Print

သားသမီး လိုချင်သူများ မဖြစ်မနေ သိထားသင့်သော အချက်များ

  24-Feb-2017
Preview Image

သားသမီး လိုချင်သူတွေ အနေနဲ့ မဖြစ်မနေ သိရှိထား သင့်တဲ့ အချက်တွေ ရှိနေပါတယ်။

 

(၁) အသုံးပြု နေသော သားဆက်ခြား နည်းများ ကိုရပ်ပါ

သားသမီး မလိုချင် သေးလို့ ပဋိသန္ဓေ တားဆေး၊ ထိုးဆေးတွေ အသုံးပြုတာ၊ ကွန်ဒုံးသုံးတာ၊ အမျိုးသမီး သန္ဓေတား ပစ္စည်းထည့်တာ စတဲ့နည်း တွေနဲ့ သန္ဓေတား ခဲ့တယ် ဆိုရင် သားသမီး လိုချင်ပြီဆို ရင်တော့ ဒီနည်းတွေ ရပ်ဖို့ လိုပါတယ်။ ပဋိသန္ဓေတား နည်းတွေကို ရပ်လိုက်ပေမယ့် ချက်ချင်း သားသမီး မရနိုင်တာမျိုး ဖြစ် တတ်ပါတယ်။ အထူးသဖြင့် ပဋိသန္ဓေ တားဆေး၊ ထိုးဆေးတွေက သုံးတာကို ရပ် လိုက်ပေမယ့် ကလေး ချက်ချင်း မရနိုင်ပါ။

 

(၂) ဆရာဝန်နှင့် ဆွေးနွေး တိုင်ပင်ပါ

သွေးဖိအား၊ ကိုယ်အလေးချိန်၊ ကူး စက် မဟုတ်တဲ့ နာတာ ရှည်ရောဂါ (ဆီးချို သွေးချို) ရှိ၊ မရှိတွေကို ဆရာဝန်ထံ ပြသ စစ်ဆေးဖို့ လိုပါတယ်။ မိခင်က ကျန်းမာ မှ ကျန်းမာတဲ့ ရင်သွေးကို ရရှိနိုင်မှာပါ။

 

(၃) ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်ပါ

သားသမီး ရယူဖို့ ကြိုးစားနေတဲ့ မိခင်လောင်း တစ်ယောက်ဟာ အစားအသောက် ကို ကျန်းမာရေးနဲ့ ညီညွတ်ပြီး မျှတစွာ စားသောက်ဖို့ လိုပါတယ်။ အသားဓာတ်၊ သစ်သီး၊ ဟင်းသီး ဟင်းရွက်၊ ကောက်နှံ ကွေကာ တွေကို အဓိက စားသုံးပြီး အချို၊ အဆီနဲ့ အဆင်သင့် ပြုပြင်ထားတဲ့ အစာတွေ ကိုတော့ လျော့စား သင့်ပါတယ်။

 

(၄) ဖောလစ်အက်စစ် ဖြည့်စွက် သောက်သုံးပါ

ဖောလစ်အက်စစ်က ဖောလိတ်ရဲ့ ပြုပြင်ထားတဲ့ ပုံစံတစ်ခု ဖြစ်ပြီး သန္ဓေသား မှာ မွေးရာပါ ချို့ယွင်း ချက် ဖြစ်နိုင်ခြေကို လျှော့ချ ပေးပါတယ်။ သန္ဓေသားမှာ မွေးရာပါ ချို့ယွင်းချက် ဖြစ်ပေါ်တာက ကိုယ်ဝန်ရှိပြီလို့ မသိရှိ ခင်ကတည်းက ဖြစ်နေ နိုင်ပါတယ်။ ဒါကြောင့် မိခင်လောင်းတွေ အနေနဲ့ သားသမီး ယူဖို့ ကြိုးစားနေချိန် ကတည်း က ဖောလစ်အက်စစ်ကို ဖြည့်စွက် သောက်သုံးဖို့ FDA အကြံပြု ထားပါတယ်။

 

(၅) ဆေးလိပ်နှင့် အရက်ဖြတ်ပါ

သားသမီး ယူဖို့ ကြိုးစားနေချိန်မှာ အမျိုးသားတွေအနေနဲ့ ဆေးလိပ်သောက်တာ၊ အရက်သောက်တာ တွေကို ဖြတ်ဖို့ လိုပါတယ်။ ဒါတွေသုံးစွဲတာက အမျိုး သားတွေရဲ့ မျိုးပွားနိုင်စွမ်းကို လျော့နည်း စေတာကြောင့်ပါ။ ခရိုမိုဇုမ်း ပျက်စီးတာ၊ သုက်ကောင်လေးတွေရဲ့ လှုပ်ရှားကူးခတ် နိုင်စွမ်းလျော့နည်းတာ၊ ပန်းသေပန်းညှိုးတာ စတာတွေကြောင့် အမျိုးသားတွေရဲ့ မျိုးပွားနိုင်စွမ်းကို လျော့နည်းစေတာပါ။

