Print

Botulism

  20-Jul-2019
Preview Image

မြေကြီးထဲတွင်နေသော Clostridium botulinum လို့ ခေါ်သည့် ဘက်တီးရီးယားမှထုတ်သော အဆိပ်ကြောင့် ဒီအဆိပ်သင့် ရောဂါဖြစ်တတ်ပါတယ်။

အမျိုးအစားများ

၁။ အစားအစာထဲ ပိုးဝင်ခြင်း
- အသင့်စားသံဗူးများ
- အသင့်စား အသားပြားများ
- မီးခိုးကြပ်တိုက်ထားသော ငါးများ၊ ငါးစိမ်းများ

၂။ အနာတွင်းပိုးဝင်ခြင်း
၃။ အသက်၂ လမှ ၈ လကြားကလေးများ၏ အူလမ်းကြောင်းတွင် ပိုးဝင်ခြင်း
- Botulinum ပိုးပါသော ပျားရည် (သို့) ပြောင်းဖူးနှင့် ပြုလုပ်ထားသည့် ဖျော်ရည်များကို စားမိခြင်း

ရောဂါလက္ခဏာများ

ဖြစ်ပွားနိုင်သည့်အချိန် - အဆိပ်ပါသော အစားအစာကို စားမိပြီး ၈နာရီမှ ၃၆ နာရီအတွင်း ဖြစ်နိုင်ပါတယ်။

လူကြီးများတွင် တွေ့ရသော ရောဂါလက္ခဏာများ

- ဗိုက်ရစ်ပြီး နာခြင်း
- အသက်ရှူရ ခက်ခဲခြင်း
- တံတွေးမြိုရ၊ စကားပြောရခက်ခြင်း
- အမြင်နှစ်ထပ် ဖြစ်လာခြင်း
- ပျို့အန်ခြင်း
- ပျော့ခွေ အားနည်းလာခြင်း

ကလေးများတွင် တွေ့ရသော ရောဂါလက္ခဏာများ

- ဝမ်းချုပ်ခြင်း
- သွားရည်ကျခြင်း
- နို့မစို့နိုင်ခြင်း၊ အစာမစားနိုင်ခြင်း
- အသက်ရှူရ ခက်ခဲခြင်း
- ငိုသံမထွက်တော့ခြင်း
- ပျော့ခွေခြင်း

တွေ့ရှိနိုင်သော ရောဂါလက္ခဏာများ

- စမ်းသပ်သည့်အခါ အာရုံကြော တုန့်ပြန်မှုအား နည်းနေခြင်း
- မျက်ခွံကျလာခြင်း
- ခန္ဓာကိုယ် အပေါ်ပိုင်းမှစ၍ တဖြည်းဖြည်း ကြွက်သားများ အားနည်းလာခြင်း
- စကားမပြောနိုင်ခြင်း
- ဆီးမသွားနိုင်ခြင်း၊ ဝမ်းမသွားနိုင်ခြင်း
- အမြင်ဝါးလာခြင်း

စစ်ဆေးမှုများ

- သွေးစစ်ခြင်း
- ဝမ်းစစ်ခြင်း
- အစားအစာများကို ဓာတ်ခွဲခန်းပို့၍ စစ်ဆေးခြင်း

ကုသမှု

- အဆိပ်ဖြေဆေးပေး၍ ကုခြင်း
- အောက်ဆီဂျင်ပေးခြင်း
- အစာပိုက်သွင်းခြင်း(အစာ မမြိုနိုင်သူများတွင်)

နောက်ဆက်တွဲ ဆိုးကျိုးများ

- အစာအိမ်လမ်းကြောင်းမှတစ်ဆင့် အဆုတ်အတွင်း ပိုးဝင်ခြင်း
- ပျော့ခွေအားနည်းလာခြင်း
- ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ပြသနာများ ဖြစ်နိုင်ခြင်း
- အသက်ရှူရ ခက်ခဲခြင်း

အချိန်မှီ ကုသမှုခံယူရန် လိုအပ်ပါတယ်။ ကုသမှုမပြုလျှင် အသက်အန္တရာယ် ရှိနိုင်ပါတယ်။ ရောဂါဖြစ်လျှင်ဖြစ်ချင်း နီးစပ်ရာ ဆေးရုံရှိ အရေးပေါ်ငှာနသို့သွားရန် အရေးကြီးပါတယ်။

ကာကွယ်နည်းများ


- အသက် ၁ နှစ်အောက်ကလေးများကို ပျားရည်သို့ ပြောင်းဖူးဖျော်ရည်များကို တိုက်ကျွေးခြင်း မပြုလုပ်ရပါ။

- အသင့်စား သံဗူးများ ဖောင်းကြွနေပါက၊ တာရှည်ခံ အစားအစာများ အနံ့ဆိုးထွက်နေပါက စားသုံးခြင်းမပြုဘဲ လွှင့်ပစ်ပါ။

- အသင့်စားသံဗူးများကို အနည်းဆုံး ၂၅ဝ ဒီဂရီ ဖာရင်ဟိုက်ရှိ မီးဖိုပေါ်တွင် မိနစ် ၃ဝ ခန့်ကြာအောင် အပူပေး၍ ပိုးသတ်ခြင်းဖြင့် ရောဂါ ဖြစ်ပွားမှုကို လျှော့ကျစေနိုင်ပါတယ်။

Credit : Dr. Myat Noe

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18