Print

အသားညိုသူမှာ အမည်းကွက်တွေ ထွက်လာခြင်း

  10-Nov-2019
Preview Image

အသားမည်းသူတွေမှာ မယ်လနင် ခေါ်ရောင်ခြယ် ပိုများပြီး အသားဖြူတဲ့ သူတွေထက်လည်း အချိန်ပို မြန်မြန်ထုတ်လုပ်ပေးပါတယ်။ အဲဒီခြားနာချက်ကြောင့် အသားအရောင် ပြဿနာတွေဟာ လူဖြူလူဝါတွေထက် လူညို၊ လူမည်းတွေမှာ ပိုအဖြစ်များကြတာပါ။

ဒဏ်ရာအနာအရ ဖြစ်ပြီးတဲ့နေရာမှာ ပိုညို၊ ပိုမည်းတဲ့အကွက်တွေ ကျန်တာကို ရောင်ရမ်းပြီးနောက် ညိုမည်းစွဲကျန်ခြင်း။ (post-inflammatory Hyperpigmentation) လိုပခေါ်ပါတယ်။

ဒဏ်ရာဖြစ်ပြီး အသားပြန်တက်တဲ့အခါမှာ ရောင်ခြယ်ဓာတ်တွေ ပိုမြန်မြန်နဲ့ များများထုတ်လုပ်ပေးလို့ဖြစ်တာပါ။ ဒါမျိုးမဖြစ်အောင် ကာကွယ်ချင်ရင်တော့ အရေပြားမှာ ဒဏ်ရာအနာတရထိခိုက်မှုမဖြစ်အောင် ဂရုစိုက်ရမှာပါ။ ဖြစ်ပြီးသားအကွက်တွေကတော့ အချိန်ကြာတာနှင့်အမျှ တဖြည်းဖြည်း အရောင်မှိန်လာပါလိမ့်မယ်။ အရောင်ချွတ်ဆေးပါတဲ့ လိမ်းဆေး၊ နေကာလိမ်းဆေးတွေ လိမ်းနိုင်ပါတယ်။ အတော်အသင့် ထိရောက်မှုရှိပါတယ်။

Credit : ဒေါက်တာစိုးဝင်းဦး

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18