Print

ရွှေလည်တိုင် လှပစေဖို့

  17-Jan-2019
Preview Image


မိန်းမသား တစ်ယောက်ရဲ့ အလှဟာ မျက်နှာ အသားအရေ၊ ကိုယ်ခန္ဓာကောက်ကြောင်း၊ ဆံပင်တွေလို့ပဲ သတ်မှတ်တတ် ကြပါတယ်။ တကယ်တော့ ဒါဟာ ပြီးပြည့်စုံတဲ့ အလှတရား မဟုတ်သေးပါဘူး။ လှပကြော့ရှင်းတဲ့ လည်တိုင်ရဲ့အလှတရားနဲ့ ပေါင်းစပ် လိုက်မှသာ ပြည့်စုံတာပါ။ လည်တိုင်တစ်လျှောက်က တွန့်နေတဲ့ အရေးအကြောင်းတွေနဲ့ အစက်အပြောက် တွေရှင်းလင်းမှု မရှိတာကလည်း အလှတရား ကိုဖျက်ဆီးနေ တတ်ပါတယ်။ လည်ပင်းအရေပြားတွေ တွန့်လာရခြင်းရဲ့ အကြောင်းရင်းခံ တစ်ချက်ဟာ အရေပြားရဲ့ကျုံ့နိုင် ဆန့်နိုင်တဲ့ သတ္တိတွေလျော့ကျ လာလို့ပါတဲ့။ ဒါပေမဲ့ ကြွက်သားတွေရဲ့ အားနည်းမှုကြောင့်လည်း အတော်များများ ဖြစ်ပေါ်တတ်လေ့ ရှိသေးတယ်လို့ ဆိုပါတယ်။

အမျိုးသမီး တော်တော်များများဟာ မျက်နှာအသားအရေကိုပဲ ဂရုစိုက်တတ်ကြပြီး လည်ပင်းတွေကိုတော့ မေ့လျော့နေတတ်ပါတယ်။ လည်တိုင်ရဲ့အလှအပအတွက် အထူးတလည် ဂရုပြုမိကြလေ့မရှိသလို လက်မောင်း၊ ပေါင်တံ၊ တင်သား လေ့ကျင့်ခန်းတွေလိုမျိုး လည်ပင်းအတွက် သီးသန့်လေ့ကျင့်ခန်းကိုလည်း ပြုလုပ်ဖို့ မေ့လျော့တတ်ကြပါတယ်။
လည်ပင်းအရေပြားတွေကို ထိန်းသိမ်းဖို့ အတွက် skin-care product တွေ သီးသန့်ရှိပေမဲ့ ဒီတစ်ချက်တည်းနဲ့တင် လုံလောက်မှု မရှိပါဘူး။ လည်တိုင်တစ်လျှောက်က အသားအရေတွေဟာလျော့တွဲ မလာဖို့ကိုလည်း ဂရုစိုက်ရပါမယ်။ လည်တိုင်တစ်လျှောက်က အရေပြားတွေ လျော့တွဲကျနေတယ်ဆိုရင် ဇရာရဲ့ အဓိကလက္ခဏာ ရောက်လာတာပါပဲ။ ဒီလိုလျော့တွဲကျလာမှုကို မထိန်းသိမ်းနိုင်ခဲ့ရင် လည်တိုင်တွေဟာ အသက်ထက် ပိုမိုစောစီးစွာ အိုမင်းလာပါလိမ့်မယ်။ ဒါကြောင့် ပျိုမေတို့အတွက် လှပကြော့ရှင်းတဲ့ လည်တိုင်ကို ပိုင်ဆိုင်ဖို့အတွက် ထိန်းသိမ်းနည်းတွေထဲက အထိရောက်ဆုံး အချို့ကိုဖော်ပြပေးလိုက်ပါတယ်။လည်တိုင် အလှအပအတွက် အသားအရေ ထိန်းသိမ်းဖို့ နဲ့အတူ ကြွက်သားတွေကို ထိန်းသိမ်းဖို့လည်း လိုအပ်ပါတယ်။

