Print

လိင်ဆက်ဆံမှု သုခ ပြည့်ဝစေဖို့ ဘာတွေလိုအပ်လဲ

  24-Feb-2017
Preview Image

လိင်ပညာပေး လိင်ဆက်ဆံမှု သုခ မပြည့်ဝရင် အိမ်ထောင်ရေး မသာယာနိုင်ပါ ။ ကျေနပ်သာယာမှုတခုကို ခံစားနေတဲ့ အချိန်မှာ ကြည်နူးဖွယ်ရာ အကောင်းဆုံး အခိုက်အတန့်တခုကို မရရှိဘဲနဲ့ ဘယ်သူမှ အဆုံးသတ်ချင်ကြမှာ မဟုတ်ပါဘူး။ အဆုံးသတ်မှာ ဒီလို မဖြစ်ခဲ့ဘူးဆိုရင် အမျိုးသားများရော အမျိုးသမီးများပါ သူတို့ရဲ့ အဖော်အတွက် ရော သူတို့ကိုယ်တိုင်အတွက်ပါ အပြစ်မကင်းသလို ခံစားကြရပါတယ်။ 

 

စိတ်လှုပ်ရှားစရာ အကောင်းဆုံး ကစားပွဲ တစ်ခုမှာ ပြီးဆုံးခါနီးရောက်မှ ပွဲထဲကနေ ထွက်လိုက်ရလို့ စိတ်ပျက်ရတာမျိုးနဲ့ အလားတူတယ်လို့ ဆိုရပါမယ်။ လိင်ဆက်ဆံခြင်းရဲ့အထွဋ်အထိပ်ကို မရောက်မီ အချိန်မှာ သူတို့ရဲ့ အိမ်မှုကိစ္စတွေ ဒါမှမဟုတ် တခြား အိမ်တွင်းရေး အကြောင်း အရာတွေက အမျိုးသမီးတွေဟာ ခေါင်းထဲ ကို ဝင်လာတတ်ပါတယ်။ အဲဒီလို အတွေးက ဝင်လာရင် ကိုယ်တိုင် ဖျောက်ဖျက် ပစ်ဖို့လည်း ခက်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ အနေနဲ့ သူတို့ရဲ့ နေ့စဉ် အိမ်မှုဝတ္တရားတွေနဲ့ ပတ်သက်တာတွေ မှန်သမျှ မတွေးမိအောင် နေသင့်ပါတယ်။ 

 

အဲဒါတွေကို စိတ်ရောက်စေမယ့် အရာတွေကိုလည်း မမြင်အောင် ဖယ်ရှား ထားသင့်ပါတယ်။ အမျိုးသားတွေ အတွက်တော့ အရက် အလွန်အကျွံသောက်ခြင်း၊ ကြွက်သား အားနည်းခြင်း၊ စိတ်ကျရောဂါ ခံစားနေရခြင်း၊ ဆီးချိုရောဂါ ဒါမှမဟုတ် လိင်ကိစ္စကို အဟန့်အတားဖြစ်စေတဲ့ ဆေးဝါးတွေကို မှီဝဲနေရသူတွေဟာ လိင်ဆက်ဆံခြင်းရဲ့ အထွဋ်အထိပ်ကို ရရှိဖို့ အခက်အခဲ တွေ့ရှိလေ့ ရှိပါတယ်။ 

 

