Print

ခံတွင်းရောဂါဟာ လေဖြတ်ရောဂါ၊ နှလုံးရောဂါနဲ့ ဆီးချိုရောဂါတို့ရဲ့ရောဂါလက္...

  18-Jul-2019
Preview Image

ခံတွင်းရောဂါဟာ လေဖြတ်ရောဂါ၊ နှလုံးရောဂါနဲ့ ဆီးချိုရောဂါတို့ရဲ့ ရောဂါလက္ခဏာ တစ်ခုဖြစ်တယ် ဆိုတာကတော့ သိပြီးသား ဖြစ်ကြပါလိမ့်မယ်။ အခုနောက်ဆုံး လေ့လာမှုတွေအရတော့ ခံတွင်းရောဂါဟာ ရင်သားကင်ဆာဖြစ်နိုင်တဲ့ လက္ခဏာတစ်ခု ဖြစ်လာပြန်ပါပြီ။ ဒီရောဂါလက္ခဏာဟာ ဆေးလိပ်သောက်သုံးဖူးတဲ့ အမျိုးသမီးတွေမှာ ပိုမှန်ကန်တယ်လို့လည်း သိရပါတယ်။

ဆေးလိပ်သောက်တာဟာ ခံတွင်းရောဂါဖြစ်ဖို့ အလားအလာများနေတာကို အခြားရောဂါလက္ခဏာတွေနဲ့ပါ ယှဉ်တွဲပြီး လေ့လာလိုက်ရာမှာတော့ ခံတွင်းရောဂါဟာ ရင်သားကင်ဆာဖြစ်တာနဲ့လည်း ဆက်စပ်နေတာကို တွေ့ရှိခဲ့ကြတာပါ။ " ကျွန်တော်တို့ဟာ ခံတွင်းရောဂါနဲ့ အခြားရောဂါတွေ ဆက်စပ်နေမှုကို ဆက်လက်လေ့လာခဲ့ရင်းနဲ့ ရင်သားကင်ဆာနဲ့ ခံတွင်းရောဂါဟာလည်း ဆက်စပ်မှုတွေ ရှိနေတာကို တွေ့ရှိခဲ့ရတာပါ။ ဒီအပိုင်းမှာတော့ ထပ်လေ့လာဖို့အတွက် အခန်းကဏ္ဍတွေ ကျန်နေသေးပြီး ခံတွင်းထဲက ဘက်တီးရီးယားတွေနဲ့ ရင်သားကင်ဆာက ဘယ်လို ဆက်စပ်မှုတွေ ရှိနေတယ်ဆိုတာ ဆက်စောင့်ကြည့်ရအုံးမှာပါ။ " လို့ လေ့လာသူ Dr. Jo Freudenheim က ပြောပါတယ်။

လေ့လာသူတွေဟာ အမျိုးသမီးပေါင်း ခုနစ်သောင်းကျော်ရဲ့ ကျန်းမာရေးမှတ်တမ်းတွေကို လေ့လာခဲ့ကြပြီး ၂၆ ရာနှုန်းလောက်က ခံတွင်းရောဂါရှိကြပါတယ်။ ခံတွင်းရောဂါဖြစ်နေသူတွေကိုပဲ ထပ်မံခွဲထုတ်လေ့လာလိုက်ရမှာတော့ အမျိုးသမီး ၂၀၀၀ လောက်ဟာ ရင်သားကင်ဆာ ဖြစ်နိုင်ချေ မြင့်မားနေတာကို တွေ့ရပါတော့တယ်။ ခံတွင်းရောဂါရှိသူတွေဟာ ရင်သားကင်ဆာဖြစ်နိုင်ချေရှိတယ်ဆိုတာဟာ ဒီလိုစစ်တမ်းတွေကြောင့် ၁၄ ရာနှုန်းလောက် မြင့်တက်သွားတယ်လို့ သိရပါတယ်။

ခံတွင်းရောဂါရှိသူတွေကို ထပ်မံပြီးစစ်ဆေးလိုက်တဲ့ အချိန်မှာတော့ ဆေးလိပ်သောက်သုံးဖူးတဲ့ အမျိုးသမီးတွေဟာ ပိုပြီးရင်သားကင်ဆာ ဖြစ်နိုင်ချေ မြင့်နေပါတယ်။ ဆေးလိပ်ကို နှစ် ၂၀ လောက် သောက်သုံးခဲ့ဖူးတဲ့ သူတွေကတော့ ရင်သားကင်ဆာဖြစ်နိုင်ဖို့ ၃၆ ရာခိုင်နှုန်းလောက် ရှိနေပြီး နှစ် ၂၀ အောက်သောက်သုံးဖူးတဲ့ အမျိုးသမီးတွေကတော့ ၃၂ ရာခိုင်နှုန်းရှိနေတယ်လို့ သိရပါတယ်။


Credit : thithtoolwin

 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18