Print

လိင်ကျန်းမာရေး

  24-Feb-2017
Preview Image

မိမိ၏ခင်ပွန်းသည် လင်ယောကျ်ားမှာ လိင်ပိုင်းဆိုင်ရာရောဂါရရှိနေ၍ ခွန်အား၊ အားအင်ချည့်နဲနေပါက (သို့) ချည့်နဲ့နေတတ်သဖြင့် ဝေဖန်အပြစ်တင် ရှုတ်ချခြင်းမပြုရဘဲ၊ ယင်းသို့ ခင်ပွန်းသည် အပေါ်၌ ပြစ်တင်ရှုတ်ချမည့်အစား အားပေးနှစ်သက်ခြင်း အမြဲတစေပြုလုပ်ဖို့ မမေ့အပ်ချေ။ ခင်ပွန်းသည်အပေါ် အမြဲအပြစ်တင် ရှုတ်ချမည်ဆိုလျှင် ခင်ပွန်းသည် လင်ယောကျ်ားမှာ ပို၍စိတ်အားငယ်သွား ရုံမျှမကဘဲ စွဲကပ်ဖြစ်ပွားနေသော လိင်ပိုင်းဆိုင်ရာ ရောဂါကို ပိုမိုပြီး အခြေအနေ ဆိုးရွားသွားနိုင်သည်ကို သတိရှိပါ။ ဆင်ခြင်ပါ။

 

တစ်နည်းအားဖြင့်ဆိုရသော် ယင်းသို့အမြဲ ပြစ်တင်ဝေဖန် ရှုတ်ချနေမည်ဆိုပါ က ယောကျ်ားအဖို့၌လည်း ကာမဆန္ဒ ပိုမိုလျှော့နည်းကျဆင်းကာ စိတ်ကျရောဂါပါ ရတတ်လေ၏။ ထို့ကြောင့် ပန်းသေပန်းညှိုးရောဂါ အစရှိသော လိင်ပိုင်းဆိုင်ရာ ချို့တဲ့မှု၊ (ချို့ယွင်းမှု) အားနည်းမှု၊ ရောဂါဝေဒနာစွဲကပ်နေသော လင်ယောကျ်ား ခင်ပွန်းသည် အပေါ်၌ ဇနီးသည် (မယား) ဖြစ်သူက အမြဲတစေ အားပေးနှစ်သက်မှု လိုအပ်နေကြောင်း သက်ဆိုင်ရာ လိင်ပိုင်းဆိုင်ရာဆရာဝန်က သတိပေးနှိုးဆော် ထားပါသည်။

 

ထို့ပြင် လင်ယောကျ်ားခင်ပွန်းသည်အနေဖြင့် ဖန်ပြွန်သန္ဓေသား ကလေးမွေးမြူ နည်း ကျန်းမာသော အခြားယောကျ်ား၏ သုက်ရည်၊ သုက်ပိုး အငှားမွေးမြူနည်း စသည်ဖြင့် ခေတ်မီသိပ္ပံနည်းကျသော ကလေးမွေးနည်းကို သဘောထားကြီးစွာနှင့် လက်ခံပေးဖို့ လိုအပ်နေပါသည်။ ယင်းနည်းဖြင့် ကလေးသိပ်လိုချင်နေသော ဇနီးသည် (မယား) အပေါ် တုံ့ပြန်ပြီး နှစ်သိမ့်ဖြေရှင်း ပေးကောင်းလှပေသည်။ မိမိ၏ ဇနီးသည် (မယား) အဖို့၌လည်း တစ်နည်းအားဖြင့် ကိုးလလွယ်၊ ဆယ်လမွေးသည့် ဒုက္ခ မှသော်လည်းကောင်း ကလေးမရကောင်းလားဆိုသော စိတ်ဒုက္ခ၊ စိတ်ဆင်းရဲရခြင်း မှ မြန်မြန်လွတ်မြောက်နိုင်ပေမည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ကေတီ - အောင်သိန်း
(ရန်ကုန်တက္ကသိုလ်)
Health for all magazine, February 2016, No.109 , Pg.119-120



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18