Print

လိင်မှ တဆင့်ကူးစက်တတ်သော ရောဂါများနှင့်ပက်သက်ပြီး မှားယွင်းစွာ ယူဆမှုမ...

  24-Feb-2017
Preview Image

၁။ လိင်မှ တဆင့်ကူးစက်တတ်သော ရောဂါသည် လူနေမှု ဘဝ နိမ့်ကျသော သူများတွင်သာ အဖြစ်များပါသည်။ (မှားပါတယ်)

အမှန်တကယ်ကတော့ အဲဒီ အယူအဆဟာ အရမ်းမှားယွင်းလှပါတယ်… ထိုရောဂါများသည် လူကို ခွဲခြား ဆက်ဆံခြင်းမလုပ်ပါ။ ချမ်းသာတဲ့သူလည်း ရောဂါ ရတတ်ပါတယ်… ဆင်းရဲ တဲ ့သူလည်း ရတတ်ပါတယ်.. အားကစားသမားလည်း ရတတ်ပါတယ်.. ပါမောက္ခကြီးများလည်း ရတတ်ပါတယ်.. ဆရာဝန်လည်း ဖြစ်နိုင်တာ ပါပဲ….CEO ကြီးများကိုလည်း ရောဂါက ချမ်းသာခွင့်မပေးပါဘူး… လိင်တကြိမ် ဆက်ဆံမိတာနဲ ့လည်း ဖြစ်တတ်ပါတယ်… ပထမဆုံးအကြိမ်မို ့လို ့မဖြစ်နိုင်ပါဘူး…. 


အကြိမ်များများဆက်ဆံမှသာ ကူးစက်တတ်ပါတယ်လို ့ယူဆလိုက်ရင် အရမ်း မှားယွင်း ပါတယ်.. လုံးဝ မကူးစက်စေချင်ရင်တော့ လိင်ဆက်ဆံမှု လုံးဝ မလုပ် မှသာ မကူးစက်နိုင် ဘူး လို ့ယူဆ နိုင်ပါတယ်.. (ဒါတောင် HIV လိုမျိုး သွေးသွင်းတာ ကနေ တဆင့်ကူးစက် တာတွေ ရှိပါသေးတယ်) ဒါကြောင့် သင့်အနေနဲ ့လိင်လဲ ဆက်ဆံချင် တယ်… ရောဂါလည်း မကူးစက်စေချင်ဘူးဆိုရင်တော့ လိင်ဆက်ဆံတဲ့အခါတိုင်း ကွန်ဒုံးကို စနစ်တကျနဲ ့စွဲစွဲမြဲမြဲ သုံးသင့်ပါတယ်…ကွန်ဒုံး ဟာ ကိုယ်ဝန်တားတဲ့ အနေနဲ့သာ သုံးရတာ မဟုတ်ဘဲ ရောဂါကာကွယ်ဖို ့အတွက်ပါ သုံးစွဲသင့်ပါတယ်… သင့်အနေ နဲ ့တခြား ကိုယ်ဝန်တားနည်းတွေ သုံးထားမယ်ဆိုရင်တောင် ရောဂါကာကွယ် ဖို ့အတွက် ကွန်ဒုံးကို စနစ်တကျနဲ ့စွဲစွဲမြဲမြဲ သုံးစွဲသင့်ပါတယ်…

 

၂။ သင့်ရဲ႔ လိင်ဆက်ဆံဖက်မှာ လိင်မှတဆင့်ကူးစက်တတ်သော ရောဂါ ရှိပါက သင်တွေ ့မြင်နိုင်ပါသည်။ (မှားပါတယ်)

အဲဒီအယူအဆကလည်း မှားယွင်းလှပါတယ်… တခါတရံ ရောဂါ ရှိပေမယ့် လည်း ရောဂါ မပြတာတွေ အများကြီး ရှိတတ်ပါတယ်… ဆရာဝန်ကိုယ်တိုင် လူတစ်ယောက်ကိုအပေါ်ယံကြည့်ရုံဖြင့် ရောဂါရှိတယ်လို ့တသမတ်တည်းမပြောနိုင်ပါ… စမ်းသပ်စစ်ဆေးမှုတွေ လိုအပ်ပါတယ်..သွေးစစ်ဆေးမှုတွေ လိုအပ်ပါတယ်…. လူနာကိုယ်တိုင်လည်း ကိုယ့်မှာ ရောဂါ ရှိနေတယ်လို ့တစ်ခါတစ်ရံမသိရှိနိုင်ပါ…. 