သုက်ရည် ပန်းထုတ်နိုင်ဖို့ အတွက် sympathetic နာ့ဗ်ကြောတွေရဲ့ လုပ်ဆောင် ချက်လိုပါတယ်။ သွေးလွှတ်ကြော ခွဲစိတ် ကုသမှု တချို့ကြောင့် အဲဒီ နာဗ်ကြောတွေ ထိခိုက်နေနိုင်ပါတယ်။ လိင်ဆက်ဆံခြင်းရဲ့အထွဋ်အထိပ်ကို ရောက်တော့မယ့် အချိန်မှာ အာရုံစူးစိုက်လွန်းတာကလည်း မှားယွင်းတဲ့ ချဉ်းကပ်မှုဖြစ်ပါတယ်။ သာယာမှုကို ခံစားမယ့်အစား ကိုယ့်ကိုယ်ကို လေ့လာ သုံးသပ်နေတာကလည်း တခြားသူကို စိတ်အနှောက်ပေးသလို ဖြစ်စေပါတယ်။ အထွဋ်အထိပ်ကို ရောက်တော့မယ့် အချိန်မှာ အသက်ကို မှန်မှန် ရှူသွင်းရှူထုတ်တာဖြစ်ဖြစ် ကိုယ့်ရဲ့ အဖော်ကို ကိုယ့်စိတ်ထဲမှာ ဘယ်လိုဖြစ်နေတယ်ဆိုတဲ့ ခံစားချက်ကို ပြောပြတာပဲ ဖြစ်ဖြစ် လုပ်သင့်ပါတယ်။ 

 

ခံစားချက်တွေ အပြန်အလှန် သိနိုင်ခြင်းကနေ ကိုယ့်ရဲ့ အဖော်ကိုလည်း အထွဋ်အထိပ်ကို ရောက်စေနိူင်ပါတယ်။ အမျိုးသားတွေဟာ အလိုက်သင့်သွားနေရမယ့် အစား အထွဋ်အထိပ်ကိုရောက်မယ့် အချိန်ကို မျှော်လင့် စောင့်ဆိုင်းကြည့် နေမယ် ဆိုရင်လည်း အမြင့်ဆုံး သုခကို ရဖို့ အခက်တွေ့ရနိုင်ပါတယ်။ အထွဋ်အထိပ်ကိုရောက်ဖို့ ကြာမြင့်ချိန်ကို တွေးနေတတ်ခြင်းက ယောက်ျားတွေအတွက် ပြဿနာတခု ဖြစ်ပါတယ်။ 

 

အဲဒါကို သူတို့က ယောက်ျား ပီသမှုနဲ့ ဆက်စပ်ထားပြီး တော့ သူတို့ရဲ့ အဖော်ကို စိတ်ကျေနပ်မှု မပေးနိုင်မှာလည်း စိုးရိမ်ကြပါတယ်။ အခက်အခဲ ကြုံရင်လည်း ချဲ့ကားပြီး တွေးလိုက်ကြတာက ပိုများပါတယ်။ တကယ်တော့ အခြေခံ ကြံ့ခိုင်ရေး နည်းလမ်းတွေ လိုက်နာလိုက်ရုံလောက်နဲ့ အထွဋ်အထိပ်ကို သက်တောင့်သက်သာရောက် ရှိနိုင်ပါတယ်။

 

အမျိုးသမီးတွေ အနေနဲ့ကတော့ သူတို့က အပေါ်က နေတဲ့ ပုံစံမျိုးနဲ့ ဆက်ဆံတဲ့ အခါမှာ သူတို့ရဲ့ ဗိုက်နဲ့ တခြားကိုယ်ခန္ဓာ အစိတ်အပိုင်းတွေက ဘယ်လိုပုံစံ ဖြစ်နေမလဲလို့ စိုးရိမ်မှုကြောင့် စိတ်အနှောက်အယှက် ဖြစ်ရတတ်ပါတယ်။ တကယ်တော့ သူတို့ရဲ့ အမျိုးသားက ရမ္မက်စိတ် ဝင်နေပြီဆိုရင် တခြား မတွေးမိဘဲနဲ့ ကိုယ့်ရဲ့ အမျိုးသမီးက ကြည့်ကောင်းတယ်လို့ပဲ တွေးကြမှာ ဖြစ်ပါတယ်။ တကယ်လို့ အမျိုးသမီး အနေနဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ်အပေါ် မလုံမလဲ စိတ်တွေ မဖျောက်နိုင်ဘူးဆိုရင် တော့ ကိုယ့်ကိုယ်ကို မမြင်ရတဲ့ ပုံစံ နေအထားကို ပြောင်းလိုက်တာက ကောင်းပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : နေ့သစ်

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18