Print

Gynaecomastia (အမျိုးသားများတွင် ရင်သားကြီးခြင်း)

  22-Jun-2017
Preview Image

အကျဉ်းရှင်းလင်းချက်

အမျိုးသားများတွင် အီစထရိုဂျင် (estrogen) နှင့် တက်စတိုစတီးရုန်း (testosterone) စသည့် ဟော်မုန်းများမညီမျှ မှုကြောင့် ရင်သားကြီးလာတတ်ပါသည်။ထိုအခြေအနေသသည် ရင်သားတစ်ဖက်တည်းသော်လည်ကောင်း၊ ၂ဖက်စလုံးသော်လည်းကောင်း၊ တစ်ခါတစ်ရံ ရင်သားမညီညာခြင်းများလည်း ဖြစ်ပေါ်တတ်ပါသည်။မွေးကင်းစ ကလေးငယ်များ၊ လူပျိုဖော်ဝင်စ ယောကျ်ားလေးများ နှင့် အသက်ကြီးသော အမျိုးသားများတွင် ပုံမှန်ဟော်မုန်းပြောင်းလဲမှုကြောင့်လဲ ရင်သားကြီးခြင်း ဖြစ်ပေါ်လာတတ်ပါသည်။အမျိုးသားများတွင် ရင်သားကြီးခြင်းသည် စိုးရိမ်ဖွယ်ရာအခြေအနေမဟုတ်သောက်လည်း လက်တွေ့တွင် ထိုအခြေအနေကို ရင်ဆိုင်ရန်များစွာခက်ခဲပါသည်။ထိုကဲ့သို့ဖြစ်နေသော အမျိုးသားများတွင် တစ်ခါတစ်ရံရင်သားနာခြင်း၊ ရှက်ကြောက်စိုးရွံ့ခြင်းများဖြစ်ပေါ်နိုင်ပါသည်။အမျိုးသားများတွင်ရင်သားကြီးခြင်းသည် သူ့အလိုအလျောက်ပျောက်ကင်းသွားနိုင်ပါသည်။ကြာရှည်စွာ ဆက်လက်ရှိနေပါက ဆေးသောက်ခြင်းဖြစ်စေ၊ ခွဲစိတ်ခြင်းဖြစ်စေ ပြုလုပ်နိုင်ပါသည်။


လက္ခဏာများ

ရင်သား ဖောင်း၍တင်းနေခြင်း

ရင်သားနာကျင်ခြင်း


ဖြစ်ပွားရသော အကြောင်းရင်းများ

အမျိုးသားများတွင်ရင်သားကြီးလာရသည့်အကြောင်းရင်းမှာ တက်စတိုစတီရုံး(testosterone) ဟော်မုန်းသည် အီစထရိုဂျင်(estrogen) ဟော်မုန်နှင့်ယှဉ်လျင်နည်းသွားသောကြောင့်ဖြစ်သည်။ ထိုသို့ နည်းသွားခြင်းမှာ တက်စတိုစတီရုန်းထုတ်လွှတ်မှုကို ပိတ်သော အကြောင်းများသောကြောင့်သော်လည်းကောင်း၊ အီစထရိုဂျင် များစေသော အခြေအနေများကြောင့်သော်လည်းကောင်း ဖြစ်နိုင်ပါသည်။ ဟော်မုန်းမညီညွတ်ခြင်းကို ဖြစ်စေသောအရာများ အောက်ပါအချက်အလက်များအပြင် အကြောင်းအရင်းများစွာရှိပါသည်။


