Print

ကွန်ဒုံးနဲ့ အေအိုင်ဒီအက်စ်

  06-Mar-2020
Preview Image

ကွန်ဒုံးတစ်ခုကို ဘယ်နှခါသုံးလို့ရပါသလဲ . . .

          တစ်ခါပဲသုံးလို့ရပါတယ်။ တစ်ခါသုံးပြီးရင် စနစ်တကျစွန့်ပစ်ရပါမယ်။


ကွန်ဒုံးက တစ်ခါသုံးဖြစ်တဲ့အတွက် လူတိုင်းဝယ်သုံးနိုင်ပါ့မလား . . .

          ဆေးဆိုင်၊ စတိုးဆိုင်နဲ့ အချို့ဆိုင်ငယ်တွေမှာ လူတန်းစားမရွေး ဝယ်သုံးနိုင်တဲ့ ကွန်ဒုံးတွေ ရနိုင်ပါတယ်။ အရည်အသွေးကောင်းပြီး ဈေးလည်းသက်သာတဲ့ ကွန်ဒုံးကို ရွေးဝယ်ပါ။ တစ်ချို့ကွန်ဒုံးတွေမှာ ကုန်ဆုံးရက်စွဲပါတဲ့အတွက် ရက်လွန်မလွန် ကြည့်ရပါမယ်။ ကုန်ဆုံးရက်စွဲမပါတဲ့ ကွန်ဒုံးတွေဆိုရင် ထုတ်လုပ်တဲ့ ရက်စွဲကိုကြည့်ပါ။ ၅ နှစ်ကျော်ရင် မသုံးပါနဲ့။ အေအိုင်ဒီအက်စ်ရောဂါ မရအောင်ကာကွယ်ဖို့အတွက် ကွန်ဒုံးကိုမဖြစ်မနေ ကြိုးစားပြီး သုံးရပါမယ်။


ကွန်ဒုံးကို ရောဂါကာကွယ်ဖို့အပြင် တခြားဘယ်အတွက် သုံးချင်ရင် သုံးနိုင်သေးသလဲ . . .

          သားသမီးဝေးချင်ရင်၊ သားသမီးမလိုချင်သေးရင် ကွန်ဒုံးကို သုံးလို့ရပါတယ်။ လိင်ဆက်ဆံတဲ့အခါ ယောကျ်ားရဲ့သုက်ရည်ဟာ ကွန်ဒုံးထဲမှာပဲ ရှိနေပြီး မိန်းမအင်္ဂါကနေ တစ်ဆင့် သားအိမ်ထဲကို မဝင်နိုင်တော့ပါဘူး။ ဒါကြောင့် ကွန်ဒုံးကို စနစ်တကျသေသေချာချာသုံးရင် မိမိရဲ့လိင်ဆက်ဆံဖက် အမျိုးသမီးမှာ ကိုယ်ဝန်မရနိုင်ပါဘူး။


ကွန်ဒုံးကိုအသုံးပြုရင် ရောဂါလုံးဝမကူးစက်နိုင်ဘူးလား။

          အရည်အသွေးကောင်းတဲ့ကွန်ဒုံးကို အမြဲတမ်းနည်းစနစ် မှန်မှန်သုံးတတ်ရင် ရောဂါပိုးမကူးအောင် ကာကွယ်နိုင်ပါတယ်။


လူတစ်ယောက်က လိင်ဆက်ဆံတဲ့အခါမှာ ကွန်ဒုံးသုံးလိုက်၊ မသုံးလိုက်ပြုလုပ်ရင် ရောဂါပိုးကူးစက်နိုင်သလား . . .

          ကွန်ဒုံးသုံးတဲ့အခါမှာ ရောဂါပိုးမရအောင် ကာကွယ်နိုင်ပါမယ်။ ကွန်ဒုံးမသုံးရင်တော့ ကာကွယ်နိုင်မှာမဟုတ်ပါဘူး။ ကွန်ဒုံးအမြဲသုံးမှ စိတ်ချရပါတယ်။ အဓိကအချက်ကတော့ ဘယ်သူ့ဆီမှာ ရောဂါရှိ မရှိဆိုတာကို မသိနိုင်လို့ပါ။ ဒါကြောင့် လူတိုင်းမှာ ရောဂါရှိနိုင်တယ်လို့ ယူဆပြီး လိင်ဆက်ဆံတိုင်း ကွန်ဒုံးကိုသုံးပါ။


ဇနီးမောင်နှံ နှစ်ဦးစလုံးမှာ အိတ်ချ်အိုင်ဗွီပိုး ရှိနေရင်ကော ကွန်ဒုံးသုံးဖို့လိုပါသလား . . .

          အိတ်ချ်အိုင်ဗွီပိုး အရေအတွက်များလေ သွေးဖြူဥတွေများများ ပျက်စီးလေဖြစ်ပြီး အချိန်တိုတိုအတွင်းမှာ အေအိုင်ဒီအက်စ်ရောဂါ လက္ခဏာတွေ ဖြစ်ပေါ်ခံစားရမှာပါ။ ဒါ့ကြောင့် အိတ်ချ်အိုင်ဗွီပိုး ရှိထားပြီးသူဟာ မိမိခန္ဓာကိုယ်ထဲကို အိတ်ချ်အိုင်ဗွီပိုးတွေ ထပ်ပြီးဝင်မလာအောင် ကာကွယ်ဖို့ အရေးကြီးပါတယ်။

          ဇနီးမောင်နှံ နှစ်ဦးစလုံးမှာ အေအိုင်ဒီအက်စ်ပိုးစ ရှိနေပြီးပေမယ့်လည်း လိင်ဆက်ဆံရာကတစ်ဆင့် အိတ်ချ်အိုင်ဗွီပိုးတွေထပ်ပြီး ခန္ဓာကိုယ်ထဲ မရောက်အောင် ကွန်ဒုံးအမြဲသုံးဖို့လိုအပ်ပါတယ်။

Credit : Unicef 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18