Print

Laryngitis (အသံအိုး ရောင်ရမ်းခြင်း)

  31-Oct-2018
Preview Image

အသံအိုးကို အလွန်အကျွံ အသုံးပြုခြင်း (ဥပမာ - အော်ဟစ်၍ စကားပြောရခြင်း)၊ လည်ချောင်းယားယံခြင်း၊ ပိုးဝင်ခြင်းတို့ကြောင့် အသံအိုးရောင်ရမ်းနိုင်သည်။ အသံအိုးရှိ အသံကြိုးများရောင်ရမ်းခြင်းကြောင့် အသံဝင်ခြင်း၊ အသံသြခြင်းတို့ကို ဖြစ်စေသည်။ အများစုမှာ ဗိုင်းရပ်စ်ပိုးဝင်ခြင်းနှင့် အသံကြိုးတင်းခြင်းတို့ကြောင့် ဖြစ်ရသည်။

လက္ခဏာများ

          အသံအိုးရောင်ရမ်းပါက တစ်ပတ်အတွင်းတွင် ပြန်လည်သက်သာနိုင်သည်။ ရောဂါလက္ခဏာများ အနေဖြင့်

·         အသံသြခြင်း

·         အသံဝင်ခြင်း

·         လည်ချောင်းယားခြင်း၊ နာခြင်း

·         လည်ချောင်း ခြောက်ခြင်း

·         ချောင်းခြောက်ဆိုးခြင်း


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

·         လည်ချောင်းရောင်ရမ်းသည့် လက္ခဏာများ နှစ်ပတ်နှင့်အထက်ကြာသည်အထိ ရှိနေခြင်း

·         အသက်ရှူရခက်ခြင်း

·         ချောင်းဆိုးသွေးပါခြင်း

·         အဖျားမကျခြင်း

·         လည်ချောင်းပိုမိုနာကျင်လာခြင်း

·         အစာမျိုရခက်ခြင်းတို့ ဖြစ်ပေါ်ပါက နီးစပ်ရာဆရာဝန်ထံ သွားရောက်ကာ အမြန်ဆုံး ဆေးကုသမှုခံယူသင့်သည်။

ကလေးများတွင်

·         အသက်ရှူသံ ပြင်းလာခြင်း

·         သွားရည်ကျခြင်း

·         အစာမျိုချရခက်ခြင်း

·         အသက်ရှူရခက်ခြင်း

·         အဖျား ၁၀၃ ဒီဂရီဖာရင်ဟိုက်ထက်ကျော်အောင် ဖျားခြင်းတို့ဖြစ်ပေါ်ပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးသွားရောက် ပြသသင့်သည်။


ဖြစ်ပွားရသော အကြောင်းရင်းများ

ခေတ္တ အသံအိုးရောင်ရမ်းခြင်း ( Acute Laryngitis ) သည်

·         အအေးမိခြင်း၊ ဗိုင်းရပ်စ်ပိုးဝင်ခြင်း

·         အသံအိုးကို အလွန်အကျွံ အသုံးပြုရခြင်း၊ အော်ဟစ်ခြင်း

·         ဆံုံဆို့ရောဂါကဲ့သို့သော ဘတ်တီးရီးယားပိုးများဝင်ခြင်းကြောင့် ဖြစ်ရသည်။



နာတာရှည် အသံအိုးရောင်ရမ်းခြင်း (Chronic Laryngitis)

သုံးပတ်ထက်ကျော်၍ အသံအိုးရောင်ရမ်းခြင်းကို နာတာရှည် အသံအိုးရောင်ရမ်းခြင်းဟုခေါ်သည်။

·         ဓာတုဓာတ်ငွေ့များ၊ မတည့်သော အမှုန်များ၊ မီးခိုးများရှူမိခြင်း

·         အစာအိမ်အတွင်းမှ အက်ဆစ်များ အထက်သို့ ပြန်တက်ခြင်း

·         ထိပ်ကပ်နာရှိခြင်း

·         အရက်အလွန်အကျွံသောက်ခြင်း

·         အသံကျယ်လောင်စွာပြောတတ်သော အလေ့ရှိခြင်း

·         ဆေးလိပ်သောက်ခြင်း

·         ဘက်တီးရီးယား၊ မှိုနှင့် ကပ်ပါးကောင်တို့ကြောင့် ဖြစ်ရသည်။

-      လည်ပင်းပိုင်းတွင် ကင်ဆာဖြစ်နေသူများ

-      ထိခိုက်မိခြင်း၊ လေဖြတ်ခြင်း၊ အဆုတ်အတွင်း အကျိတ်တည်ခြင်းတို့ကြောင့် အသံကြိုး မလှုပ်ရှားနိုင်ခြင်း