(၁) ပုံမှန်ဟော်မုန်ပြောင်းလဲခြင်း

တက်စတိုစတီရုန်း နှင့် အီစထရိုဂျင် ဟော်မုန်းများ သည် အမျိုးသမီး နှင့် အမျိုးသားများတွင် လိင်ပိုင်းဆိုင်ရာ အမူအကျင့် များ ဖွံ့ဖြိုးမှုနှင့် သက် ဆိုင်နေပါသည်။တက်စတိုစတီရုန်းသည် အမျိုးသားတစ်ဦး၏ ပုံပန်း သဏ္ဍာန်၊ ကိုယ်နေကိုယ်ထား၊ အမွှေးအမျှင် ထွက်ခြင်းများ ကို ထိန်းချုပ်ထားပါတယ်။အီစထရိုဂျင်ကတော့ အမျိုးသမီးတစ်ဦး၏ ပုံပန်း သဏ္ဍန်၊ နှင့် အတူ ရင်သားကြီးထွားမှုပိုင်းဆိုင်ရာကိုပါ ထိန်းချုပ်ထားခြင်းဖြစ်ပါတယ်။အီစထရိုဂျင်ဟော်မုန်းသည်အမျိုးသမီးများတွင်သာ ရှိသည်ဟု လူအများစုက ထင်မှတ်ကြသည်။ သို့သော် အမျိုးသားများတွင်လည်း ပုံမှန်အားဖြင့် ထိုဟော်မုန်းကို အနည်းငယ် ထုတ်လွှတ်ခြင်းရှိသည်။အမျိုးသားများတွင် အီစထရိုဂျင်ဟော်မုန်း အလွန်များနေခြင်း၊ တက်စတိုစတီရုန်းဟော်မုန်းမညီမျှမှုဖြစ်ခြင်းတို့ကြောင့် ရင်သားကြီးလာနိုင်ပါသည်။


မွေးကင်းစ ကလေးငယ်များတွင်ရင်သားကြီးခြင်း -- မွေးကင်းစ ယောကျ်ားလေး ကလေးငယ်များ၏ တစ်ဝက်ကျော် က အမေ ဆီမှရသော အီစထရိုဂျင် အရှိန်ကြောင့် ရင်သားကြီးပြီးမွေးလာတတ်ကြပါတယ်။ ပုံမှန်အားဖြင့် မွေးဖွားပြီး ၂ ပတ်သုံးပတ် အကြာတွင် ရင်သားဖောင်းခြင်းများ ပျောက်သွားတတ်ပါသည်။လူပျိုဖော်ဝင်စတွင် ရင်သားကြီးခြင်း -- ဆယ်ကျော်သက်အရွယ် လူပျိုဖော်ဝင်စတွင် ဟော်မုန်းများပြောင်းလဲမှုကြောင့်ရင်သားကြီးခြင်း ဖြစ်တတ်ပါတယ်။ များသောအားဖြင့် ဖောင်းနေသောရင်သားသည် ဆေးကုသစရာမလိုဘဲ ၆ လမှ ၂ နှစ်အတွင်း ပျောက်သွားနိုင်ပါသည်။အရွယ်ရောက်ပြီး အမျိုးသားများတွင် ရင်သားကြီးခြင်း -- အသက် ၅၀ မှ ၈၀ အရွယ်ရောက်လျှင် ရင်သာ ကြီးနိုင်နှုန်း သည် ၄ယောက်တွင် ၁ ယောက်နှုန်းဖြင့် ပြန်လည်မြင့်တက်လာပါသည်။


(၂) သောက်ဆေးများ

အချို့သော သောက်ဆေးများ သည်လည်း အမျိုးသားများတွင်ရင်သားကြီးခြင်းကို ဖြစ်ပေါ်စေပါသည်။ ဥပမာ -ဆီးကျိတ်ကြီးခြင်းကို ကုသသော ယောကျ်ားဟော်မုန်းကို တားဆီးသော ဆေးများ(Finasteride and spironolactone)ဓာတုပစ္စည်းများဖြင့် ပြုလုပ်သော စတီးရိုက်များ၊ ယောကျ်ားဟော်မုန်းများအေအိုင်ဒီအက်စ် ရောဂါအတွက် အသုံးပြုသော ဆေးဝါးများ - HIV ပိုးရှိသူများတွင် အသုံးပြုသည့်ဆေး Efavirenz (sustiva) သည် အခြားဆေများထက်ပို၍ အမျိုးသားများတွင်ရင်သားကြီးခြင်းကိုဖြစ်ပေါ်စေနိုင်သည်။

စိတ်ငြိမ်ဆေးများ -Diazepam (Valium)

