Print

Sperm ပွားများစေသော နည်းလမ်းများ

  03-Apr-2020
Preview Image

          Sperm ဆိုတာ အမျိုးသားတို့ရဲ့ သုက်လို့ခေါ်တဲ့ မျိုးပွားနိုင်တဲ့ပိုးတွေပေါ့။ Sperm ဆိုတာ သုက်ပိုး၊ Semen ဆိုတာ သုက်ရည်ပါ။ ကလေးရဖို့အတွက် အဓိကကျတဲ့ စွမ်းဆောင်ရှင်တွေပေါ့။ သူတို့မှာလည်း သူတို့ရဲ့ အရည်အသွေးနဲ့ မှန်ကန်တဲ့ ပုံပန်းသဏ္ဍာန်တွေ ရှိဖို့လိုပါတယ်။

ဒီတော့ သုက်ပိုးတွေ အခြေအနေကောင်းအောင်၊ ကလေးရအောင် ဘယ်လိုနည်းလမ်းတွေသုံးသင့်သလဲလို့ မေးကြတယ်။ ဆေးပညာပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ နားလည်တတ်ကျွမ်းတဲ့ OG တွေနဲ့ သွားရောက်ပြသပြီး တိုင်ပင်သင့်တယ်လို့ ပြောပါရစေ။ ကျွန်တော့အနေနဲ့တော့ ဘယ်လို နေထိုင်စားသောက်သင့်တယ်ဆိုတာလေး အကြံပေးချင်ပါတယ်။


၁။ လေ့ကျင့်ခန်း မှန်မှန်လုပ်ပြီး မှန်မှန်အိပ်ပါ။

          လေ့လာတွေ့ရှိချက်တွေအရ အဝလွန်တဲ့သူတွေဟာ ကလေးရဖို့အတွက် သုက်ပိုးအရေအတွက်နည်းတာကြောင့် ဝိတ်ချပြီး လေ့ကျင့်ခန်းမှန်မှန်လုပ်ဖို့ လိုတယ်ဆိုတာ တွေ့ရပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက အဝလွန်တဲ့လူ ၄၅ ယောက်ကို စမ်းသပ်ချက်အရ သိရတာဖြစ်ပါတယ်။ ဘယ်လိုစမ်းသပ်သလဲဆိုတော့ အဲဒီလူတွေထဲက တစ်ဝက်ကို ရက်သတ္တ ၆ ပတ်ကြာ တစ်နေ့ကို မိနစ်၅၀ နဲ့ လမ်းလျှောက် အေရိုးဗစ်လေ့ကျင့်ခန်းလုပ်ခိုင်းပြီး လေ့လာခဲ့တာ ဖြစ်ပါတယ်။


၂။ စိတ်ဖိစီးမှုကို လျှော့ချပါ။

          စိတ်ဖိစီးမှုက လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ဘယ်အရာကိုမှ မကောင်းစေပါဘူး။ ယုတ်စွအဆုံး ခန္ဓာကိုယ်အတွင်းပိုင်းက ထွက်လာတဲ့ Sperm ကိုတောင် အားနည်းစေပါတယ်။ ဒါကြောင့် ကလေးလိုချင်သူတွေအတွက် စိတ်ဖိစီးမှုကို အများကြီး လျှော့ချဖို့ လိုပါတယ်။ စိတ်ဖိစီးမှုလျှော့ချနိုင်မယ့် အကောင်းဆုံးနည်းလမ်းတွေကတော့ လေ့ကျင့်ခန်းလုပ်တာ၊ တရားထိုင်တာနဲ့ သီချင်းနားထောင်တာမျိုးတွေပဲ ဖြစ်ပါတယ်။


၃။ ဆေးလိပ်ဖြတ်ပါ။

          ဆေးလိပ်သောက်ခြင်းကို လျှော့မှ Sperm အရေအတွက်များမှာမို့ ဆေးလိပ်ဖြတ်ပါလို့ ပြောချင်ပါတယ်။


၄။ မူးယစ်ဆေးဝါးနဲ့ အရက်သုံးစွဲနေတာ ရှောင်ပါ။

          အရက်နဲ့ မူးယစ်ဆေးဝါးသုံးစွဲနေတဲ့သူတွေမှာ ကျန်းမာတဲ့သုက်ပိုးထွက်နိုင်ခြေဟာ အရမ်းကို နည်းပါးလွန်းတယ်လို့ ဆိုပါတယ်။ မူးယစ်ဆေးဝါးတွေအနေနဲ့ ဆိုရင်လည်း ကိုကင်း၊ ဘိန်းဖြူ၊ ဆေးခြောက်တွေကစလို့ ဘယ်လိုမူးယစ်ဆေးဝါးတွေမဆို မသုံးသင့်ပါဘူး။


၅။ ရေရှည်ဆေးဝါးကုသမှုခံယူနေရသူများ

          ဒီလိုလူတွေအတွက်ကတော့ သတိထားစရာပါ။ ဥပမာ Antibiotics ဆေးတွေ၊ Anti androgen ဆေးတွေ၊ စိတ်ရောဂါကုဆေးတွေ၊ ကော်တီရိုစတီးရွိုက် လေးဖက်နာဆေးတွေ၊ တက်စတီရိုစတီရုန်းဆေးတွေ၊ မက်သဒုန်းဆေးတွေ သောက်နေသူတွေဟာ ကျန်းမာတဲ့သုက်ပိုးအရေအတွက် ထွက်တာနည်းပါတယ်။ ဒါကြောင့် ကလေးလိုချင်တဲ့ အမျိုးသားတွေအနေနဲ့ ဒီလိုဆေးတွေ သောက်သုံးနေရတာမျိုးဆို ဆရာဝန်နဲ့ တိုင်ပင်ပြီး အကြံဉာဏ်လေးတွေ ယူပါလို့ ပြောချင်ပါတယ်။


၆။ ကျန်းမာတဲ့ အဆီဓာတ်ကို ရယူပါ။

          ကျန်းမာတဲ့ အဆီတွေဟာ အိုမီဂါ ၃ နဲ့ အိုမီဂါ ၆ လိုအဆီတွေကို ပြောတာဖြစ်ပြီး Sperm ထုတ်လုပ်မှုကို ဖွံ့ဖြိုးစေပါတယ်။ အဆီများတဲ့ငါးတွေကို မစားချင်ဘူး၊ မကြိုက်ဘူးဆိုရင်တော့ ဈေးကွက်ထဲမှာ အိုမီဂါ ၃ နဲ့ ၆ ဖြည့်စွက်အာဟာရတွေ အများကြီးရှိပါတယ်။


၇။ မကျန်းမာစေတဲ့ အဆီတွေ လျှော့ပါ။

          ဆိုလိုတာက ပြန်ကြော်ဆီတွေ၊ အရောအနှောအဆီတွေနဲ့ ခဏခဏကြော်ပြီး ဟင်းပြန်ချက်ထားတာမျိုးကို လုံးဝမစားသင့်ပါဘူး။ သုက်ပိုးထုတ်လုပ်မှုကို လျော့ကျစေတဲ့အပြင် ထွက်လာတဲ့သုက်ပိုးတွေကလည်း မကျန်းမာတဲ့သုက်ပိုးတွေ ဖြစ်နေတတ်ပါတယ်။

Credit : BTK

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18