-      အသက်အရွယ်အိုမင်းခြင်းတို့ကြောင့်လဲ အသံသြနိုင်ပြီး အသံအိုးရောင်ရမ်းခြင်းနှင့် မှားယွင်းနိုင်သည်။



ဖြစ်နိုင်ချေများသူများ

·         အအေးမိခြင်း၊ လေပြွန်ရောင်ခြင်း၊ ထိပ်ကပ်နာစသော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများရှိသူများ

·         ဆေးလိပ်၊ အရက် အလွန်အကျွံသောက်သုံးသူများ

·         ဓာတုဓာတ်ငွေ့များ ရှူမိသူများ

·         အသံကျယ်လောင်စွာ အသုံးပြုရသူများတွင် အဖြစ်များသည်။

·         နောက်ဆက်တွဲ ပြဿနာများ

·         အသံအိုးပိုးဝင်ရောင်ရမ်းခြင်းကို အချိန်မီမကုသပါက ပိုးများအသက်ရှူလမ်းကြောင်းသို့ ပျံ့နှံ့သွားနိုင်ပါသည်။



စစ်ဆေးမှုများ

·         အသံအိုးရောင်ရမ်းခြင်း၏ အဓိက လက္ခဏာဖြစ်သော အသံသြခြင်း၊ အသံဝင်ခြင်းတို့ကို စစ်ဆေးခြင်း

·         အသံအိုးကို ပြွန်ထည့်၍ စစ်ဆေးခြင်း

·         အသားစယူ စစ်ဆေးခြင်း တို့်ကို ပြုလုပ်နိုင်ပါသည်။


ကုသခြင်း

ရေတို အသံအိုးရောင်ရမ်းခြင်းမှာ တစ်ပတ်အတွင်းတွင် သက်သာသွားတတ်သည်။

နာတာရှည် အသံအိုးရောင်ရမ်းနေပါက

·         အကြောင်းရင်းများဖြစ်သည့် ဆေးလိပ်၊ အရက် အလွန်အကျွံသောက်ခြင်းကို ရပ်ခြင်း၊ အစာအိမ်တွင်း အက်ဆစ်များခြင်းကို ကုသခြင်း

·         ပိုးသတ်ဆေးများသောက်ခြင်း

·         စတီးရွိုက်များသောက်ခြင်း တို့ဖြင့် ကုသနိုင်ပါသည်။


အိမ်တွင်းကုထုံးများအဖြစ်

·         ရေနွေးငွေ့ရှူခြင်း

·         အသံအိုးကို အသုံးပြုဘဲ အနားပေးခြင်း

·         ရေများများသောက်ခြင်း

·         ဆားရည်ဖြင့် ပလုပ်ကျင်းခြင်း

·         တီးတိုးပြောခြင်းကို ရှောင်ခြင်း တို့ကို ပြုလုပ်နိုင်ပါသည်။

 

ကာကွယ်ခြင်း

·         ဆေးလိပ်သောက်ခြင်း၊ ဆေးလိပ်ငွေ့ရှူခြင်းတို့ကို ရှောင်ခြင်း

·         အရက်၊ ကော်ဖီတို့ကို အလွန်အကျွံ မသောက်ခြင်း

·         ရေများများသောက်ခြင်း

·         အစပ်များကို ရှောင်ခြင်း

·         အသီးအရွက်၊ အသီးအနှံများ၊ ဆန်၊ ဂျုံ၊ ပြောင်းတို့ကို များများစားခြင်း

·         မကြာခဏ လည်ချောင်းရှင်းခြင်းကို ရှောင်ခြင်း

·         အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ မဖြစ်အောင် ဂရုစိုက်ခြင်းတို့ဖြင့် ကာကွယ်နိုင်ပါသည်။

 

Lei (Healthcare.com.mm)

Ref; Mayo Clinic

 

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18