Print

ကိုယ်ဝန်ရနိုင်ချေများအောင် ဘယ်လိုလုပ်ရမလဲ

  28-Apr-2020
Preview Image

()ယောဂလေ့ကျင့်ပါ              

ယောဂဟာ လေ့ကျင့်ခန်းအလွန်အကျွံလုပ်စရာမလိုဘဲ ကိုယ်လက်လှုပ်ရှားမှုဖြစ်စေဖို အကောင်းဆုံးနည်းလမ်းဖြစ်တာသာမက ကိုယ်ဝန်ရဖို ့ရုန်းကန်နေရတဲ့အမျိုးသမီးတွေအတွက်လည်း အကျိုးရှိပါတယ်။ ယောဂမှာ မှန်ကန်တဲ့ကိုယ်ဟန်အနေအထားရှိခြင်းဟာ တင်ပဆုံရိုးထဲသို ့သွေးစီးဆင်းမှု ကို များစေပြီး အင်န်ဒိုခရိုင်းစနစ်ရဲ ့အလုပ်ကို တိုးတက်စေပါတယ်။ ဒီထက်ပိုပြောရရင် ယောဂဟာ ကိုယ်ဝန်ရခြင်းကို တားဆီးတဲ့ စိတ်ဖိစီးမှုနဲ ့စိုးရိမ်ပူပန်ခြင်းတွေကို လျှော့ချပေးပါတယ်။


()မိန်းမကိုယ်ထဲကို ထည့်တဲ့ပစ္စည်းတွေကို သတိပြုပါ

အချို ့သောထုတ်ကုန်ပစ္စည်းတွေဟာ အမျိုးသမီးတစ်ယောက်ရဲ ့မိန်းမကိုယ်အတွင်းက pHအပေါ်ဆိုးကျိုးသက်ရောက်စေပြီး ကိုယ်ဝန်ရနိုင်ဖို ့ခက်ခဲတဲ့ပတ်ဝန်းကျင်အနေအထားကို ဖန်တီးပါတယ်။ ဥပမာအားဖြင့် မိန်းမကိုယ်တွင်းသန် ့စင်ဆေးရည်အသုံးပြုခြင်းဟာ မိန်းမကိုယ်တွင်း ရောဂါပိုးဝင်ခြင်းနဲ ့လိင်မှတဆင့်ကူးစက်တတ်သော ရောဂါဖြစ်စေနိုင်ပါတယ်။ မှားယွင်းတဲ့lubricantsတွေဟာ ကိုယ်ဝန်ရဖို ့ကြိုးစားအားထုတ်မှုအားလုံးကို အချည်းနှီးဖြစ်စေပါတယ်။ ဘေးဥပဒ်ဖြစ်စေတဲ့ ပါဝင်ပစ္စည်းတွေမပါတဲ့lubricantတွေရွေးချယ်သင့်ပါတယ်။ ဒီlubricantတွေဟာ သားအိမ်ခေါင်းအချွဲမြှေးလိုမျိုး pHကို neutralဖြစ်စေပြီး သုက်ပိုးနဲ ့၎င်းရဲ ့ရွေ ့လျားမှုကို အနှောင့်အယှက်မဖြစ်စေပါဘူး။


()အမျိုးမျိုးသော အာဟာရဓာတ်ညီမျှတဲ့အစားအစာတွေကိုစားပါ

အခြေခံအစာစားခြင်းစည်းမျဉ်းတွေကို လိုက်နာတာကလွဲရင် အမျှင်ဓာတ်များများပါဝင်တဲ့အစားအစာတွေရယ်၊ ကျန်းမာရေးနဲ ့ညီညွတ်တဲ့အဆီတွေပါဝင်တဲ့အစားအစာတွေကို စားသင့်ပါတယ်။ အသင့်စားအစာတွေကိုရှောင်ကြဉ်သင့်ပြီး ခန္ဓာကိုယ်ကလိုအပ်တဲ့ ဗီတာမင်နဲ ့သတ္တုဓာတ်တွေပါဝင်တဲ့ အစားအစာတွေစားသင့်ပါတယ်။ ဂရိတ်ဖရုလိုအသီးမျိုးဟာ ပိုလီအေမင်းပြူထရီစင်းကြွယ်ဝတာကြောင့် မမျိုးဥရဲ ့ကျန်းမာရေးကို ကောင်းမွန်စေပြီး ဟော်မုန်းမညီမျှမှုကိုဖြစ်စေတဲ့ ဗီတာမင်စီပမာဏနည်းခြင်းကို ပြန်လည်ကောင်းမွန်စေပါတယ်။


()သင့်ရဲ ့အစားအစာထဲမှာ လုံလောက်တဲ့ဗီတာမင်တွေထပ်ထည့်ပါ

လုံလောက်တဲ့ဗီတာမင်ကို မရရှိခြင်းဟာ ကိုယ်ဝန်ရနိုင်ချေကို ကျဆင်းစေပါတယ်။ ဖောလစ်အက်ဆစ်၊ဇင့်၊ အိုမီဂါ()ဖက်တီးအက်ဆစ်နဲ ့သံဓာတ်တို ့ဟာ ကိုယ်ဝန်ဆောင်ခြင်းမှာ အဓိကနေရာကနေပါဝင်ပြီး ကျန်းမာတဲ့ ကိုယ်ဝန်ဖြစ်ဖို ့ထိန်းသိမ်းပေးနိုင်ပါတယ်။


()ကော်ဖီလျှော့သောက်ပါ

သတင်းကောင်းကတော့ ကဖင်းဓာတ်ကို လုံးဝဖြတ်ပစ်ဖို ့မလိုပါဘူး။ ဒါပေမယ့် ကဖင်းပမာဏကိုကန် ့သတ်ခြင်းကတော့ အကြံဉာဏ်ကောင်းတစ်ခုဖြစ်ပါတယ်။ တစ်နေ ့ကို ကော်ဖီနှစ်ခွက်(ကဖင်းပမာဏ ၂၀၀မီလီဂရမ်)ထက်ပိုမသောက်ဖို ့ကြိုးစားကြည့်ပါ။ ကော်ဖီသာမကဘဲ လက်ဖက်ရည်၊ဆိုဒါ၊အားဖြည့်အချိုရည်နဲ ့ချောကလက်တို ့လို ကဖင်းပါတဲ့စားသောက်စရာတွေကိုလည်း ထည့်တွက်ဖို ့မမေ ့ပါနဲ ့။

Dr. MMO


Brightside

https://brightside.me/inspiration-family-and-kids/5-things-that-can-cause-infertility-and-5-that-can-make-you-more-fertile-794763/

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18