 

ဘာလို ့လဲဆိုတော့ လိင်မှတဆင့်ကူးစက်တတ်သော ရောဂါများဟာ တစ်ခါတစ်ရံ ရောဂါရှိကြောင်းမပြတတ်လို ့ပါပဲ…ဒါပေမယ့် အဲဒီ့အချိန်မှာ သူနဲ ့ဆက်ဆံတဲ့ လိင်ဆက်ဆံဖက်ကို တော့ ရောဂါကူးစက်စေနိုင်ပါတယ်.. နောက်ဆုံး ရောဂါ အရမ်းဆိုးဝါးမှဖြစ်စေ ရောဂါရဲ ့နောက်ဆက်တွဲ ခံစားမှုများပေါ်ပေါက်လာမှဖြစ်စေ သိရှိရတတ်ပါတယ်..အဲဒီအချိန်မှာ အ ရမ်းနောက်ကျသွားတာမျိုးဖြစ်တတ်ပါတယ်…


ဒါကြောင့်သင့်အနေနဲ ့ဘာလုပ်သင့်လိုဆိုရင် သင်တို ့၂ ယောက်စလုံး သန် ့တယ် လို ့ယူဆရင်တောင် လိင်မဆက်ဆံခင် ရောဂါစစ်ဆေးသင့်ပါတယ်… အခု အချိန်မှာ HIV လိုမျိုး အခမဲ့စစ်ဆေးပေးတဲ့ ဆေးခန်းတွေ ဝန်ဆောင်မှုတွေ အများကြီးရှိပါ တယ်…တစ်ယောက်နဲ ့တစ်ယောက် ပွင့်ပွင့်လင်းလင်းဆွေးနွေးဖို ့လည်းလိုအပ်ပါတယ်… ဒါ့အပြင် ကွန်ဒုံးကိုလည်းစနစ်တကျနဲ ့မှန်မှန်ကန်ကန် အမြဲသုံးစွဲတတ်ဖို ့လိုအပ်ပါတယ်… ဘာလို ့လည်းဆိုတော့ သွေးစစ်ပြီးရင်တောင်HIV လိုရောဂါမျိုးဟာ ရောဂါကူးစက်ပြီး ၆ လအတွင်းမှာ ရောဂါ ရှိကြောင်းမပြတတ်ပါဘူး…

 

၃။ ပါးစပ်ကို အသုံးပြုပြီးလိင်ဆက်ဆံခြင်း၊ စအိုကို အသုံးပြုပြီးလိင်ဆက်ဆံခြင်း များကြောင်းရောဂါမကူးစက်နိုင်ပါ။။။ (မှားပါတယ်)

အရမ်းမှားယွင်းတဲ့အယူအဆပါ… လိင်ဆက်ဆံမှုရှိသရွေ ့လိင်မှတဆင့်ကူးစက် တတ်သော ရောဂါများကူးစက်တတ်ပါတယ်… ရောဂါဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်ပိုး၊ ဘက်တီးရီယားပိုးများဟာ လူရဲ ့ အရေပြား ဒါမှမဟုတ် ပါးစပ်၊စအိုမှာ ရှိတဲ့ သေးငယ် တဲ့ ပြဲရှနေတဲ့ နေရာများကနေအလွယ်တကူဝင်ရောက်သွားနိုင်ပါတယ်…. တချို ့ရောဂါတွေဆိုရင် ရောဂါဖြစ်နေတဲ့ အရေပြားကို ထိစပ်မိတဲ့ကနေကို ကူးစက်တတ်ပါတယ် (ဥပမာ၊ရေယုန်၊လိင်အင်္ဂါမှာဖြစ်ပွားသော ကြွက်နို ့)….


ဒါကြောင့် ပါးစပ်ကပဲ ဆက်ဆံတာဖြစ်ဖြစ် စအိုကပဲဆက်ဆံတာဖြစ်ဖြစ် ကွန်ဒုံး (ဒါမှမဟုတ်) dental dam (လိင်ဆက်ဆံတဲ့အချိန် ပါးစပ်မှာ အသုံးပြုရသော အရာ) ကို အမြဲသုံးစွဲ သင့်ပါတယ်..ပါးစပ်ကဆက်ဆံတဲ့အချိန် ကွန်ဒုံးရဲ ့ရာဘာ အန ံ့က သင့်ကို ပျို ့အန်စေ တယ်ဆိုရင်တော့ စျေးကွက်ထဲမှာ အနံ ့အမျိုးမျိုးပါဝင်သော ကွန်ဒုံးများ ရှိပါတယ်..ကြိုက် တဲ့အနံ ့ကို ရွေးချယ်ယုံပါပဲ။။စတော်ဘယ်ရီယူမလား…ငှက်ပျောသီးယူမလား….အဲဒီကွန်ဒုံးတွေဟာ oral sex အတွက်ရည်ရွယ်ပြီး ထုတ်လုပ်ထားတာတွေပါ…..

