Print

သွေးထဲမှာ မဲ့သ်ဟေမိုဂလိုဘင် များခြင်း (Methaemoglobinaemia)

  25-Feb-2017
Preview Image

 

သွေးထဲမှာ မဲ့သ်ဟေမိုဂလိုဘင်တွေက ၁ ရာခိုင်းနှုန်းထက် ပိုများနေရင် သွေးထဲမှာ မဲ့သ်ဟေဂလိုဘင်တွေ ရောက်နေပြီMethaemoglobinaemia ဖြစ်နေပြီလို့ ခေါ်ဝေါ် သတ်မှတ်ပါတယ်။ အဲသလို ဖြစ်ရတဲ့ အကြောင်းရင်းကတော့ ပုံမှန်ရှိရမယ့် Ferrous သံဓာတ်က Ferric ပုံစံ ဖြစ်သွားလို့ပါ။ ဒီတစ်ခါမှာ ခန္ဓာကိုယ် အနှံ့ဆီကို အောက်ဆီဂျင် သယ်ယူသွားနိုင်စွမ်းတွေ ကျသွားပါတော့တယ်။ သွေးထဲမှာ မဲ့သ်ဟေမိုဂလိုဘင် များနိုင်တဲ့အကြောင်းအရင်း နှစ်ခုရှိပါတယ်။ ပထမ တစ်ခုကတော့ မွေးရာပါ ရောဂါအနေနဲ့ ပါလာတာပါ။ ဒါကတော့ ဗီဇတည်ဆောက်ပုံ ကွဲသွားတတ်တာတွေနဲ့ ဆိုင်ပါတယ်။ ဒုတိယတစ်ခုကတော့ လူ့ပယောဂကြောင့် ဖြစ်ရတာပါ။ ဘယ်လို ဖြစ်ရတာလဲဆိုတော့ တချို့ဆေးတွေကို ( သောက်နေကျမို့လို့ ပုံမှန်သောက်သုံးနေရာက ဖြစ်ဖြစ် သောက်သုံးနေကြမဟုတ်ဘဲ မှားယွင်းပြီးတော့ သောက်သုံးမိရာကဖြစ်ဖြစ်) သောက်သုံးမိရင် သွေးထဲမှာ မဲ့သ်ဟေမိုဂလိုဘင်တွေ များလာတတ်ပါတယ်။ ဥပမာ ကိုယ်အရေပြားရောဂါသည်တွေ အတွက်သုံးတဲ့ Dapsone ဆေးတွေ၊ ငှက်ဖျားရောဂါကုဆေးတွေ၊ ကင်ဆာရောဂါကုဆေးတွေ ဆာလ်ဖာ (ကန့်) အုပ်စုဝင်ဆေးတွေနဲ့ ဆီးလမ်းကြောင်း ပိုးဝင်တာကို ကုတဲ့ Nitrofurans အုပ်စုဝင် ပိုးသတ်ဆေးတွေ ဖြစ်ကြပါတယ်။


တစ်ခါတစ်ရံကျတော့ ဆေးသောက်မိလို့ မဟုတ်ဘဲ (ဆေးမှားသောက်မိလို့ မဟုတ်ဘဲ) အဆိပ်မိတာမျိုးတွေကိုလည်း ဖြစ်တတ်ပါတယ်။ ဥပမာ- လယ်ယာ၊ ခြံ၊ မြေသုံးဆေးတွေနဲ့ ပိုးသတ်ဆေးတွေကြောင့်လည်း သွေးထဲမှာ မဲ့သ်ဟေမိုဂလိုဘင်တွေ အထွက်များသွားနိုင်ပါသည်။ ဒီအခါမှာ လူနာဟာဒုက္ခရောက်နိုင်ပါသည်။ ဒီရောဂါကို မွေးရာပါ အနေနဲ့ ရခဲ့ရင် မွေးကင်းစမှာပဲ ဒီကလေးကို ကျောက်သင်ပုန်းရောင်၊ မီးခိုး ဖျော့ဖျော့ကလေးနဲ့ အသက်ရှင်နေတာ တွေ့ရပါလိမ့်မယ်။ လူ့ပယောဂကြောင့် ရောဂါရတဲ့အခါမှာ ကျတော့ လူနာခံစားရတဲ့ လက္ခဏာတွေဟာ သွေးထဲမှာ မဲ့သ်ဟေမိုဂလိုဘင်တွေဘယ်လောက် များများ ရှိနေသလဲဆိုတဲ့ အပေါ်မှာမူတည်ပါတယ်။ ဖြစ်နိုင်ခြေတွေကတော့ အောက်ဖော်ပြပါ အတိုင်းပဲဖြစ်ပါတယ်။

