Print

တစ်နာရီအတွင်း ၂ ကြိမ်တိုင် ချစ်တင်းနှောခြင်းဟာ ကိုယ်ဝန်ရနိုင်ခြေကို ၃...

  21-Jul-2019
Preview Image

မှန်ကန်တဲ့ အစားအသောက်တွေ စားသုံးခြင်းကစလို့ သေချာတဲ့ Position တွေ အသုံးပြုခြင်းအထိ နည်းလမ်းအမျိုးမျိုးကို အသုံးပြုပြီး ဇနီးမောင်နှံတွေဟာ သူတို့ရဲ့ ကလေးရနိုင်တဲ့ အခွင့်အလမ်းကို မြှင့်တင်လေ့ ရှိကြပါတယ်။ ဒါပေမယ့်လည်း ဒါဟာ သိပ်တော့ မထိရောက်လှပါဘူး။ ကလေးရယူဖို့ အခက်အခဲရှိတဲ့ ဇနီးမောင်နှံတွေအတွက် ကလေးရစေနိုင်မယ့် အကောင်းဆုံး အခွင့်အလမ်းကတော့ အမျိုးသားတွေအနေနဲ့ သုတ်ပိုး အားကောင်းလာပြီး မျိုးပွားနိုင်နှုန်း မြင့်မားလာသည်အထိ လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်နေဖို့ပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် လန်ဒန်မြို့က North Middlesex ဆေးရုံက သုတေသနအသစ်တစ်ခုက ဆွေးနွေးတင်ပြလာတာကတော့ တစ်နာရီအတွင်းမှာ ၂ ကြိမ်တိုင် ချစ်တင်းနှောခြင်းဟာ အမျိုးသားတစ်ယောက်ရဲ့ မျိုးအောင်နိုင်စွမ်းကို ၃ ဆ တိတိ မြှင့်တင်ပေးနိုင်တယ်ဆိုတာပါပဲ။

ထို လေ့လာမှုဟာ စုံတွဲ ၇၃ တွဲကို လေ့လာခဲ့ပါတယ်။ ထိုစုံတွဲ ၇၃ တွဲလုံးဟာ အမျိုးသားရဲ့ သုတ်ပိုးကို အမျိုးသမီးရဲ့ သားအိမ်ထဲ တိုက်ရိုက်ထည့်သွင်းထားတဲ့ IUI မျိုးပွားကုသခြင်းကို လုပ်ဆောင်ခဲ့သူတွေပဲဖြစ်ပါတယ်။ ထိုလေ့လာမှုအတွင်းမှာ အမျိုးသားတွေကတော့ တစ်နာရီအတွင်း သုတ်ပိုး ၂ ကြိမ် ထုတ်လွှတ်စေပြီး ဒုတိယအကြိမ်
မြောက်ထုတ်လွှတ်တဲ့ သုတ်ပိုးကိုတော့ IUI မျိုးပွားကုသခြင်း မှာ အသုံးပြုခဲ့ပါတယ်။ နောက်ဆုံး ရလဒ်ကတော့ ၂ဝ ရာခိုင်နှုန်းရဲ့ ကိုယ်ဝန်ရနိုင်ခြေ၊ မျိုးအောင်နိုင်ခြေ ဟာ အောင်မြင်ခဲ့တဲ့ ၆ ရာခိုင်နှုန်း ရဲ့ ၃ ဆ ဖြစ်နေခဲ့တာကိုလည်း တွေ့ရပါတယ်။ ဇနီးမောင်နှံတွေအတွက် ယုံကြည်မှု တစ်ခုရှိနေခဲ့တာကတော့ အမျိုးသမီးတွေရဲ့ ဓမ္မတာ ကာလတစ်ဝင်ခန့်မှာ အမျိုးသားတွေအနေနဲ့ ချစ်တင်းနှောခြင်းကို ရှောင်ကြည်သင့်တယ်
ဆိုတာပါပဲ။ ဒါ့အပြင် အမျိုးသားကျန်းမာရေး ဌာန ရဲ့ ဂိုက်လိုင်းတွေအရတော့ သူတို့
အနေနဲ့ ချစ်တင်းနှောခြင်း မတိုင်မီ ၂ ရက်ခန့်ကတည်းက လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်
ထားမှသာ မျိုးအောင်နိုင်ခြေများတဲ့ သုတ်ပိုးတွေကိုထုတ်လွှတ်နိုင်မှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ဒါပေမယ့် လက်ရှိ သုတေသန အရတော့ လိင်ဆက်ဆံခြင်းကို
ပိုမိုပြုပေးခြင်းကသာ မျိုးအောင်နိုင်ခြေများတဲ့ သုတ်ပိုးကို ထုတ်လွှတ် နိုင်မယ်ဆိုတာကို
တွေ့ရှိခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ လေ့လာမှု အရတော့ တစ်နာရီအတွင်း ၂ ကြိမ်ထုတ်ယူထားတဲ့ သုတ်ပိုးတွေမှာ ဒုတိယ အကြိမ်မြောက် သုတ်ပိုးတွေဟာ ပိုမို
လတ်ဆတ်ပြီး အရည်အသွေးကောင်းမွန်ကာ မျိုးအောင်နိုင်ခြေများတဲ့ သုတ်ပိုးတွေ
ဖြစ်နေခဲ့လို့ပါ။


Credit : သစ်ထူးလွင်


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18