Print

Huntington Disease

  20-Nov-2019
Preview Image


Huntington ရောဂါဆိုတာ မျိုးရိုးဗီဇကြောင့်ဖြစ်တဲ့ မျိုးရိုးလိုက်တတ်တဲ့ ရောဂါဖြစ်ပါတယ်။ ဦးနှောက်ထဲက အာရုံကြောဆဲလ်လေးတွေ တဖြည်းဖြည်းနဲ့ ပျက်စီးယိုယွင်းလာတယ်။ ဒီရောဂါသည်များဟာ မိမိရဲ့ ပုံမှန်လုပ်ငန်းဆောင်တာများကို မလုပ်နိုင်တော့ဘဲ လှုပ်ရှားမှု၊ အတွေးအခေါ်နှင့် စိတ်ပိုင်းဆိုင်ရာတွင် ပြဿနာများ ဖြစ်လာပါတယ်။

ရောဂါလက္ခဏာများ
ရောဂါလက္ခဏာများဟာ အများအားဖြင့် အသက် ၃၀ နှင့် ၄၀ ဝန်းကျင်တွင် ပေါ်တတ်ပါတယ်။ အသက် ၂၀ မတိုင်ခင် ရောဂါလက္ခဏာများ ပေါ်လာတာမျိုးလည်း ရှိပါတယ်။ ရောဂါလက္ခဏာပြတာစောလေ၊ ရောဂါပိုဆိုးလေ ဖြစ်တတ်ပါတယ်။

လှုပ်ရှားမှုဆိုင်ရာ လက္ခဏာများ
- ပုံမှန်မဟုတ်သော၊ အလိုအလျောက် ဆတ်ခနဲလှုပ်ရှားခြင်း သို့မဟုတ် တွန့်လိမ်လူးလွန့်ခြင်း (Chorea)
- ကြွက်သားများ တောင့်တင်းခြင်း သို့မဟုတ် ပုံပျက်လာခြင်း
- အမြင်အာရုံ အားနည်းလာခြင်း
- လမ်းကောင်းကောင်းမလျှောက်နိုင်ခြင်း၊ ကိုယ်နေဟန် ညီမျှအောင် မထိန်းနိုင်ခြင်း
- စကားပြောခြင်း၊ အစာစားခြင်းများတွင် အခက်အခဲဖြစ်လာခြင်း

အသိဉာဏ်၊ အာရုံစူးစိုက်မှု၊ မှတ်ဉာဏ်ပိုင်းဆိုင်ရာ ပြဿနာများ

- ကိစ္စများကို အစီအစဉ်တကျ အာရုံစိုက်၍ မပြုလုပ်နိုင်ခြင်း
- လိုက်လျောညီထွေ မရှိခြင်း
- အရာရာတွင် စဉ်းစားဆင်ခြင်နိုင်စွမ်းမရှိခြင်း၊ ထိန်းချုပ်နိုင်စွမ်း မရှိခြင်း၊ လိင်စိတ်များခြင်း
- သူတစ်ပါး၏ အပြုအမူ၊ လုပ်ဆောင်နိုင်မှုများကို သတိမမူခြင်း
- တွေးတောခြင်း၊ စကားလုံးရှာခြင်းများတွင် နှေးခြင်း

စိတ်ပိုင်းဆိုင်ရာ ပြဿနာများ
- စိတ်ဓာတ်ကျခြင်း
- မကြာခဏ စိတ်ဆတ်ခြင်း၊ ဝမ်းနည်းခြင်း၊ သနားခြင်း
- အများနှင့် လိုက်လျောညီထွေမနေဘဲ တစ်သီးတစ်သန့်နေခြင်း
- အိပ်မပျော်ခြင်း
- အမြဲ အားမရှိသလို ခံစားရခြင်း၊ နုံးနေခြင်း
- မကြာခဏ မိမိကိုယ်ကို သတ်သေလိုခြင်း

- အပြုအမူတစ်ခုကို စိတ်မချသဖြင့် ထပ်ခါထပ်ခါ ပြုလုပ်ခြင်း၊
- စိတ်ကြွခြင်း၊
- စိတ်ကြွ-စိတ်ကျဖြစ်ခြင်းများ

