Print

Living Together ၏ ဆိုးကျိုးများ

  24-Feb-2017
Preview Image

မှတ်ရလွယ်အောင် အချက်ကလေးတွေ စဉ်ပြီးကြည့်ရအောင်

 

၁။ အပျိုစင်ဘဝကို ယူပြီးသွားတော့ ချစ်သူက ကြာရင် ရိုးလာပြီး စွန့်ပစ်ခံရတာမျိုးကြုံရနိုင် ပါသည်။ (ဒါကြောင့် ခက်ခဲလေ ပိုတန်ဖိုးမြင့်လေလို့ ဆိုခဲ့ကြတာပေါ့။)

 

၂။ တစ်နည်းနည်းနဲ့ မိဘတွေသိသွားရင် အရှက်၊ သိက္ခာ ကျဆင်းနိုင်မယ့်အဖြစ်မျိုးပါ။ အထူးသဖြင့် မိန်းကလေးတွေမှာပေါ့။

 

၃။ ကိုယ်က အပျိုစင်ဘဝပေးပြီးတော့ သူ့ဘက်ကကိုယ့်ကို တာဝန်ယူပါ့မလားဆိုတဲ့ ပူပန်သောကမျိုး (Anxiety) ရနိုင်သည်။ အမြဲတမ်း စိတ်ပူနေရတတ်ပါသည်။ နောက်ဆုံး Depression အထိ ရနိုင်ပါတယ်။ 

 

၄။ Living Together နေခဲ့တုန်းက စိတ်ချရတဲ့ သန္ဓေတားနည်း (Safety contraceptive method) မသုံးခဲ့ရင်ကိုယ်ဝန်ရနိုင်ပါတယ်။

 

၅။ ကိုယ်ဝန်ရလာခဲ့ရင် အဆင်သင့် မဖြစ်ကြသေးတော့ အများစုက ကိုယ်ဝန်ဖျက်ချခြင်း (Abortion) ဆိုတဲ့ဘက်ကို ဦးတည်ကျမှာပါ။ ဒီအခါအပြစ်မရှိတဲ့ အသက်တွေ သေကြရဦးမည်။

 

အထက်ပါငါးချက်ဟာ အကြမ်းဖျင်း ယေဘုယျဆိုးကျိုးငါးချက်ပဲ ရှိပါသေးတယ်။ အသေးစိတ်ထပ်ချဲ့ရင် အများကြီး ရှိပါသေးတယ်။ (ဥပမာ အကုန်လုံး လူသိရှင်ကြား သိသွားပြီးမှ ယောကျ်ားလေးဘက်က သဘောမတူဘူး၊ တာဝန်မယူနိုင်ဘူးဆိုခဲ့ရင်။)

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပြည့်နိုင်
Ziwaka magazine, March 2016, Pg. 100

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18