စိတ်ကျရောဂါတွင် ကုသသောဆေးများ

ပိုးသတ်ဆေးများ

အစာအိမ်အနာအတွက်အသုံးပြုသောဆေးများ

ကင်ဆာရောဂါဆေးသွင်းခြင်းတွင် အသုံးပြုသောဆေးဝါးများ

နှလုံးရောဂါအတွက် အသုံးပြုသောဆေးများ ၊ ဥပမာ - Digoxin (Lanoxin) နှင့် calcium channel blockers

(3) အရက်နှင့် တရားမဝင်ဆေးဝါးများ


(၄) အမျိုးသားများတွင်ရင်သားကြီးခြင်းကိုဖြစ်စေသော ပစ္စည်းများ

အရက်

စိတ်ကြွဆေးများ

ဆေးခြောက်

မူးယစ်ဆေးဝါးများ


(၅) ရောဂါအခြေအနေများ

အချို့သော ရောဂါအခြေအနေများသည် ပုံမှန်ဟော်မုန်းညီမျှမှုကို ထိခိုက်နိုင်ပြီး အမျိုးသားများတွင် ရင်သားကြီးခြင်းကိုဖြစ်ပေါ်စေနိုင်ပါသည်။ ၄င်းတို့မှာ -

- Hypogonadism - ပုံမှန်တက်စတိုစတီရုန်း ထုတ်လွှတ်မှုကို နှောင့်ယှက်သော ရောဂါများ

- အသက် ကြီးလာခြင်း - အသက်ကြီးလာလျှင်ဖြစ်တတ်သော ဟော်မုန်းပြောင်းလဲများ အထူးသဖြင့် အဝလွန်သော အမျိုးသားများ

- ကင်ဆာရောဂါများ - စသည့် ဝှေးစေ့၊ ကျောက်ကပ် နှင့် ဦးနှောက်တွင် ကင်ဆာရောဂါများဖြစ်လျှင် ဟော်မုန်းညီမျှမှုကို ပျက်စီးစေသည်။

- လည်ပင်ကြီးရောဂါ - သိုင်ရိုဆင်း (Thyroxine) ဟူသည့် ဟော်မုန်း အမြောက်အများ ထုတ်လွှတ်သောကြောင့်ဖြစ်သည်။

- ကျောက်ကပ်ပျက်ဆီးခြင်း - ကျောက်ကပ်ဆေးနေရသော လူနာများ၏ တစ်ဝက်ခန့်သည် ဟော်မုန်းပြောင်းလဲများရှိတတ်သည်။

- အသည်းပျက်ဆီးခြင်း နှင့် အသည်းခြောက်ခြင်း - အသည်းရောဂါများကြောင့် ဟော်မုန်းအတက်အကျ မညီညာခြင်းဖြစ်တတ်သကဲ့သို့ အသည်းရောဂါအတွက်သောက်သုံးသော ဆေးများ သည်လည်း အမျိုးသားများတွင်ရင်သားကြီးခြင်းကို ဖြစ်စေသည်။

- အာဟာရချို့တဲ့ခြင်းနှင့် အစာအာဟာရပြတ်လပ်ခြင်း - ကိုယ်ခနာသည် လုံလောက်သော အာဟာရမရရှိလျှင် တက်စတိုစတီရုံး ဟော်မုန်းများ နည်းသွားပြီး ဟော်မုန်းမညီညာခြင်းကို ဖြစ်စေသည်။


(၄) အလှကုန် ပစ္စည်းများ

ခေါင်းလျှော်ရည်၊ ကိုယ်တိုင်ဆပ်ပြာ၊ ကိုယ်လိမ်းခရင်များ တွင် ပါဝင်သော လာဗန်ဒါ ပါဝင်သည် ပစ္စည်းများ သည် ၄င်းတို့တွင် အီစထရိုဂျင်၏ အစွမ်းသတ္တိ အနည်းငယ်ရှိနိုင်ပါသည်။