- ကိုယ်အလေးချိန်လျော့ကျလာခြင်း

အသက်ငယ်သူများတွင်
- ယခင်က သင်ကြားထားသော စာများ မေ့ပျောက်သွားခြင်း
- ရုတ်တရက် အတန်းထဲတွင် အဆင့်များ သိသိသာသာကျသွားခြင်း
- အပြုအမူဆိုင်ရာ ပြဿနာများဖြစ်ခြင်း
- ကြွက်သားများ တောင့်တင်းလာခြင်း၊ လမ်းကောင်းကောင်း မလျှောက်နိုင်ခြင်း
- ကောင်းစွာ စာမရေးနိုင်တော့ခြင်း
- ကတုန်ကယင် ဖြစ်လာခြင်း
- ပုံမှန် မဟုတ်သော အလိုအလျောက် လှုပ်ရှားမှှုများရှိခြင်း
- တက်ခြင်း


နောက်ဆက်တွဲ ဆိုးကျိုးများ
- ရောဂါစတင်ဖြစ်ပွားပြီး ၁၀ နှစ်မှ အနှစ် ၃၀ အတွင်းမှာ အသက်ဆုံးရှုံးနိုင်ပါတယ်။ ရောဂါလက္ခဏာများမှာ တဖြည်းဖြည်း ပိုဆိုးလာနိုင်ပြီး တစ်ဦးနှင့် တစ်ဦး အသက်ရှင်နေနိုင်မှု အချိန်မှာ အနည်းငယ်ကွာခြားနိုင်ပါတယ်။
- အလွန်အမင်း စိတ်ဓာတ်ကျခြင်းကြောင့် မိမိကိုယ်ကို သတ်သေခြင်း၊ နောက်ပိုင်းတွင် လူနာသည် အိပ်ရာထဲတွင်သာ လှဲနေပြီး သူတစ်ပါး ပြောတာကို နားလည်သော်လည်း မိမိကိုယ်တိုင် စကားပြန်မပြောနိုင်ခြင်းမျိုးလည်း ဖြစ်နိုင်ပါတယ်။
- ထိခိုက်ဒဏ်ရာရခြင်း
- နမိုးနီးယားဖြစ်ခြင်း၊ အစာမျိုခြင်း ပြသနာမှတစ်ဆင့် အဆုတ်ရောင်ခြင်း

စမ်းသပ်စစ်ဆေးမှုများ
- ကွန်ပျူတာဓာတ်မှန်၊ သံလိုက်ဓာတ်မှန် အစရှိသော လိုအပ်သည့် စမ်းသပ်စစ်ဆေးမှုများကို ပြုလုပ်ရမှာပါ။

ဒီရောဂါကို ပျောက်အောင်ကုနိုင်သော ဆေးမရှိသေးပါ။ လှုပ်ရှားမှုနှင့် စိတ်ပိုင်းဆိုင်ရာ ပြသနာများ အနည်းငယ်လျော့နည်းလာအောင်
(၁) ဆေးပေးကုသခြင်း
- Tetrebenazine (Xenazine)
- Antipsychotic drugs (haldol)
- Antidepressants (citalopram)
- Antipsychotic drugs -quetiapine (Seroquel)
- Mood-stabilizing drugs valproate (Depacon), carbamazepine (Carbatrol)

(၂) အကြံပေးနှစ်သိမ့်ဆွေးနွေးခြင်း
(၃) လေ့ကျင့်ခန်း ပြုလုပ်ခြင်း
(၄) အထောက်အကူပြု ပစ္စည်းများ ထားပေးခြင်း
(၅) စကားပြောခြင်း၊ အစားစားခြင်းများ ပြန်လည် ပြုလုပ်နိုင်စေရန် အကူအညီပေးခြင်း
(၆) မိသားစုဝင်များ၊ ကူညီစောင့်ရှောက်ပေးသူများက နေ့စဉ်လုပ်ငန်းဆောင်တာများကို အဆင်ပြေချောမွေ့စေရန် ဝိုင်းဝန်းဆောင်ရွက်ပေးခြင်းတို့ ပြုလုပ်ပေးနိုင်ပါတယ်။

Dr.Myat Noe
Healthcare.com.mm
Source: Mayo Clinic

 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18