Print

ခြေဖနောင့်ကွဲခြင်းအတွက် အိမ်တွင်းဖြေရှင်းနည်း

  23-Jul-2019
Preview Image

ခြေဖနောင့်နေရာက ကွဲအက်ရတာဟာ ရာသီဥတု အပြောင်းအလဲကြောင့်ချည်းပဲ မဟုတ်ပါဘူး။ မိမိခြေထောက်ကို မိမိဂရုမပြုဘဲ ထားတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ခြေဖနောင့်နေရာမှာ ကွဲအက်မှုတွေဟာ ခြေထောက်အချင်းချင်း ပွတ်တိုက်မိရာကနေတောင် နာကျင်မှုကို ခံစားရတဲ့အတွက် စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ ခြေထောက်နဲ့ ခြေဖဝါးကို သင့်မျက်နှာအလှကို ထိန်းသိမ်းသလိုပဲ ထိန်းသိမ်းပေးသင့်ပါတယ်။ အထူးသဖြင့် ဆီးချို၊ သွေးချိုရောဂါ ရှိသူတွေဆိုရင် ပိုပြီး ဂရုစိုက်သင့်ပါတယ်။

သေချာသန့်စင်ပါ


ဘယ်ကိုပဲသွားသွား အပြင်က ပြန်လာလို့ အိပ်ရာမဝင်မီ အချိန်မှာ သင့်ခြေထောက်တွေကို ရေနွေးဇလုံထဲမှာ ထည့်စိမ်ပြီး သန့်စင်ပေးပါ။ အညစ်အကြေးတွေနဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ နွေးနေတဲ့ရေဟာ သင့်ခြေထောက်ကို သက်သောင့်သက်သာ ရှိနေစေပြီး၊ ရေဓာတ်လည်း ပြန်လည်ရရှိကာ ခြေထောက်ကွဲအက်မှုကိုလည်း သက်သာစေနိုင်ပါတယ်။

မုန်လာဥဝါသုံးပါ


ခြေထောက် ကွဲအက်တာကို မုန်လာဥဝါကို နူးနေအောင် ပြုတ်လိုက်ပြီး ကြိတ်ခြေကာ ကွဲအက်နေတဲ့ ခြေဖဝါးပေါ်မှာ နှစ်နာရီလောက် ကပ်ထားပါ။ နှစ်နာရီပြည့်ရင် ရေနွေးနဲ့ဆေးလိုက်ပြီး ခြေထောက်ကို ခြေအိတ်ဝတ်ဆင်ထားလိုက်ပါ။ နေ့စဉ်ပုံမှန်တစ်ပတ်လောက်ပြုလုပ်ပြီးချိန်မှာ သင့်ခြေထောက်ကွဲအက်မှု သက်သာလာတာကို တွေ့ရမှာဖြစ်ပြီး
နောက်ပိုင်း တစ်ပတ်ကို နှစ်ကြိမ်လောက်ပုံမှန် ပြုလုပ်ပေးပါ။

ရှာလကာရည်နဲ့ သံလွင်ဆီသုံးပါ


ရှာလကာရည်နဲ့ သံလွင်ဆီကို ဆတူရောစပ်ပြီး ခွက်တစ်ခုထဲထည့်ကာ နေ့စဉ်
အိပ်ရာမဝင်ခင် ခြေဖဝါးကို လိမ်းပေးပြီး ခြေစွပ်ဝတ်အိပ်ပါ။ ရက်အနည်းငယ် အကြာမှာ
ခြေဖဝါးကွဲအက်တာတွေ သက်သာသွားပါလိမ့်မယ်။ မလိမ်းခင်အချိန်မှာ ခြေဖဝါးကို သန့်စင်ထားဖို့လည်း လိုပါတယ်။

အလှဆီသုံးပါ


သဘာဝ အလှဆီလို့ခေါ်တဲ့ အရေပြား လိမ်းဆေးဆီမျိုးပါ။ ရေဓာတ်ပါဝင်ပြီး အရေပြား ခြောက်သွေ့ကွဲအက်တာကို ကာကွယ်နိုင်ပါတယ်။ အလှဆီနဲ့ သံပရာရည်
ကို ရေအနည်းငယ်နဲ့ ရောစပ်ပြီး ဇလုံထဲမှာ သင့်ခြေထောက်တွေကို ထည့်စိမ်ထားနိုင်
ပါတယ်။ ဒါဟာ ခြေဖဝါးကွဲအက်တာ မဖြစ်ရုံသာမကဘဲ ခြေထောက် သန့်ရှင်းလှပမှုကိုပါ ရရှိစေပါတယ်။

အိမ်တွင်းကြေးချွတ်မှုတွေ ပြုလုပ်ပါ


ဆန်မှုန့်၊ ဂျုံမှုန့်၊ သံပရာရည်၊ နွားနို့စတာတွေကို ပေါင်းစပ်ပြီး ရေအနည်း ငယ်နဲ့မွှေ
ကာ ခြေထောက်ကို ထည့်စိမ်ထားလိုက်ပါ။ မိနစ် ၃၀ လောက်ကြာချိန်မှာ ဘရပ်ရှ်နဲ့ ပွတ်တိုက်ပေးပါ။ သဘာဝ ကြေးချွတ်နည်းပဲ ဖြစ်ပါတယ်။

Credit : သဲသဲ

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18