 

၁။ သွေးထဲမှာ မဲ့သ်ဟေမိုဂလိုဘင် ၃-၁၅ ရာခိုင်နှုန်းရှိနေရင် အရေပြား အရောင်က နည်းနည်းပါးပါး ပြောင်းပါတယ်။ 

 

၂။ သွေးထဲမှာ မဲ့သ်ဟေမိုဂလိုဘင်က ၁၅ - ၂၀ ရာခိုင်နှုန်းအထိ ရှိနေရင်တောင်မှ လူနာက သိပ်ပြီးတော့ မခံစားရသေးပါဘူး။ 

 

၃။ သွေးထဲမှာ မဲ့သ်ဟေမိုဂလိုဘင်က ၂၅ - ၅၀ ရာခိုင်နှုန်းအထိ ရှိနေရင်တော့ လူနာဟာခေါင်းကိုက်လာပါလိမ့်မယ်။ အသက်ရှူကျပ်လာပါမယ်။ အားအင်တွေ လျော့လာပါမယ်။ စိတ်တွေ တုန်လာပါမယ်။ ရင်ဘတ်အောင့်လာပါမယ်။

 

၄။ သွေးထဲမှာ မဲ့သ်ဟေမိုဂလိုဘင်တွေ ၅၀ - ၇၀ ရာခိုင်နှုန်းအထိ ရှိနေပြီဆိုရင်တော့ နှလုံးခုန်သံတွေ အရမ်းမြန်လာပါမယ်။ စိတ်ဓာတ်အခြေအနေတွေ ပြောင်းလဲလာပါမယ်။ ကယောင်ချောက်ချားတွေ ဖြစ်လာပါမယ်။ “ တက်" (fits) လာပါမယ်။ မေ့မြောသွားနိုင် ပါတယ်။ ဒီတစ်ခါမှာ လူနာရဲ့ အခြေအနေက သိပ်မကောင်းတော့ပါဘူး။

 

၅။ သွေးထဲမှာ မဲ့သ်ဟေမိုဂလိုဘင်တွေက ၇၀ ရာခိုင်နှုန်းထက် ပိုများလာပြီး ဆိုရင်တော့ လူနာရဲ့ အသက်ဟာ ဆုံးရှုံးသွားနိုင်ပါတယ်။ 

 

သွေးထဲမှာ မဲ့သ်ဟေမိုဂလိုဘင်တွေ အရောက်များနေတာကို ကုဖို့ဆိုရင် အခြေအနေကို (ရောဂါကို) ချက်ချင်း ရိပ်မိဖို့ (သိဖို့) လိုပါတယ်။ သိတာနဲ့တစ်ပြိုင်နက် ချက်ချင်းကုသဖို့ ကလည်း အင်မတန်မှ အရေးကြီးလှပါတယ်။ ကုသတဲ့နည်းကတော့ အောက်ဆီဂျင်အလုံအလောက်ပေးမယ်၊ ဖြေဆေးအနေနဲ့ Methylene Blue ကိုပေးရပါမယ်။

 

သွေးထဲမှာ မဲ့သ်ဟေမိုဂလိုဘင်တွေ အရောက်များနေတဲ့ ရောဂါက တွေ့ရခဲတဲ့ ရှားပါးရောဂါတစ်ခုပါ။ ဒါပေမဲ့လို့ ဆေးရုံကို လာတက်တဲ့ လူနာတစ်ယောက် “ပြာနှမ်း” နေတာကိုအောက်ဆီဂျင်များများ ပေးကုတာတောင်မှ မသက်သာခဲ့ရင် ဒီရောဂါ (သွေးထဲမှာ မဲ့သ်ဟေမိုဂလိုဘင် အရောက်များနေတဲ့ရောဂါ) ကို သံသယ ရှိသင့်ပါတယ်။ ရောဂါကို မြန်မြန်သိဖို့ ဖြေဆေးတွေ စောစောစီးစီး ပေးကုသနိုင်မှသာ လူနာရဲ့ အသက်ကို ကယ်တင်နိုင်ပါလိမ့်မည်။

 

Healthcare.com.mm

Ref:
ဒေါက်တာဝင်း (ဆေး-မန်း)
Wellness January 2015, Pg. 112

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18