ဖြစ်နိုင်ချေများသူများ

လူပျိုဖော်ဝင်စ ယောကျ်ားလေးများအသက် ၅၀ ကျော်သော အမျိုးသားများ အားကစားစွမ်းဆောင်ရည်မြငံ်စေရန် တရားမဝင် ဓာတု စတီးရိုက်များ၊ အမျိုးသားဟော်မုန်းများ အသုံးပြုသော အားကစားသမားများအသည်း နှင့် ကျောက်ကပ် ရောဂါ၊ သိုင်းရိုက်ရောဂါ၊ ဟော်မုန်းလှုံဆော်ပေးသော ကင်ဆာ ဖြစ်နေသူများ


နောက်ဆက်တွဲ ပြဿနာများ

အမျိုးသားများတွင် ရင်သားကြီးခြင်းသည် ရုပ်ပိုင်းဆိုင်ရာ အရ နောက်ဆက်တွဲ ပြဿနာများ အနည်းသာရှိနိုင်သော်လည်း စိတ်ပိုင်းဆိုင်ရာနှင့် ခံစားချက်ဆိုင်ရာ ပြဿနာများက ပို၍ များပြားနိုင်ပါသည်။


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

ရင်သားတင်းခြင်း အထိမခံနိုင်အောင်နာကျင်ခြင်း နို့သီးခေါင်းထိပ်မှ တစ်ဖက်တည်းဖြစ်စေ၊ နှစ်ဖက်လုံးဖြစ်စေ အရည်ကြည်များထွက်လာခြင်း


စစ်ဆေးမှုများ

ဆရာဝန်သည် သင်နှင့် သင့်မိသားစု နှင့် ပတ်သက်သော ရောဂါရာဇဝင်၊ သောက်သုံးနေသော ဆေးဝါးများ ရာဇဝင်ကို မေးမြန်းပါလိမ့်မည်။ပြီးလျှင် သင်၏ရင်သားအခြေအနေ၊ ဝမ်းဗိုက်နှင့် မျိုးပွားအင်္ဂါများ ကို စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပါလိမ့်မည်။

ပထမဆုံး ပြုလုပ်ရမည့် စစ်ဆေးမှုများမှာ

သွေးစစ်ခြင်း

ရင်သားဓါတ်မှန်ရိုက်ခြင်း

အထက်ပါ စစ်ဆေးချက်များ၏ အဖြေကို အခြေခံ၍ လိုအပ်သော စစ်ဆေးမှုများ ထပ်မံ ပြုလုပ်ရပါမည်။

ကွန်ပြူတာဓါတ်မှန်ရိုက်ခြင်း

သံလိုက်ဓါတ်မှန်ရိုက်ခြင်း

အာထရာဆောင်း ဓါတ်မှန်ရိုက်ခြင်း

ဝှေးစေ့ အသားယူခြင်း


အလားတူရောဂါ လက္ခဏာများဖြင့် လာသည့် အခြေအနေများ

ထိုကဲ့သို့ ရင်သားကြီးနေခြင်းသည် ပုံမှန်မဟုတ်ဘဲ အခြားအကြောင်းအရာများကြောင့်လည်း ဖြစ်နိုင်ပါသည်။ အလားတူ လက္ခဏာများဖြစ်စေနိုင်သာ အခြေအနေများမှာ

- ရင်သားအဆီစုခြင်း - အချို့သော အမျိုးသားများသည် ရင်သားတွင် အဆီစုနေသောအခါ ရင်သားကြီးခြင်းနှင့် ဆင်တူတတ်ပါသည်။ ၄င်းကို မှားသောရင်သားကြီးခြင်းဟု ခေါ်ဆိုပါသည်။

-ရင်သားကင်ဆာ - ထိုအခြေအနေသည် အမျိုးသားများတွင် ဖြစ်နိုင်ခြေ အလွန်ရှားပါးသော်လည်း ရင်သားကင်ဆာသည် အမျိုးသားများတွင်လည်း ဖြစ်နို်င်ပါသည်။ ရင်သားတစ်ဖက်တည်းကြီးခြင်း သို့မဟုတ် ရင်သားတွင် အကြိတ်စမ်းမိလျှင် ရင်သားကင်ဆာဖြစ်နိုင်ချေ များပါသည်။

