Print

ဗိုက်သားအဆီထွက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဗိုက်ပူပုံ ပူနည်း အမျိုးအစား (...

  13-Nov-2018
Preview Image

ခါးဆိုဒ်တွေ ကြီးကြီးလာလို့ နေ့စဉ်ပုံမှန် အစားအသောက်ကို စနစ်တကျနဲ့ စည်းကမ်းရှိရှိ စားသုံးဖို့ စီစဉ်ထားတယ်ဆိုရင် အရင်ဦးဆုံး ကိုယ့်ဗိုက်သား အဆီအကြောင်း အရင်ဦးဆုံး သိရှိထားဖို့ လိုအပ်ပါတယ်။ နောက်ပြီး ကိုယ်နဲ့ကိုက်ညီမယ့် နည်းလမ်းကို လေ့လာကြည့်ပါ။

ဖူးယောင်သလိုမျိုးဖြစ်နေတဲ့ ဗိုက်သားအဆီ

နေထိုင်မကောင်းဖြစ်တဲ့အထိ အစာအိမ်စူတက်လာတယ်ဆိုတာ ခန္ဓာကိုယ်က လက်မခံတဲ့ အစားအသောက်တွေ ၊ ဗီတာမင်အနည်းငယ်သာပါဝင်တဲ့ အစားအစာတွေနဲ့ သတ္တုဓာတ် သို့မဟုတ် ဓာတ်မတည့်မှုတွေရဲ့ ရလဒ်တစ်ခုကြောင့်ပါပဲ။ပြောင်းလဲဖို့ ပထမဦးဆုံး လုပ်ဆောင်ရမှာက အစာချေစနစ်ကို အကျိုးပြုပေးမယ့် အချိုရည်တွေ စတင်သောက်သုံးဖို့နဲ့ ဖူးယောင်နေတာကို လျော့ကျစေဖို့ပဲဖြစ်ပါတယ်။ ဒီနေရာမှာ လိုအပ်တဲ့ အချက်တစ်ခုက မျှတတဲ့ အစားအစာပဲဖြစ်တယ်။ လေ့ကျင့်ခန်းတွေကိုလည်း အသည်းအသန်လုပ်နေစရာလည်း မလိုအပ်ပါဘူး။

မွှေးကျင်းပေါက် ကျယ်လာစေတဲ့ ဗိုက်သားအဆီ

ဒီအမျိုးအစားက ခန္ဓာကိုယ်မနိုင်တော့တာ၊ မလှုပ်ရှားနိုင်တာနဲ့ တစ်နေရာတည်းမှာ အချိန်အကြာကြီး ထိုင်ခြင်းကြောင့် ဖြစ်လာတဲ့ ဗိုက်သားအဆီစုလာတာပဲဖြစ်တယ်။ အဲဒီအပြင် အချိုဓာတ်များတဲ့ အစားအစာတွေ စားသုံးခြင်းနဲ့လည်း ပြဿနာတွေ ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ဒီလိုဗိုက်မျိုးနဲ့ ရင်ဆိုင်လာရပြီဆိုရင် ခန္ဓာကိုယ်အတွင်း အရက်သေစာနဲ့ ဆိုဒါ သောက်သုံးခြင်းတွေ လျော့ချဖို့ လိုအပ်ပါတယ်။ အချိုရည် အပါအဝင် နေ့စဉ်ပုံမှန်အရက်သောက်ခြင်း ရပ်တန့်ဖို့ အကောင်းဆုံးဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အစားအစာတွေ စားသုံးခြင်းက အဆီကျဖို့ အလွယ်ကူဆုံး နည်းလမ်းဖြစ်ပါတယ်။

တွဲကျနေတဲ့ ဗိုက်သားအဆီ

ဝမ်းဗိုက်အောက်တွဲကျနေစေတဲ့ ပျော့ပျောင်းတဲ့အစာအိမ်ကို နေရာတစ်ခုထဲမှာ အထိုင်များခြင်း နဲ့ အမြဲတမ်း အစားအသောက်တစ်မျိုးတည်း စားသုံးခြင်းကြောင့် ဖြစ်လာလေ့ရှိပါတယ်။ ဒီလို အစာအိမ်မျိုးက လှုပ်ရှားမှုနည်းပြီး ခန္ဓာကိုယ်ပိန်တဲ့သူတွေမှာဖြစ်နိုင်ချေရှိပါတယ်။ ဒီလိုမျိုးကိစ္စမျိုးမှာ အရေးကြီးဆုံးအချက်က မျှတတဲ့ နေစဉ်အစားအသောက်၊ ကျန်းမာရေးနဲ့ကိုက်ညီတဲ့ အချိုရည်နဲ့ အဆီကျစေတဲ့ သစ်သီးဖျော်ရည်ရောသမမွှေ ပေါင်းစပ်ခြင်းရဲ့ အစွမ်းပဲဖြစ်ပါတယ်။

တောင့်တင်းနေတဲ့ ဗိုက်သားအဆီ
တွဲကျနေတဲ့ ဗိုက်သားအဆီမျိုးဟာ အစားမက်သူတွေမှာ ဖြစ်လေ့ရှိပါတယ်။ နောက် အစာအိမ်ယောင်ခြင်းနဲ့ အစာမကြေပြဿနာဖြစ်သူတွေမှာလည်း ဖြစ်လေ့ရှိပါသေးတယ်။ဒီလိုဗိုက်သားအဆီမျိုး ဖြေရှင်းဖို့ တစ်ခုတည်းသောနည်းလမ်းက အစာရှောင်တဲ့ အကျင့်ကို ရပ်တန့်ဖို့နဲ့ လမ်းဘေးမှာ အလွယ်တကူရတဲ့ အစားအစာတွေနဲ့ ကဖင်းဓာတ်သောက်သုံးတဲ့ပမာဏကို လျော့ချဖို့ သာဖြစ်တယ်။

Ref:
ကျန်းမာရေး ဗဟုသုတ

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18