Print

၃ ဇွန်းထဲရှိလို့ပါ

  23-Jul-2018
Preview Image

ကိုဂွစာ ချောင်းဆိုးနေသဖြင့် ဆေးခန်း လာပြသည်...

"ဆရာရေ... ချောင်းအရမ်းဆိုးနေတယ်ဗျာ..."

လိုအပ်သော စမ်းသပ်မှုများ ပြုလုပ်ပြီးနောက်
"ရော့... ဟောဒီ ဆေးရည်ကို တစ်နေ့ လက်ဖက်ရည်ဇွန်းနဲ့ ၄ ဇွန်းသောက်ပေးပါ..."

"ဗျာ... တခြား နည်းလမ်း မရှိဘူးလား ဆရာရယ်..."

"ဘာဖြစ်လို့လဲဗျ... ဒီဆေးက အစွမ်းထက်ပါတယ်..."

"ဟုတ်ကဲ့... သိပါတယ်... ဒါပေမယ့် အိမ်မှာက လက်ဖက်ရည်ဇွန်းက ၃ ဇွန်းထဲ ရှိလို့ပါ..."
  

ကြယ်မင်းတာယာ
Healthcare.com.mm



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18