- ရင်သားပြည်တည်ခြင်း - ၄င်းသည် ရင်သား တစ်ရှူးများတွင်ပိုးဝင်ခြင်းဖြစ်သည်။


ကုသခြင်း

အမျိုးသားများတွင် ရင်သားကြီးခြင်း အများစုသည် ဆေးကုသမှုမလိုဘဲ သူ့ အလိုအလျောက်ပျောက်ကင်းနိုင်ပါသည်။အမျိုးသားအင်္ဂါ ဟော်မုန်းထုတ်လွှတ်မှုမမှန်ခြင်းရောဂါ၊ အစာအဟာရ ချို့တဲ့ခြင်း နှင့် အသည်းခြောက်ခြင်း တို့ကြောင့်ဖြစ်သော အမျိုးသား ရင်သားကြီးခြင်းတို့တွင် ကုသမှု လိုအပ်ပါလိမ့်မည်။အမျိုးသားရင်သားကြီးခြင်းကို ဖြစ်စေသော ဆေးဝါးများ သောက်သုံးထားမှု ရှိမရှိကိုလည်း ဆရာဝန်နှင့် တိုင်ပင်၍ ရပ်တန့်ခြင်း သို့မဟုတ် အခြားဆေးဖြင့် အစားထိုးခြင်းများ ပြုလုပ်သင့်ပါသည်။လူပျိုဖော်ဝင်စတွင် အခြားအကြောင်းရင်းမရှိဘဲ ဖြစ်တတ်သောရင်သားကြီးခြင်းကို ၃ လ တစ်ခါ ၊ ၆လ တစ်ခါ ဆရာဝန်နှင့် တိုင်ပင် ၍ တိုးတက်မှုရှိမရှိကို စစ်ဆေးသင့်ပါသည်။ပုံမှန်အားဖြင့် အမျိုးသားများတွင် ရင်သားကြီးခြင်းသည် ဆေးကုသမှုမလိုအပ်ဘဲ ၂ နှစ်အတွင်း သက်သာသွားနိုင်ပါသည်။ သို့သော်လည်း ရင်သားနာလာခြင်း၊ အထိမခံနိုင်အောင် နာကျဉ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာရှက်ကြောက်ခြင်းများ ဖြစ်လာလျှင် ဆရာဝန်နှင့် တိုင်ပင် ၍ ဆေးကုသမှု ခံယူသင့်ပါသည်။


သောက်ဆေးများ

ရင်သားကင်ဆာ နှင့် အခြားအခြေအနေများ တွင် အသုံးပြုသည့် ဆေးဝါးများ ဖြစ်သော tamoxifen နှင့် raloxifene တို့ကို အမျိုးသားများတွင် ရင်သားကြီးခြင်းအတွက်လည်း အသုံးပြုနိုင်ပါသည်။ထိုဆေးများ သည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ ခွင့်ပြုချက်ရပြီးဖြစ်သော်လည်း အမျိုးသားများတွင် ရင်သားကြီးခြင်းအတွက် သီးသန့် အသုံးပြုရန်တော့ ညွှန်ကြားထားခြင်း မရှိသေးပါ။ခွဲစိတ်ခြင်း ဖြင့် ပိုနေသော ရင်သားတစ်ရှူးများကို ဖယ်ရှားပစ်ခြင်းဆေးကုသပြီးသော်လည်း ရင်သားကြီးခြင်းများဆက်လက်ရှိနေလျှင် ခွဲစိတ်ခြင်းပြုလုပ်နိုင်ပါသည်။ ခွဲစိတ်နည်း ၂ မျိုးရှိပါသည်။အဆီစုပ်ထုတ်ခြင်း - ရင်သားထဲရှိအဆီများကို ဖယ်ရှားနိုင်ပါသည်။ သို့သော် ရင်သား တစ်ရှူးကိုတော့ ဖယ်ရှား၍ မရနိုင်ပါ။ရင်သားလှီးထုတ်ခြင်း - ထိုခွဲစိတ်မှုသည် ရင်သား တစ်ရှူးများကိုဖယ်ရှားပေးနိုင်ပါသည်။ အများအားဖြင့် မှန်ပြောင်းဖြင့်အသေးစား ခွဲစိတ်ခြင်း ပြုလုပ်ဖြစ်သည်။ ထိုခွဲမှုကြောင့် အချိန်အနည်းငယ်အတွင်း ပြန်လည်ကောင်းမွန်လာနိုင်ပါသည်။


