Print

“ မိန်းကလေးတွေအပေါ် စိတ်ဝင်စားမှုနည်းလာတာ ဘာကြောင့်လဲ”

  08-May-2020
Preview Image

              အချိန်တန် အရွယ်ရောက်လာတဲ့အခါ ဆန့်ကျင်ဘက်လိင်ကို စွဲလမ်းတတ်တာဟာ သဘာဝပါ။ လူမှုဘဝဝန်းကျင်ရဲ့ ရှုပ်ထွေးမှုတွေ၊ စီးပွားရေး အဆင်မပြေတာ၊ တချို့လည်း စီးပွားရေးနောက် အချိန်ပြည့် စိတ်ရောလူပါ နှစ်ပြီး လုပ်နေ တာတွေ၊ မိသားစုကို အချိန်မပေးနိုင်အောင် အလုပ်များသူတွေ၊ စိတ်ဖိစီးမှုတွေနဲ့ နပန်းလုံးနေရသူတွေက ဆန့်ကျင်ဘက်လိင်အပေါ် စွဲလမ်းမှု လျော့နည်းရာကနေ တချို့တွေမှာ အိမ်ထောင်ရေး အဆင်မပြေတဲ့ထိလည်း ဖြစ်နိုင်ပါတယ်။


စိတ်ဓာတ်ကျဝေဒနာ ခံစားနေရခြင်း

      လိင်ပိုင်းဆိုင်ရာ နှိုးဆော်မှုတွေက ဦးနှောက်က စတင်လာတာပါ။ စိတ်ဓာတ်ကျဆင်းနေပါက လိင်ပိုင်းဆိုင်ရာ နှိုးဆော်မှုတွေ မရှိတာကြောင့် ပန်းသေပန်းညှိုးတာကို ဖြစ်စေပါတယ်။ စိတ်ဓာတ်ကျဆင်းတာကို ကုသရတဲ့ဆေးတွေကလည်း စိတ်ဆန္ဒဖြစ်ပေါ်မှုကို ဖိနှိပ်ထားတာကြောင့် ပန်းသေပန်းညှိုးဖြစ်ပွားနိုင်ခြေကို များစေပါတယ်။


အရက်အလွန်အကျွံသောက်ခြင်း

       အရက် အနည်းငယ် သောက်လိုက်တဲ့အခါ စိတ်အလိုလိုက်ပြီးSexကိစ္စကို အလွန်အကျွံ လုပ်ဆောင်တတ်ကြပါသည်။ အရက် အလွန်အကျွံသောက်သုံးသူတွေကတော့ ခဏတာ Sex ကိစ္စဆောင်ရွက်နိုင်မှု မရှိတတ်ကြပါဘူး။ အရက်ကို သင့်တင့်အောင် သောက်သုံးပါက နှလုံးကျန်းမာရေးကို အထောက်အကူပြုနိုင်တယ် ဆိုပေမယ့် အများစုက အရက်ကို စွဲစွဲလမ်းလမ်းနဲ့ အလွန်အကျွံ သောက်သုံးတာကြောင့် ကျန်းမာရေး ထိခိုက်မှုတွေ ကြုံတွေ့နိုင်ပါတယ်။ တစ်နေ့ကို အရက်အနည်းငယ်လောက်သောက်တာက နှလုံးရောဂါဖြစ်ပွားနိုင်ခြေနဲ့ ပန်းသေပန်းညှိုးဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ဒါပေမဲ့ သင်က အရက်စွဲသူ တစ်ယောက်မဖြစ်ဖို့တော့ လိုပါတယ်။


ဆေးဝါးများသောက်သုံးနေရခြင်း

     ပန်းသေပန်းညှိုးဖြစ်စေတဲ့ ဆေးဝါးတွေများစွာရှိပါတယ်။ သွေးတိုးရောဂါအတွက် သောက်သုံးရတဲ့ သွေးဖိအားကျဆေးတွေ၊ နာကျင်ကိုက်ခဲမှုအတွက် သောက်သုံးနေရတဲ့ အကိုက်အခဲပျောက်ဆေးတွေနဲ့ စိတ်ဖိစီးမှုလျော့နည်းစေဖို့ သောက်သုံးနေရတဲ့ ဆေးဝါးတွေက အမျိုးသားတွေမှာ လိင် ကိစ္စ စွမ်းဆောင်နိုင်ရည်ကို လျော့နည်းစေပါတယ်။


စိတ်ဖိစီးမှုများခြင်း

      အလုပ်မှာ၊ အိမ်မှာ သင့်စိတ်ကို ဖိစီးမှုများစေတဲ့ အကြောင်းတွေ များစွာရှိပါတယ်။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်တွင်း အင်္ဂါတွေအပေါ်ကို သက်ရောက်မှုသာမက အမျိုးသားတွေရဲ့ လိင်တံအပေါ်မှာလည်း သက်ရောက်မှုတွေ ရှိပါတယ်။ စိတ်ဖိစီးမှုကို လျှော့ချဖို့သင်ရဲ့ နေထိုင်မှုပုံစံတွေ ပြောင်းလဲပါ၊ အပန်းဖြေ အနားယူပါ၊ လေ့ကျင့်ခန်းလုပ်ပါ၊ အိပ်ရေးဝဝ အိပ်စက်ပါ၊ လိုအပ်ပါက ဆရာဝန်ဆီကနေ အကြံဉာဏ်ရယူပါ။


