Print

လိပ်ခေါင်းရောဂါအတွက် ဆောင်ရန်ရှောင်ရန်

  20-Jul-2019
Preview Image

လိပ်ခေါင်းရောဂါအတွက် ဆောင်ရန်ရှောင်ရန်များကို တင်ပေးဖို့ မကြာခဏ တောင်းဆိုလာကြတဲ့အတွက် လေ့လာစုဆောင်းထားသမျှလေးကို တင်ပေးလိုက်ပါတယ်။ လိပ်ခေါင်းရောဂါဖြစ်ရတဲ့ အကြောင်းများစွာထဲမှာ အထင်ရှားဆုံးကတော့ ဝမ်းချုပ်ခြင်းကြောင့်ပါပဲ။ ဝမ်းမကြာခဏချုပ်၍ ညစ်ပေးနေရလျှင် ကြာလာတော့ စအိုနေရာမှ သွေးကြောများ နေရာကျွံ၍ လိပ်ခေါင်းကဲ့သို့ ပေါ်လိုက်ပျောက်လိုက် ဖြစ်လာတဲ့အတွက် လိပ်ခေါင်းရောဂါလို့ ခေါ်ကြတာပါ။ အင်္ဂလိပ်လိုကတော့ Hemorrhoid/Pile လို့ခေါ်ကြပါတယ်။ အတွင်းလိပ်၊ အပြင်လိပ်ဆိုပြီး ၂ မျိုးရှိပါတယ်။ အူမကြီးကင်ဆာ၊ အသည်းရောဂါ၊ အရက်အလွန်အကျွံသောက်ခြင်းတို့သည်လည်း လိပ်ခေါင်းဖြစ်ရသည့် အကြောင်းများဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်သူများလည်း အဖြစ်များတဲ့ ရောဂါတစ်ခုပါ။

ဆောင်ရန်များ

(၁) မနက်အိပ်ယာထချိန် ရေများသောက်ပါ။

(၂) ကိုယ်လက်လှုပ်ရှားပါ။ လမ်းများများလျှောက်ပါ။

(၃) လတ်ဆတ်တဲ့ သစ်သီးများကို စားပေးပါ။ ဝမ်းပျော့စေမည့် သင်္ဘောသီးတို့လိုဟာကို များများစားပေးပါ။

(၄) လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်များကို စားပေးပါ။

(၅) ကိုယ်တိုင်ဆေးဖော်၍ သောက်လိုသော် ပင်စိမ်းအယဉ်၏အစေ့၊ နှမ်းမဲအစေ့တို့ကို လက်တစ်ဆုပ်ခန့်စီ ထန်းလျက်နှင့်ကျို၍ အလုံးလေးလုံးထားကာ အခြောက်လှမ်းထား၍ မနက်၊ ည တစ်လုံးစီ ရေအေးဖြင့် သောက်ပါ။

(၆) မြန်မာဆေးသောက်လိုပါက မှန်ချို - လိပ်ခေါင်းပျောက်ဆေမှုန့်ကို ညဘက်သောက်ပြီး အိပ်ပါ။

ရှောင်ရန်များ

(၁) ဝမ်းမာဝမ်းကျစ်စေမည့် အစားအစာများကို ရှောင်ပါ။

(၂) ငရုတ်သီး၊ အပူအစပ်တို့ကို ရှောင်ပါ။

(၃) အထိုင်မများစေပါနဲ့။ ကြာရှည်စွာ မတ်သပ်ရပ်ခြင်းကို ရှောင်ပါ။

(၄) အလေးအပင်မခြင်းကို ရှောင်ပါ။ မလွဲမသာ၍ မရသော် အသက်ကို မှန်မှန်ရှူပြီး မပါ။ မအောင့်ထားပါနဲ့။

(၅) အသည်းခြောက်လျှင် လိပ်ခေါင်းဖြစ်ရန် သေချာသလောက်ရှိသည်။ ထို့ကြောင့် အရက်သေစာသောက်စားခြင်းကို ရှောင်ပါ။

လူတော်တော်များများတွင် အဖြစ်များနေသော လိပ်ခေါင်းရောဂါများကို ကြိုတင်ကာကွယ်ထားနိုင်ကြပါစေရန် မျှဝေပေးလိုက်ပါတယ်။

Credit : စောနွဲ့နေဆိုင် (ပူတာအို)


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18