ကာကွယ်ခြင်း

အမျိုးသားများတွင် ရင်သားကြီးခြင်းကို လျှော့ချနိုင်ရန် နည်းလမ်းအချို့ရှိပါသည်။

(၁) တရားမဝင်ဆေးဝါးများ မသုံးပါနှင့်။ ဥပမာ - ဓာတု စတီးရိုက်များ၊ ဓာတု အမျိုးသားဟော်မုန်းများ၊ စိတ်ကြွဆေးများ၊ မူးယစ်ဆေးဝါးများ၊ ဆေးခြောက်များ။

(၂) အရက်မသောက်ပါနှင့်။ သောက်မည်ဆိုပါကလည်း အနည်းငယ်သာ သောက်သုံးပါ။

(၃) မိမိသောက်သုံးနေသောဆေးဝါးများကို ပြန်လည်စမ်းစစ်ပါ။ အမျိုးသားရင်သားကြီးစေသော ဆေးဝါးများပါမပါကို ဆရာဝန်နှင့် ပြန်လည် တိုင်ပင်ပါ။ ရှိခဲ့လျှင် အခြားဆေးဝါးပြောင်းနိုင်မည်အကြောင်းမေးမြန်းကြည့်ပါ။


အခြားသိသင့်သော အချက်များ (ရှိလျှင်)

အမျိုးသားတစ်ဦးတွင် ရင်သားကြီးလျှင် အလွန်စိတ်ဖိစီးမှုများပြီး ရှက်စရာကောင်းနိုင်ပါသည်။ဖုံးဖိထားရန်ခက်ခဲပြီး ချစ်ရေးဆိုရာတွင်လည်း အခက်အခဲများ ရှိနိုင်ပါသည်။အသက်မည်မျှပင်ဖြစ်စေ မိမိ ခန္ဓာကိုယ်သည် မိမိကိုယ်ကို စိတ်တိုင်မကျ ဖြစ်နေပြီး မပျော်ရွှင်နိုင်ဖြစ်နေတတ်ပါသည်။ ဤခံစားချက်မျိုးသည်ပုံမှန်ဖြစ်ပြီးဖြေရှင်းနိုင်သည့်နည်းလမ်းများလည်းရှိပါသည်။စိတ်ကျန်မာရေး ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။ မိမိခံစားချက်များကို အခြားသူအားပြောပြခြင်းဖြင့် မိမိခံစားနေရသော စိတ်ပူပန်မှုများ စိတ်ဓါတ်ကျမှုများကို သက်သာစေနိုင်ပါသည်။ မိသားစုများ၊ သူငယ်ချင်းများနှင့် ဆက်သွယ်ပါ။ မိမိရောဂါ အခြေအနေကို မိမိ၏ ဆွေမျိုးများ နှင့် သူငယ်ချင်းများကို ပြောပြရန် ရှက်စရာကောင်းချင်ကောင်းနေပါလိမ့်မည်။ သို့သော်လည်း မိမိ အခြေအနေကို ရှင်းပြခြင်းဖြင့် စိတ်ဖိစီးမှုများ သက်သာစေပြီး လူမှုဆက်ဆံရေးလည်း ပိုမိုကောင်းမွန်လာပါလိမ့်မည်။မိမိနှင့် ဝေဒနာတူနေသူများနှင့် ဆက်သွယ်ပြီး အတွေ့အကြုံများ ကိုဝေမျှခြင်းဖြင့် ခံစားနေရသည်းများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများ ရှာဖွေနိုင်ပါသည်။


Ref: Mayo clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18