ဘယ်အရာတွေကအလှကိုဖျက်နေသလဲ

အသားအရေပျက်စီးမှု အရေပြားပေါ်က အစက်အပြောက်တွေကမျက်နှာနဲ့မလိုက်ဖက်စေတတ်ပါဘူး။ ဒါက လည်တိုင် အသားအရေ ပျက်စီးမှုပါ။ အရေပြားနဲ့ကြွက်သားပျက်စီးမှု လည်ပင်းတွေမှာရှိနေတဲ့ အလျားလိုက် အရစ်တွေကိုလည်ဆွဲရစ်တွေ လို့ခေါ်ကြပါတယ်။ အဲဒီ အရစ်ကြောင်းတွေဟာ အတွေ့ရအများဆုံး အရေပြားလျော့တွဲမှု ပြဿနာပါပဲ။ တစ်ခါတလေတော့ နေရောင်ခြည် ထိတွေ့မှုပြဿသနာတွေရယ်နဲ့ အိပ်စက်မှု ပုံစံမှားတွေကြောင့် ဒေါင်လိုက် အရေးကြောင်းတွေပါ ဖြစ်ပေါ်တတ်ပါသေးတယ်။ တချို့အဝလွန်သူတွေမှာတော့ မေးနှစ်ထပ်လို့ခေါ်တဲ့ အဆီပြင်အရေပြားတွေ တွဲကျနေတတ်ပါတယ်။

ဘယ်လိုကာကွယ်ပြုပြင်မလဲ
-ဆေးလိပ် မသောက်ပါနဲ့ ကိုလာ ဂျင်တွေကို ပျက်စီးစေပါတယ်။ လွယ်ကူစွာအိုမင်းရင့်ရော်စေပါတယ်။

- နေရောင်ခြည်ကို သတိထားပါ။ Moisturizer သုံးပါ၊ နေရောင်ခံခရင်မ်တွေ လိမ်းပါ။ လည်တိုင် အရေပြားတွေရဲ့ ကျုံ့နိုင်ဆန့်နိုင်မှုကို ထောက်ပံ့ပေးမယ့် Tightening Neck Cream အချို့ကိုလည်း သုံးစွဲနိုင်ပါတယ်။ ဒီ neck cream တွေဟာ ကော်လာဂျင် နဲ့ elastic tissue တွေကိုတော့ အနည်းငယ် ထောက်ပံ့ပေးပါလိမ့်မယ်။

- ညအိပ်ခါနီးတိုင်းမှာ မျက်နှာလိုပဲ လည်ပင်းတစ်လျှောက်က မိတ်ကပ်တွေကို ဖျက်ပစ်ဖို့နဲ့ ဆေးကြောသန့်စင်ပေးဖို့ လိုပါတယ်။ ပုံမှန် သုံးနေကျ facial cleanser ကိုပဲ အသုံးပြုလို့ ရပါတယ်။

- နေရောင်ခြည်ကို ထွက်တဲ့အခါ SPF ပါတဲ့ sunscreen ကို အသုံးပြုဖို့လိုပါမယ်။

လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

လေ့ကျင့်ခန်းဟာ လည်တိုင်နဲ့ ပါးစပ်တွေကို လှုပ်ရှားမှုပြုရတဲ့ လေ့ကျင့်ခန်းတွေ ပဲဖြစ်ပါတယ်။ ပါးစပ်ကို ဖွင့်ပြီး နှုတ်ခမ်းတွေကို ”အို” သဏ္ဌာန်ဖြစ်အောင် ပြုလုပ်ပါ။ ဒါမှမဟုတ် အိုလို့ အသံထွက်ကြည့်ပါ။ မေးရိုးအောက်တွေ အပြင် နှုတ်ခမ်းကိုပါ အရေပြားတွန့်ခြင်းမှ ကာကွယ်ပေးပါတယ်။ ပခုံးကို ဒီအတိုင်းထားပြီး လည်တိုင်ကို ရှေ့တည့်တည့်ကို ထုတ်လိုက်ပါ။ တစ်ဖန် ပုံမှန် နောက်ပြန်ဆုတ်ပါ။ မေးစေ့အောက်က အဆီတွေ လျောတွဲကျလာမှုကို ကာကွယ်ပါတယ်။ မေးကိုထိုးပြီး မျက်နှာကို မော့လိုက်ပါ။ ဒါက မေးစေ့အောက်ကနေ လည်တိုင်တစ်လျှောက်ထိ ကြွက်သားတွေအတွက် ထိရောက်ပါတယ်။ မေးထိုးပြီး မျက်နှာကို ၄၅ ဒီဂရီမော့လိုက်ပါ နှုတ်ခမ်းတွေ ကိုထော်လိုက်ပါ။ မေးနှစ်ထပ်ဖြစ် တာကို ကာကွယ်ပေးတဲ့ လေ့ကျင့်ခန်းပါ။

Ref:
ရွှေနေခြည်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18