 

(၆) ဓမ္မတာ စက်ဝန်းကို သိရှိပါစေ

ရာသီလာပြီး ၁၄ ရက် မြောက်နေ့မှာ သားဥ ကြွေကျပြီး သားသမီး ရရှိနိုင်တဲ့ နေ့ပါ။ ဒီလို ရက်မျိုးမှာ အမျိုးသားနဲ့ အတူ နေတာက သားသမီး ရရှိဖို့ အခွင့်အလမ်း များနိုင်ပါတယ်။ အမျိုးသမီး တစ်ဦးနဲ့တစ်ဦးက ရာသီစက်ဝန်းချင်း မတူညီ တတ်ပါဘူး။ တချို့က ရက် ၃၀ မှာ တစ်ကြိမ် ရာသီလာ တတ်ပြီး တချို့လည်း အဲဒီထက် နောက်ကျ တတ်တာမျိုး ရှိပါတယ်။ ရာသီ စက်ဝန်း မတူညီပေမယ့် အဲဒီစက် ဝန်းရဲ့ အလယ်ရက်က သားဥ ကြွေတဲ့ ရက်ပါ။

 

(၇) ကိုယ်အပူ ချိန်ကို လေ့လာပါ

ခန္ဓာကိုယ် အပူချိန်က သင့်ကို သန္ဓေအောင်စေနိုင်တဲ့ အကောင်းဆုံး အချိန် ကို ညွှန်ပြ ပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သားဥကြွေချိန်မှာ ပရိုဂျက်စတုန်း ဟော်မုန်း ထုတ်လုပ်တာကြောင့် သာမန် ကိုယ်အပူ ချိန်တက် အနည်းငယ် တက်နေ တတ်ပါတယ်။ သားသမီး ရရှိလိုသူတွေ အနေနဲ့ ဒီလို အချိန်ကို အကောင်းဆုံး အသုံးချ နိုင်ဖို့ လိုပါတယ်။

 

(၈) မိန်းမကိုယ်မှ ထွက်သော အချွဲ အကျိများ သတိထားကြည့်ပါ

သားဥကြွေ ချိန်မှာ မိန်းမကိုယ် ကနေ ချောမွတ်တဲ့ အရည်ကြည် လေးတွေ ထွက်ပါတယ်။ သုက်ကောင်လေးတွေ အလွယ်တကူ ဖြတ်သန်း ဝင်ရောက်နိုင် အောင်ပါ။ မိန်းမကိုယ်မှ ကြက်ဥ အကာလို အရည် ကြည်လေးတွေ ထွက်တဲ့ အချိန်ဟာ သား သမီး ရရှိနိုင်တဲ့ အချိန် ဖြစ်ပါတယ်။

 

(၉) အတွင်းခံ ဘောင်းဘီကို ဂရုစိုက်ပါ

အမျိုးသမီးတွေ အနေနဲ့ အတွင်းခံ ဘောင်းဘီ တင်းကျပ်လွန်းတာ၊ လေဝင်လေထွက်မကောင်းတာတွေက ယောနိလမ်းကြောင်း ပိုးဝင်တာကို ဖြစ်စေပါတယ်။ အမျိုးသားတွေ မှာတော့ အတွင်းခံ ဘောင်းဘီ ကျပ် လွန်းတာ၊ လေဝင် လေထွက် မရှိတာ တွေကြောင့်ဝှေးစေ့ကနေ သုက်ကောင် ထုတ်လုပ်မှုကို ထိခိုက်စေပြီး မျိုးအောင် နိုင်စွမ်းကို လျော့နည်းစေပါတယ်။

 

(၁၀) သာယာကြည်နူးဖို့ အချိန်ပေးပါ

သားသမီး ရရှိဖို့က အမျိုးသားနဲ့အတူ သာယာကြည်နူးဖို့ အချိန်ပေး တာက အဓိက ကျပါတယ်။ စိတ်ဖိစီး မှုတွေ၊ အလုပ်တွေ အားလုံးကို မေ့ပျောက်ထား ပြီး သာယာ ကြည်နူးမှုတွေကို ဖန်တီးယူပါ။ 

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အလင်း(ဆေးဝါး)

 


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18