Print

သုတ်လွှတ်မြန်ခြင်း

  21-Sep-2017
Preview Image

သုတ်လွှတ်မြန်ခြင်းဆိုတာ
 သုတ်လွှတ်မြန်တယ်ဆိုတာ လိင်မဆက်ဆံမီ (သို့) ဆက်ဆံပြီးခဏတာအတွင်း မထိန်းနိုင်ပဲ သုတ်လွှတ်ခြင်းဖြစ်ပါတယ်။ လှုံ့ဆော်မှု အနည်းငယ်နှင့် ဆန္ဒမပြည့်ဝခင် ပြီးမြောက်သွားခြင်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ လိင်ဆက်ဆံဖော် နှစ်ဦးလုံး လိင်ဆန္ဒမပြည့်ဝတာမျိုးဖြစ်ရပါတယ်။ သုတ်လွှတ်မြန်ခြင်းက အမျိုးသားတွေရဲ့ လိင်ပိုင်းဆိုင်ရာ ပြဿနာတွေထဲမှာ အဖြစ်များတဲ့ ရောဂါတစ်ခုဆိုလည်း မှန်ပါတယ်။ ဒီပြဿနာက အမျိုးသားတိုင်းရဲ့ ဘဝမှာ တစ်ခါတစ်လေ ဖြစ်တတ်ပါတယ်။



ဘာကြောင့်သုတ်လွှတ်မြန်တာလဲ?

 သုတ်လွှတ်မြန်တာနဲ့ ပတ်သက်လို့ ဖြစ်စေတတ်တဲ့ အကြောင်းအရာရယ်လို့ တိတိကျကျ မရှိလှပါဘူး။ လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံနှင့် အသက်အရွယ် ရလာတာနဲ့အမျှ အမျိုးသားတွေဟာ လိင်ပိုင်းဆိုင်ရာ ပြီးမြောက်မှုကို ထိန်းချုပ်နိုင်လာပါတယ်။ တစ်ခါတစ်ရံ တစ်ကိုယ်ရည်အာသာဖြေဖြစ်တာ အလွန်ကြာပြီဆိုလဲ ကြံုရတတ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်တဲ့ စိတ်ပူပန်တာ၊ စိတ်ဆင်းရဲ စိတ်ဓာတ်ကျတာတွေ ဟာလည်း သုတ်လွှတ်မြန်စေပါတယ်။ တစ်ခါတစ်ရံကျတော့ ဟော်မုန်းရောဂါ ထိခိုက်ဒဏ်ရာတွေ (သို့) တချို့ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်လည်း မြန်တတ်ပါတယ်။


ဘယ်လိုကုသရမလဲ

 များသောအားဖြင့်တော့ သုတ်လွှတ်မြန်တာက သူ့ဟာသူ ပြန်ကောင်းသွားတတ်ပါတယ်။ ကုသမှုပေးစရာ မလိုပါဘူး။ တချို့အမျိုးသားတွေမှာ ဆေးလိပ်သောက်တာ၊ အရက်သောက်တာတွေ ရပ်လိုက်ရင် (သို့) တရားမဝင် မူးယစ်ဆေးသုံးတာမျိုးကို ရပ်လိုက်ရင်လည်း သုတ်လွှတ်မြန်တာကို သက်သာစေပါတယ်။ သင့်ဆရာဝန်ကလည်း သင်နှင့်သင့်ဆက်ဆံဖော်ကို သုတ်လွှတ်မြန်တာ သက်သာစေဖို့ နည်းလမ်းတွေ ပြောပြပါလိမ့်မယ်။


ဥပမာ - သုတ်လွှတ်မြန်ခြင်းကို ဖြစ်စေတဲ့ လှုံ့ဆော်မှုက ဘာလဲဆိုတာ သေချာသတိထားကြည့်ပြီး ထိန်းချုပ်တာမျိုးပေါ့။ သင့်ရဲ့ ဆက်ဆံဖော်ကိုလည်း လှုံ့ဆော်မှုကို တတ်နိုင်သလောက်လျှော့ဖို့ မလုပ်ဖို့ ညှိနှိုင်းတိုက်တွန်းရပါမယ်။ သင့်ရဲ့လိင်တံကို လှုံ့ဆော်မှုနည်းအောင် ကွန်ဒုံးသုံးတာမျိုးနဲ့လဲ စမ်းသင့်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ပုံစံအနေအထားပြောင်းပြီးလိင်ဆက်ဆံတာမျိုး(ဥပမာသင်ဟာပက်လက်လှန်အနေအထားနဲ့) စမ်းကြည့်သင့်ပါတယ်။ သင့်ရဲ့စိတ်ဖိစီးမှုကို လျော့နည်းအောင် နှစ်သိမ့်ဆွေးနွေးတာ (သို့) အပြုအမူအနေအထိုင် ပြောင်းလဲတာမျိုးကလဲ အထောက်အကူပေးပါတယ်။


 စိတ်ကျရောဂါပျောက်ဆေးတွေကိုလဲ တစ်ခါတစ်လေ သုတ်လွှတ်မြန်တာကို ကုသရာမှာသုံးပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ ဘေးထွက်ဆိုးကျိုးက သုတ်လွှတ်ခြင်းကို နှောင့်နှေးစေတာကြောင့် သုံးတာပါ။ Tramadol (Ultram) ဆိုတဲ့ဆေးက နာကျင်မှုကို သက်သာစေတဲ့ဆေးမျိုးပါ။ သူကလည်း သုတ်လွှတ်တာကို နှေးစေလို့ အသုံးပြုပါတယ်။ ဒါပေမယ့် ဒီဆေးက ဆရာဝန်လက်မှတ်လိုပါတယ်။


လိမ်းဆေးတွေ၊ ဂျယ်၊ စပရေးတွေကလည်း အာရုံခံစားမှုကို လျော့နည်းစေလို့ သုတ်လွှတ်မြန်တာကို ကုသရမှာ အသုံးပြုပါတယ်။ အဲဒီဆေးတွေကို လိင်မဆက်ဆံခင် လိင်တံမှာလိမ်းခြင်းဖြင့် အသုံးပြုနိုင်ပါတယ်။ အဲဒီဆေးတွေမှာ lidocaine ဆိုတဲ့ ထုံဆေးမျိုးပါတာကြောင့် သင့်ရဲ့ဆက်ဆံဖော်ကို စိတ်ကျေနပ်မှုတော့ လျော့နည်းစေပါတယ်။ နောက်ထပ် အသေးစိတ်သိချင်တာရှိရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ဆွေးနွေးနိုင်ပါတယ်။
အိမ်ထောင်ရေးသုခနဲ့ ပြည့်စုံကြပါစေ။


Credit: Healthwise for every health dicision.
Dr.Tun



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18