Print

အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ သာယာမှုရဖို့ ဘာတွေလိုအပ်နေလဲ

  17-Apr-2020
Preview Image

          အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်လာရင် ရှက်တတ်ကြောက်တတ်တာ၊ ဘာသာရေး အဆုံးအမတွေအောက်မှာ နေထိုင်ရတာ စတာတွေကြောင့် လိင်မှုကိစ္စတွေမှာ ပြဿနာတွေရှိနေပေမယ့် ဒီလိုပဲ ကြိတ်မှိတ်မျိုသိပ်ထားတတ်ကြပါတယ်။ ဒီလိုမျိုသိပ်ထားရင်းက တစ်စစနဲ့ အိမ်ထောင်ရေးတွေ ပြိုကွဲတဲ့အထိ ဖြစ်လာတတ်ပါတယ်။ လိင်ဆက်ဆံရာမှာ နာကျင်မှုက အမျိုးသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာသာယာမှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။


          သားအိမ်အတွင်းလွှာရှိ တစ်သျှူးကို တခြားနေရာမှာ တွေ့ရတဲ့ ရောဂါရှိတာ၊ တင်ပါးဆုံပိုင်းမှာ အကျိတ်ရှိတာ၊ သားဥအိမ် ရေအိတ်တည်တာ၊ မိန်းမကိုယ်ရောင်ရမ်းတာ၊ လုံလောက်တဲ့ ချောမွေ့မှုမရှိတာ၊ မိန်းမကိုယ်ခြောက်သွေ့တာနဲ့ ခွဲစိတ်မှုကြောင့် အမာရွတ်ကျန်နေတာ ဒါမှမဟုတ် လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါရှိတာစတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ မိန်းမကိုယ်လမ်းကြောင်းမှာရှိတဲ့ ကြွက်သားတွေ ရုတ်တရက် ကျုံ့ညှစ်တာကြောင့်လည်း နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ဒါဟာ လိင်ဆက်ဆံရမှာ ကြောက်ရွံ့တာ၊ လိင်ဆက်ဆံရင်း ထိခိုက်ဒဏ်ရာရဖူးတာနဲ့ နာကျင်မှုကို ခံစားရဖူးတဲ့ အမျိုးသမီးတွေမှာ ဖြစ်တတ်ပါတယ်။


          အမျိုးသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ ပြဿနာတွေကို ရှာဖွေဖော်ထုတ်ဖို့အတွက် ခံစားရတဲ့ လက္ခဏာရပ်တွေကို မေးမြန်းတာ၊ မိန်းမကိုယ်စမ်းသပ်မှုတွေ၊ Pap smear စမ်းသပ်မှုတွေကို ပြုလုပ်ပါလိမ့်မယ်။ စိုးရိမ်စိတ်ဖြစ်ပေါ်တာ၊ အိမ်ထောင်ရေးပြဿနာရှိတာ၊ အရက်စွဲတာ၊ ဆေးစွဲနေတာ စတဲ့ ပြဿနာမျိုးတွေ ရှိနေခဲ့ရင်လည်း ဆရာဝန်ကို ပွင့်ပွင့်လင်းလင်းပြောပြတိုင်ပင်ဖို့ လိုပါတယ်။


          လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ပညာပေးရာမှာ လူ့ခန္ဓာကိုယ်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ သဘာဝ၊ လိင်ပိုင်းဆိုင်ရာ လုပ်ငန်းဆောင်တာ၊ အသက်အရွယ်အရ ပြောင်းလဲနိုင်တာ၊ လိင်ပိုင်းဆိုင်ရာ ပြုမူဆက်ဆံမှုနဲ့ တုံ့ပြန်မှုတွေကို အမျိုးသမီးတွေ ဘယ်လိုကျော်လွှားမလဲ။ စိုးရိမ်သောကတွေကို ဘယ်လိုဖြေလျှော့မလဲ စတာတွေကို ပညာပေးဖို့ လိုပါတယ်။


          လှုံ့ဆော်နှိုးဆွမှုနဲ့ ပတ်သက်ပြီး စာအုပ်တွေဖတ်ခိုင်းတာ၊ ဗီဒီယိုကြည့်ခိုင်းတာ၊ လုပ်ရိုးလုပ်စဉ်ပုံစံကို ပြောင်းလဲဖို့ ပညာပေးတာစတာတွေပြုလုပ်စေဖို့ လိုပါတယ်။

          လေ့ကျင့်ခန်းလုပ်တာ၊ စိတ်တည်ငြိမ်စေပြီး စိတ်ဖိစီးမှုလျော့နည်းစေဖို့ ယောဂကျင့်တာ၊ တရားထိုင်တာ၊ အနားယူအပန်းဖြေတာ စတာတွေကို ပြုလုပ်ဖို့လည်း လိုအပ်ပါတယ်။


          ခန္ဓာကိုယ်ကြက်သားတွေ ပြေလျော့စေပြီး သွေးလှည့်ပတ်စီးဆင်းမှုကောင်းမွန်စေဖို့ ခန္ဓာကိုယ်တစ်ကိုယ်လုံးကို ညင်သာစွာနှိပ်နယ်ပေးဖို့ လိုပါတယ်။ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်နှိပ်နယ်ပေးပါက နှစ်ဦးကြားချစ်ခြင်းကို ပိုမိုခိုင်မြဲစေပြီး လိင်ပိုင်းဆိုင်ရာပြဿနာတွေလည်း ပြေလည်သွားနိုင်ပါတယ်။


          နာကျင်မှုကို လျှော့ချနိုင်ဖို့အတွက် လိင်ကိစ္စဆောင်ရွက်တဲ့အခါ နေထိုင်တဲ့ အနေအထား၊ ပုံစံကိုပြောင်းလဲပြီး သက်သောင့်သက်သာရှိမယ့် အနေအထားကို ရွေးချယ်ဖို့ လိုပါတယ်။ လိုအပ်ပါက မိန်းမကိုယ်လမ်းကြောင်း ချောမွေ့စေဖို့ ချောဆီအသုံးပြုသင့်ပါတယ်။ လိင်ဆက်ဆံမှုမပြုမီ ရေနွေးနဲ့ ရေချိုးပေးတာကလည်း အပန်းပြေစေပြီး လိင်ဆက်ဆံမှုကို ပိုမိုအဆင်ပြေစေပါတယ်။

Credit : နန်းသီရိ(ဆေးဝါး)

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18