 

၄။ သင့်အနေနဲ႔လိင်မှတဆင့်ကူးစက်တတ်သော ရောဂါ တစ်ကြိမ်ဖြစ်ပြီးပါ က နောက်တစ်ကြိမ် ထပ်မကူးစက်နိုင်ပါ။ (မှားပါတယ်)

အဲဒါလည်း မှားယွင်းလှပါတယ်…. သင့်အနေနဲ ့တကြိမ်ထက်မက ကူးစက်နိုင်ပါတယ်..ရောဂါကသင့်ကို မှတ်တမ်းတင်မထားပါဘူး…. မမှတ်မိပါဘူး….. တချို ့ရောဂါတွေကတော့ တကြိမ်နဲ ့တင်တသက်လုံး ကူးစက်သွားနိုင်ပါတယ်… (ဥပမာ HIV, ရေယုန်) လိုမျိုးတွေပေ့ါ….ဂနိုရီးယား ကလာမိုင်ဒီးယားလိုရောဂါတွေကတော့ ကုသရင် ပျောက်ကင်းနိုင်ပါတယ်..ဒါပေမယ့် ရောဂါ ရှိတဲ့သူနဲ ့လိင်ပြန်ဆက်ဆံ မိပါက ပြန်လည်းကူးစက်တတ်ပါတယ်…

 

ဒါကြောင့်မို ့လို ့ ကိုယ့်ကိုကိုယ်ကာကွယ်ဖို ့ကွန်ဒုံးသုံးပါ….. နောက်တစ်ခု ကတော့ ရောဂါ ဖြစ်တယ်ဆိုရင် ကိုယ်တစ်ယောက်တညး် ကျိတ်မှိတ်ကု နေ လို ့မဖြစ်ပါဘူး..ကိုယ်နဲ ့ပုံမှန် လိင်ဆက်ဆံဖက် ရှိတယ်ဆိုရင် အဲဒီဆက်ဆံဖက်ကိုလည်း အသိပေးပြီး ကုသမှုကို တူတူခံသင့်ပါတယ်..ဒါမှ တစ်ယောက်ကို တစ်ယောက် အပြန်အလှန်ကူးစက်ခြင်းလည်း ကင်းဝေးမှာပါ…..

 

၅။ သင့်အနေ နဲ ့ကာလသား ရောဂါ စစ်ဆေးတဲ့အခါမှာ ရောဂါမရှိဘူးလို ့သိရှိယုံဖြင့် သင့်ရဲ ့လိင်ဆက်ဆံဖက်မှာလည်း ရောဂါမရှိဘူးဟု ယူဆလို ့ရပါတယ်၊။ မှားပါတယ်……

သင့်ရဲ႔ပါတနာမှာ ရောဂါရှိနေနိုင်ပါတယ်…မသိသေးတာဖြစ်မှာပါ…..ဒါကြောင့်အကောင်းဆုံးကတော ့ စစ်ဆေးမယ်ဆိုရင်လည်း ကိုယ့်ရဲ ့လိင်ဆက်ဆံဖက်နဲ ့တူတူ စစ်ဆေးပြီး ရောဂါရှိပါက ကုသမှုကိုတူတူခံယူသင့်ပါတယ်… ဒါမှသာ Chain of infection လို ့ခေါ်တဲ့ ရောဂါကူးစက်မှုသံသရာကို ဖြတ်တောက်နိုင်မှာပါ…..

 

နောက်ဆုံးအနေနဲ ့ပြောရရင်
၁။ ရာနှုန်းပြည့် လိင်မှတဆင့်ကူးဆက်တတ်သောရောဂါများ (ကိုယ်ဝန်အပါအဝင်) ကာကွယ်ချင်တယ်ဆိုရင်တော့ လိင်ဆက်ဆံမှုမပြုတာအကောင်းဆုံးပါပဲ…
၂။ လိင်ဆက်ဆံမယ်ဆိုလို ့ရှိရင်တော့ ဆက်ဆံမယ့်အချိန်တိုင်း ကွန်ဒုံးကို အသုံးပြုရပါမယ်။
၃။ အရင်က အကာအကွယ်မဲ့လိင်ဆက်ဆံခဲ့ဖူးတယ်ဆိုရင်တော့ စစ်ဆေးမှုခံယူသင့်ပါတယ်..

 

လိင်မှ တဆင့်ကူးစက်တတ်သော ရောဂါများသည်မိမိမှားယွင်းမလို ့မိမိ တစ်ယောက်တည်း သာခံစားရမည့်ရောဂါမဟုတ်ပါ…မိမိရဲ ့လိင်ဆက်ဆံဖက်၊ဘဝလက်တွဲဖော်၊ မိမိရဲ ့ရင်သွေး များကို ပါ ခံစားစေနိုင်တယ်ဆိုတာကို သတိချပ်မိစေချင်ပါတယ်…..

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
credit : ဆယ်ကျော်သက်များအတွက် မျိုးဆက်ပွားကျန်းမာရေး -Srh4youth

 

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18