ဒေါသကြီးခြင်း

      ဒေါသကြောင့်သင်ရဲ့ အိမ်သူသက်ထားနဲ့ ရန်ဖြစ်စကားများကြပြီး အိပ်ရာဝင်ချစ်ပုံပြင်တွေကို အကျည်းတန် အရုပ်ဆိုးမှု ဖြစ်စေပါတယ်။


ဗိုက်ရွှဲခြင်း

     ဝတဲ့ အမျိုးသားတွေမှာ ကျားဟော်မုန်းတက်စထရိုစတီရုန်းထုတ်လုပ်မှု လျော့နည်းတာကြောင့် လိင်စိတ်ဆန္ဒဖြစ်ပေါ်မှုနဲ့ စွမ်းဆောင်နိုင်မှုတွေ လျော့နည်းစေပါတယ်။ ဒါ့အပြင် အဝလွန်တဲ့ အမျိုးသားတွေမှာ သွေးတိုးရောဂါ ဖြစ်ပွားနိုင်ခြေများစေတဲ့အပြင် သွေးလွှတ်ကြောနံရံတွေ မာကျောနေတာကြောင့် အမျိုးသား အင်္ဂါတွေဆီ သွေးစီးဆင်းမှု လျော့နည်းကာ စွမ်းဆောင်ရည်ကျဆင်းစေပါတယ်။


သပ်သပ်ရပ်ရပ်မနေခြင်း

       မှန်ထဲမှာ သင့်ကိုယ်သင်ကြည့်လိုက်တဲ့အခါ သပ်ရပ်ကြည့်ကောင်းနေဖို့ လိုပါတယ်။ သင့်ကိုယ်သင် သပ်ရပ်ကြည့်ကောင်းပြီး ယုံကြည်မှုရှိမှသာ သင့်အိမ်ထောင်ဖက်အပါ် ဆွဲဆောင်မှု ပိုစေပါတယ်။


ကျန်းမာမှု မရှိခြင်း

      ဆီးချို သွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ သွေးလွှတ်ကြောတွေ မာကျောနေတာ၊ ကျောရိုးအာရုံ ကြောမကြီး ထိခိုက်ဒဏ်ရာရတာ စတာတွေ့ရှိနေရင် သင်တို့ အိမ်ထောင်ရေးမှာ သာယာမှုတွေ ဆိတ်သုဉ်းနေတတ်ပါတယ်။ ဆီးကျိတ်နဲ့ ဆီးအိမ်မှာ ရောဂါရှိလို့ ခွဲစိတ်ကုသမှု ခံယူထားတဲ့ အမျိုးသားတွေမှာ လိင်တံမာကျောဖို့ လုပ်ဆောင်ပေးတဲ့ အာရုံကြောနဲ့ သွေးကြောတွေ ထိခိုက်မှု ရှိတတ်ပါတယ်။ အဲဒီအခါမျိုးမှာလည်း အမျိုးသားတွေရဲ့ စွမ်းဆောင်နိုင်ရည်ကို ကျဆင်းစေပါတယ်။


ဆရာဝန်နှင့် တိုင်ပင်ပြသမှုမရှိခြင်း

      သင်ရဲ့လိင်ပိုင်းဆိုင်ရာ အခက်အခဲတွေကို ဆရာဝန်နဲ့ တိုင်ပင်ပြသဖို့ စိုးရွံ့နေတာမျိုးတွေကလည်း အမျိုးသားတို့ရဲ့ စွမ်းဆောင်နိုင်မှုကို အခက်အခဲဖြစ်စေပါတယ်။


သင့်မှာ ကျားဟော်မုန်း လျော့နည်းနေတာကြောင့်လား

    ကျားဟော်မုန်းဖြစ်တဲ့ တက်စထရိုစေတီ ရုန်းလျော့နည်းတဲ့အခါ ကျန်းမာရေးရာ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ မှတ်ဉာဏ်စွမ်းအားလျော့နည်းစေတာ၊ အရေပြားခြောက်သွေ့တာ၊ နှလုံးတိုက်ခိုက်ခံရတာ၊ လိင်စွမ်းရည်ကျဆင်းတာ၊ စိတ်ဓတ်ကျတာ၊ မောပန်းနေတာ၊ စိတ်ဆန္ဒမရှိတာ စတာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ကျားဟော်မုန်းလျော့နည်းတာကြောင့် အရိုး၊ နှလုံးနဲ့ ဦးနှောက်စတဲ့ ခန္ဓာကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်စေပြီး ခန္ဓာကိုယ်မှာ အဆီပိုတွေ စုဆောင်းမိလာစေပါသည်။

 

Credit : အလင်းဆေးဝါး

 

 

 

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18