Print

ကာလသားရောဂါ အစောပိုင်းလက္ခဏာအဖြစ် အသည်းအင်ဇိုင်းများ မြင့်တက်

  08-Jan-2019
Preview Image


ကာလသားရောဂါ (Syphilis) မှာ ၎င်းင်း၏ အစောပိုင်း အဆင့်တွင် အင်ဇိုင်း alanine transaminase, aspartate aminotransferase, gammaglutamyl-transferase, alkaline phasphatae တို့တက်နေပြီး ရောဂါလက္ခဏာအနေဖြင့် ရုတ်တရက် သည်းခြေပြန်ကျဉ်း၍ ရောင်ရမ်းခြင်း (acute sclerosing cholangitis)  ဖြစ်တတ်သည်။ အသည်းအင်ဇိုင်းများ မြင့်တက်နေခြင်းHIV ကူးစက်ခံနေရပြီး ကာလသားရောဂါ ကူးစက်နေသူများတွင် တွေ့ရလေ့ရှိသည်။ Primary Sclaerosing Cholangitis (PSC) ) မူလသည်းခြေပြွန်ကျဉ်း၍ ရောင်ရမ်းခြင်းမှာ နာတာရှည်ရောဂါတစ်မျိုးဖြစ်သည်။ ယင်းကဲ့သို့ ဖြစ်ပွားပါက သည်းခြေပြန်မှာ တဖြည်းဖြည်း အမာရွတ်များကြောင့် ကျဉ်းလာပြီး အသည်းမှထွက်သော သည်းခြေရည်များက အသည်းတွင်းပိတ်နေပြီး အသည်းအားဆိုးဝါးစွာ ပျက်ဆီးစေသည်။ ကာလသားရောဂါမှာ လိင်မှတဆင့်ကူးစက်သော ရောဂါတစ်မျိုးဖြစ်ပြီးTreponema Pallidum ကြောင့် ဖြစ်ပွားသောရောဂါဖြစ်သည်။ ၎င်းင်းအားအဆင့် ၃ ဆင့်ခွဲထားပြီး ပထမအဆင့်တွင် လိင်အင်္ဂါတဝိုက်တွင်သာဖြစ်ပြီး၊ ဒုတိယအဆင့်တွင် အနီပြင်များထွက်ခြင်း၊ လည်းချောင်းနာခြင်းတို့ ဖြစ်ပွားကာ အခြားအင်္ဂါများသို့ကူးစက်ခံရနိုင်ကာ၊ တတိယအဆင့်တွင် အပြင်းထန် ဆုံးအဆင့်ဖြစ်ပြီး အာရုံကြောမ၊ နှလုံးနှင့်
အရေပြားတို့တွင် လက္ခဏာပြလေသည်။ တိကသောပဋိဇီဝဆေးများဖြင့် ကုသပါကပျောက်ကင်းနိုင် ပြီး၊ အဆင့်(၃)ထိ ဖြစ်ပွားသူ ရှားပါးလေသည်။ ထို့ကြောင့် ကာလသားရောဂါအား စောစီးမှန်ကန်စွာ ကုသနိုင်ခြင်းအားဖြင့် စရိတ်စက ကုန်ကျစရိတ်များစွာလျော့ချနိုင်မည်ဖြစ် လေသည်။


Ref: ဖိုးသောကြာ

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18