Print

Yeast Infection(Vaginal) (မိန်းမကိုယ် မှိုရောဂါ)

  24-Feb-2017
Preview Image

မိန်းမကိုယ်မှိုရောဂါဆိုသည်မှာ မိန်းမကိုယ်သို့ မှိုရောဂါပိုးဝင်ရောက်ခြင်းကြောင့် မိန်းမကိုယ်ရောင်ရမ်းခြင်း၊ ပူခြင်း၊ ယားခြင်း၊ အဖြူဆင်းခြင်းတို့ကို ဖြစ်ပေါ်ခံစား ရသောရောဂါဖြစ်သည်။ ၎င်းရောဂါသည်် လိင်မှတဆင့်ကူးစက်တတ်ရုံသာမက လိင်ဆက်ဆံမှုမရှိသောသူများတွင်လည်းဖြစ်နိုင်ပါသည်။

 

လက္ခဏာများ
- မိန်းမကိုယ်အဝ နှင့် အတွင်းမှ နီရဲပူ၍ ရောင်ရမ်းခြင်း
- နာကျင်ခြင်း ။(အထူးသဖြင့် လိင်ဆက်ဆံစဉ်)
- မိန်းမကိုယ်အနီကွက်ထခြင်း
- အရည်ကျဲကျဲအဖြူဆင်းခြင်း
- တစ်ခါတစ်ရံတွင် ဖြူဖြူပျစ်ပျစ် ဒိန်ချဉ်ဖတ်ကဲ့သို့ အဖြူဆင်းခြင်းများလည်းဖြစ်ပေါ် ခံစားရနိုင်ပါသည်။

 

ဖြစ်ပွားရသော အကြောင်းရင်းများနှင့် ဖြစ်နိုင်ချေများသူများ
ပုံမှန်အားဖြင့် မိန်းမကိုယ်တွင် lactobacillus ဟုခေါ်သည့် ဘက်တီးရီးယားပိုးမွှား များမှ အက်စစ်ထုတ်ပေးပြီး အခြားရောဂါပိုးများမဝင်ရန်ကာကွယ်ပေးထားသည်။ ပိုးသတ်ဆေးများ အသောက်များသောအခါ ထိုဘက်တီးရီးယားများသေဆုံးနိုင်ပြီး အခြား မကောင်းသည့် ဘက်တီးရီးယား၊ မှိုရောဂါပိုးများအလွယ်တကူ ဝင်ရောက်နိုင်သည်။


ထို့အပြင်-

- ကိုယ်ဝန်ဆောင်အမျိုးသမီးများ
- ဆီးချိုသွေးချိုရောဂါကောင်းကောင်းမထိန်းသူများ
- ခုခံအားဓာတ် အားနည်းသူများ
- တားဆေး သို့ မိန်းမဟော်မုန်း အီစရိုဂျင် သုံးနေသူများ 

 

စစ်ဆေးမှုများ
ဆရာဝန်မှ ရောဂါရာဇဝင် မေးမြန်းခြင်း
- မိန်းမကိုယ်အောက်ပိုင်း စမ်းသပ်ခြင်း
- မိန်းမကိုယ်မှထွက်သော အရည်အားစစ်ဆေးခြင်း

 

ကုသခြင်း
Antifungal မှိုပိုးသတ်ဆေး သောက်ခြင်း၊ မိန်းမကိုယ်ထဲသို့ ဆေးတောင့်ထည့်ခြင်း၊ မှိုပိုးသတ်ဆေးလိမ်းခြင်းတို့ ပြုလုပ်ရမည်။ ထို့အပြင် Boric acid ဟုခေါ်သော မိန်းမကိုယ် ထဲထည့်ရသော ပိုးသတ်ဆေးကိုလည်း အသုံးပြုနိုင်သည်။ ဒိန်ချဉ်သောက်သုံးခြင်း( သို့ ) မိန်းမ ကိုယ်သို့ သုတ်လိမ်းပေးခြင်းသည်လည်း ရောဂါပျောက်ကင်းမှုကို အားပေးနိုင်သည် ဟု တွေ့ရှိထားကြသည်။

 

ကာကွယ်ခြင်း
- အတွင်းခံချည်သားဘောင်းဘီများဝတ်ရမည်။
- အလွန်ကျပ်သော ဘောင်းဘီ၊ စကပ်ဝတ်ခြင်းမှ ရှောင်ရှားရမည်။
- အဝတ်များစိုထားပါက ချက်ချင်းလဲလှယ်ရမည်။ဥပမာ- မိုးရေစိုခြင်း၊ အားကစားပြု လုပ်ပြီး ချွေးစိုဝတ်များ။
- ရေအပူထဲတွင်ကြာရှည်စွာ စိမ်ခြင်း မပြုလုပ်ရန်။
- မလိုအပ်ဘဲ ပိုးသတ်ဆေးများသောက်ခြင်းမှ ရှောင်ရှားရန်။ ဥပမာ- နှာစေးဖျားနာရုံဖြင့် ပိုးသတ်ဆေးသောက်ခြင်း။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Dr.hp
Ref: Mayo clinic

 

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18