Print

အစာအိမ်နာပိုးဆိုတာ ဘာလဲ

  20-Jan-2019
Preview Image

H.pylori (Helicobacter pylori) ဆိုသည်မှာ အစာအိမ်အား ကူးစက်သော bacteria တစ်မျိုးဖြစ်သည်။ ၎င်းင်းတို့၏ ထူးခြားချက်မှာ အစာအိမ်မှ ထုတ်သောH.pylori (Helicobacter pylori) ဆိုသည်မှာ အစာအိမ်အား ကူးစက်သော bacteria တစ်မျိုးဖြစ်သည်။ ၎င်းင်းတို့၏ ထူးခြားချက်မှာ အစာအိမ်မှ ထုတ်သော

အက်ဆစ် (hydrochloric acid) ဒဏ်ကို ခံနိုင်ရန် Urease အင်ဇိုင်းကို ထုတ်ကာ အက်ဆစ်ကို တန်ပြန်ရန် Urea ကို ammonia အဖြစ် ပြောင်းလဲပြီး အစာအိမ်ထဲတွင် ကြာရှည်နေထိုင်ကာ လူအား ဒုက္ခပေးတော့သည်။  H.pylori ကူးစက်ခံရမှုအကျဉ်း H.pylori သည် လူတစ်ဦးထံမှ အခြားတစ်ဦးဆီသို့ အောက်ပါနည်း လမ်းများဖြင့် ကူးစက်တတ်သည်။


(၁) တံတွေး (saliva)
(၂) မသန့်ရှင်းသော သောက်ရေနှင့် အစားအစာ(Faecal contamination)
(၃) တစ်ကိုယ်ရေသန့်ရှင်းမှု မရှိခြင်း (poor hygiene pratice)


အိမ်တွင် အစားအသောက် ချက်ပြုတ်ပြင်ဆင်သူများ၏ မသန့်ရှင်းမှုမှတစ်ဆင့် ကလေးသူငယ်များသို့ ကူးစက်တတ်သည်။  H.pylori သည် အစာအိမ်နှင့် အူသိမ်နာ (gastric & duodenal ulcers) များဖြစ်စေသော အဓိကအကြောင်း တစ်ခုဖြစ်သည်။
ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံခန့်သည် H.pylori bacteria ကူးစက်ခံထားရသည်။ အများစုမှာ ငယ်စဉ်ကတည်းက ကူးစက်ခံထားရပြီး မိမိကိုယ်တွင် ရောဂါပိုးရှိမှန်း မသိကြပေ။ အစာအိမ်နှင့် ပတ်သက်သော ရောဂါလက္ခဏာများ ခံစားလာရချိန်တွင်မှသာလျှင် ရောဂါပိုးရှိ ကြောင်း သိရှိကြသည်။ H.pylori ရဲ့ ရောဂါလက္ခဏာများ


(၁) အစာအိမ်နေရာတွင် အောင့်ခြင်း၊ နာခြင်း၊ ပူလောင်နေခြင်း၊
(၂) အစာမကြေခြင်း၊ လေချဉ်တက်ခြင်း၊
(၃) ဗိုက်နာခြင်းသည် အစာမရှိချိန်တွင် နာခြင်း၊ (ဥပမာ မနက်စောစော အိပ်ရာထချိန်၊ အစာ စားချိန်တွင် မစားခြင်း)
(၄) ကိုယ်အလေးချိန်လျော့ခြင်း
(၅) ပိုမိုပြင်းထန်ပါက အန်ခြင်း၊ သွေးအန်ခြင်း၊ ဝမ်းထဲ သွေးပါခြင်း တို့ဖြစ်နိုင်ပါသည်။

တစ်ချို့သော ရောဂါပိုးရှိသူ များတွင် မည်သည့် ရောဂါလက္ခဏာ များ ပြလေ့မရှိပါ။ H.pylori ၏ ကူးစက်ပျံ့နှံ့ပုံလူတစ်ဦးမှ တစ်ဦးဆီသို့ တံတွေးမှလည်းကောင်း၊ မသန့်ရှင်း သော အစားအစာနှင့်ရေမှတစ်ဆင့်ဖြစ်စေ၊ လက်မဆေးခြင်း အစရှိသော
တစ်ကိုယ်ရေသန့်ရှင်းမှုမရှိသောသူများမှတစ်ဆင့် Fecal-oral route ခေါ် ပါးစပ်မှတစ်ဆင့် ကူးစက်ခြင်းဖြင့် ငယ်စဉ်ကတည်းက ကူးစက်ခံရ လေ့ရှိသည်။ဘယ်အချိန်တွင် ဆရာဝန်နှင့် သွားရောက်တိုင်ပင်ဆွေးနွေးသင့်သလဲ အစာအိမ်ရောင်ရမ်းခြင်းနှင့် အစာအိမ်အနာရောဂါဝေဒနာ လက္ခဏာများခံစားနေရပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြီး လိုအပ်ပါက ရောဂါပိုးရှိမရှိ စမ်းသပ်မှုများ ပြုလုပ်သင့်ပါသည်။


Investigations စမ်းသပ်မှုများ
(၁) blood test (သွေးထဲတွင် ရောဂါပိုး၏ အစိတ်အပိုင်းကို စစ်ခြင်း)
(၂) breath test (ရှူထုတ်သော လေထဲတွင် ပါဝင်သော Urea ပမာဏကို စစ်ခြင်း)
(၃) biopsy urease test (အသားစ စစ်ဆေးခြင်း)
(၄) Culture of biopsy specimen for H.pylori (ပိုးမွေးခြင်း)
ဝမ်းထဲတွင် သွေးပါခြင်း (သို့ မဟုတ်) သွေးအန်ခြင်းများ ဖြစ်ပါက ဆရာဝန်နှင့် အရေးပေါ်တိုင်ပင် ဆွေးနွေးကုသမှု ခံယူသင့်ပါသည်။ 


ကုသမှု
- ပိုးသတ်ဆေးနှင့် သောက်သုံးခြင်း (antibiotic therapy)
- အစာအိမ်အက်စစ်ဓာတ်လျော့ချ ဆေး (PPI) များကို ဆရာဝန်ညွှန်ကြားသော အကြိမ်အရေအတွက်၊ ပမာဏအတိုင်း သတ်မှတ်ပေးထားသော အချိန်အတိုင်းအတာ ဥပမာ ၁၄ ရက် သောက်သုံးခြင်းဖြင့် ပျောက်ကင်းနိုင်ပါသည်။ H.pylori ကူးစက်ခြင်းပျောက်ကင်းမှုရှိမရှိကို အထက်ဖော် ပြပါ စမ်းသပ်မှုများပြန်လည်ပြုလုပ်၍ သိရှိနိုင်ပါသည်။ သတိပြုရန်တစ်ချက် မှာ ရောဂါပျောက်ကင်းသွားပြီး နောက် ပြန်လည်ခံရမှုနှုန်းမှာ ၃ နှစ် အကြာတွင် ၃ဝ ရာခိုင်နှုန်းခန့် ရှိသည်။

Ref:
Dr. A.Z


 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18