Print

အူလမ်းကြောင်းလှုပ်ရှားမှု မမှန်သောရောဂါများနှင့် ဓာတ်စာ

  26-Jan-2019
Preview Image


အိုင်ဘီအက်စ် (I.B.S) ခေါ် အစာအိမ်နာအူလမ်းကြောင်းရောဂါများမှာနာတာရှည် ဖြစ်တတ်ပြီးစိတ်ရှည်ရှည် အချိန်ယူပြီးကုသရသည်။

အဖြစ်များသောရောဂါ လက္ခဏာများ
ဗိုက်တင်းခြင်း၊ ဗိုက်ကယ်ခြင်း၊ လေချဉ်တက်ခြင်း၊ လေမလည်ခြင်း၊ အစာများပြီးမနေနိုင်အောင် ဗိုက်အောင့်ခြင်း၊ အစာစားပြီးပါကရောဂါ ပိုဆိုးလာခြင်း၊ ဗိုက်အလွန်နာခြင်း၊ ရင်ညွန့်အောင့်ခြင်းတို့ ဖြစ်တတ်သည်။

အခြားအသွင်များ
ဝမ်းအမာသွားခြင်း၊ ဝမ်းပျက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းသွားလိုက်၊ ချုပ်လိုက်ဖြစ်ခြင်း၊ ဝမ်းသွားလျှင် ချွဲပါခြင်း၊ ဝမ်းသွားအားမရခြင်း၊ တချို့မှာအစာရေမျိုအောက်ပိုင်း ကြွက်သားညှစ်အားမူမမှန်ခြင်း၊ ရင်ပူခြင်း၊ လေတက်ခြင်း၊ အစာမကြေခြင်း၊ ရင်ညွန့်တစ်ဝိုက် နာခြင်းတို့ ဖြစ်တတ်သည်။

ရောဂါ ဖြစ်ရခြင်းများ

အူလမ်းကြောင်းလှုပ်ရှားမှု မူမမှန်ခြင်း၊ အူလမ်းကြောင်း ကြွက်သားမကြာ ခဏညှစ်ရခြင်း၊ မျိုးရိုးလိုက်ခြင်း၊ အူမကြီးကင်ဆာ၊ အူလမ်းကြောင်းဆိုင်ရာ လက္ခဏာများပါဝင်သည်။

ရောဂါ ပိုဆိုးစေခြင်း
အစာအိမ်နှင့် အူလမ်းကြောင်းတစ်လျှောက်တွင် ပိုးကြောင့် ဝမ်းလျှောခြင်း၊ ဝမ်းပျက်ခြင်းတို့ ဖြစ်ပြီးပိုးသတ် ဆေးစားခြင်း၊ ဗိုက်ခွဲစိတ်ခြင်း၊ စိတ်သောက ဖြစ်ခြင်း၊ စိတ်ကျ၊ စိတ်ထိခိုက်လျက် ရှိခြင်း၊ မတည့်သောအစားအစာကိုစားခြင်း၊ အိမ်ထောင်ရေး အဆင်မပြေခြင်း၊ ပတ်ဝန်းကျင်နှင့် အဆင်မပြေခြင်းတို့ကြောင့် ရောဂါ ပိုဆိုးစေသည်။ အမျိုးသမီးများမှာပို၍ အဖြစ်များသည်။

ရောဂါ စစ်ဆေးခြင်း

အထူးစစ်ဆေးရန် မလိုပါ။ (အသက် လေးဆယ် မကျော်သူမှာသွေးဖောက် (CP, ESR) လုပ်ခြင်း) အစာအိမ် အူလမ်းကြောင်းဓာတ်မှန် ရိုက်ခြင်း၊ မှန်ပြောင်း ကြည့်ခြင်းတို့ဖြင့် ရောဂါကိုစစ်ဆေး နိုင်သည်။

အရေးကြီးသောလက္ခဏာများ
သွေးအန်ခြင်း၊ ဝမ်းအမည်းသွားခြင်း၊ သိသိသာသာပိန်ခြင်း၊ ဗိုက်တွင် အလုံးပေါ်ခြင်း၊ ဝမ်းအရိအရွဲသွားခြင်း၊ ညအိပ်မပျော်ခင် ဗိုက်နာခြင်းနှင့် အဖျားရှိခြင်းတို့သည် အရေးကြီးသောလက္ခဏာများ ဖြစ်သည်။

ဓာတ်စာ
လူနာထက်ဝက်ခန့်မှာဆေး၊ အစားအသောက် ကိုက်ညီပံ့ပိုးမှုဖြင့် ရောဂါသက်သာစေပါသည်။ နေ့စဉ် နာရီဝက် ကျန်းမာရေးအတွက် (အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး) လုပ်သင့်သည်။ အစားမရှောင်သောလူနာ၏ သုံးပုံတစ်ပုံသည် သက်သာမှု မရှိဘဲခွဲစိတ် ကုသမှုခံယူကြရသည်။

အသိပညာပေးခြင်း

ကင်ဆာကဲ့သို့ ဆိုးဝါးသောရောဂါ မဟုတ်ပါ။ အမြဲတမ်းပုံမှန် ဆေးသောက်ခြင်းနှင့် သေချာတိကျတဲ့ ကုသမှုခံယူရမည်။

ကုသနည်း
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားရမည် ဗိုက်အောင့်ပျောက်ဒိုင်ဂျင်း၊ ဂျဲလမက်သောက်သင့်သည်။

Ref: မြဝတီ 


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။ 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18