်ထားသည့် သစ်သီးဖျော်ရည်ကိုသောက်ပါ။ ၎င်းဖျော်ရည်ထဲသို့ သကြားအနည်းငယ် ထည့်နိုင်ပါသည်။

 

(၅) ဆီးချုပ်၊ ဝမ်းချုပ်ခြင်း မဖြစ်ပါစေနှင့်။ ဆီးဝမ်း မှန်ကန်ပါစေ။

 

(၆) အပြာဝတ္တု၊ ရုပ်ရှင်၊ ဗွီဒီယိုလုံးဝမကြည့်ရ။ ကာမစိတ် နှိုးဆွထကြွစေသော စာအုပ်စာပေတို့ကို ဖတ်ရှုခြင်းမှ ကြပ်ကြပ်ရှောင်ပါ။

 

(၇) ညအိပ်စက်သည့်အခါတွင် ဘယ်ဘက် (သို့) ညာဘက်သို့စောင်းအိပ်ပါ။ အိပ်ရာပျော့ပျော့ပျောင်းပျောင်း မခင်းရဘဲ သစ်သားပြား ခပ်မာမာခင်းအိပ်ပါ။ အိပ်ခန်းလေဝင်လေထွက်ကောင်းပါစေ။ ညအိပ် အကျင်္ီပါးပါးလွှာလွှာ ဝတ်အိပ်ပါ။

 

(၈) ညသုက်လွှတ်ခြင်းမရှိရန် မိမိ၏ခါးနှင့် ကျောကို ပဝါထူထူထုံး၍ ခုအိပ်ပါ။ ပက်လက် လန်မအိပ်ရ။ ဘေးစောင်းအိပ်ခြင်းသည် ကျန်းမာရေးနှင့် ညီညွှတ်လှပေသည်။ ယင်းသို့ အိပ်လျှင် ညညသုက်လွှတ်ခြင်းကို အကာအကွယ်ပြုနိုင်သည်။ အကောင်းဆုံး အိပ်စက်ခြင်း ပင် ဖြစ်ပါသည်။ အိပ်ရေးဝအောင် အိပ်စက်နည်းလဲဖြစ်ပေသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာစောချိန်ဝင်း
Health for magazine, March 2015, No.98, Pg.116

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18