Print

ပိနဲ္နသီး၏ အံ့ဖွယ်ကောင်းကျိုးများ

  12-Dec-2019
Preview Image

၁။ အရေးအကြောင်းတွေကို ပျောက်ကင်းစေပါတယ်။ ပိနဲ္နသီးအစေ့များကို နွားနို့အေးထဲတွင် မိနစ်အနည်းငယ်ခန့် နှစ်ထားပါ။ ထို့နောက် ယင်းအစေ့များကို ကြိတ်ပြီး အရေးအကြောင်းများ ပေါ်တွင်လိမ်းပါ။ ဤနည်းကို (၆) ပတ် ဆက်တိုက် ပုံမှန်လုပ်ဆောင်ပေးလျှင် ထိရောက်နိုင်ပါတယ်။

၂။ ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးပါတယ်။ ပိနဲ္နသီးအစေ့များကို စားပေးပါ က ဝမ်းချုပ်ခြင်းကို တားဆီးနိုင်ပါတယ်။

၃။ ပရိုတင်းဓာတ် ပြည့်ဝပါတယ်။ ပိနဲ္နသီး အစေ့များမှာ ပရိုတင်းဓာတ် ပါဝင်တာကြောင့် မတူညီတဲ့ ဟင်းအမယ်ပွဲတွေမှာ ထည့်သွင်း စားသောက်နိုင်ပါတယ်။

၄။ ပိနဲ္နသီး၏ အစေ့များမှာ ဗီတာမင် A ပါဝင်တာကြောင့် ဆံသားကျိုးပဲ့ခြင်း၊ ခြောက်သွေ့ခြင်းတို့ကို ကာကွယ်ပေးပြီး ကျန်းမာသန်စွမ်းတဲ့ ဆံပင်ရရှိစေပါတယ်။

၅။ ပိနဲ္နသီးမှာ Vitamin C နဲ့ Anitioxidants များ ပါဝင်တဲ့အတွက် သာမန် အအေးမိ ဖျားနာခြင်းများကို ကာကွယ် ပေးနိုင်ပါတယ်။

၆။ ပိနဲ္နသီးတွင် ပါဝင်တဲ့ ဓာတ်များက အူမကြီးကင်ဆာ၊ အဆုတ်ကင်ဆာ၊ ခံတွင်းကင်ဆာ စတဲ့ အချို့သော ကင်ဆာရောဂါများကို ကာကွယ်ပေးပါတယ်။

၇။ ပိနဲ္နသီးမှာ ပါဝင်တဲ့ Potassium ဓာတ်က ကိုယ်တွင်း Sodium ဓာတ်ကို ထိန်းညှိပေးတာကြောင့် သွေးပေါင်တက်ခြင်း၊ နှလုံးရောဂါနှင့် ဦးနှောက် သွေးကြောပေါက်ခြင်းတို့ ဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။

၈။ ပိနဲ္နသီးဟာ အမျှင်ဓာတ် ကြွယ်ဝတဲ့ သစ်သီးဖြစ်တာကြောင့် အစာချေဖျက်မှုတွေကို လွယ်ကူစေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပါတယ်။

၉။ ပိနဲ္နသီးက အမြင်အာရုံကိုလည်း ကောင်းမွန်စေပါတယ်။ ဒါ့အပြင် မျက်စိတိမ်စွဲခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

၁ဝ။ နှလုံးသွေးကြောကျဉ်း ရောဂါကိုလည်း သက်သာပျောက်ကင်းစေပါတယ်။

၁၁။ ပိနဲ္နသီးမှာ Calcium ဓာတ်ပါဝင်လို့ အရိုးများကို ကျန်းမာသန်စွမ်းစေပါတယ်။

၁၂။ ပိနဲ္နသီးမှာ သွေးဖွဲ့စည်း တည်ဆောက်ပုံအတွက် လိုအပ်သောဓာတ်များ ပါဝင်လို့ သွေးအားနည်းခြင်း ဝေဒနာကို ကာကွယ် ကုသနိုင်ပါတယ်။

၁၃။ ပိနဲ္နသီးမှာ ပါဝင်တဲ့ vitamin B6 က နှလုံးကျန်းမာစေပါတယ်။

ပိနဲ္နသီးက မြန်မာနိုင်ငံမှာ အတွေ့ရများတဲ့ အသီးဖြစ်တဲ့အပြင် အာဟာရဓာတ် ကြွယ်ဝစွာပါဝင်တဲ့ အသီးတစ်မျိုးလည်း ဖြစ်ပါတယ်။ ၎င်းမှာ ကယ်လိုရီ ပါဝင်သော်လည်း ကိုလက်စထရောတို့ ပြည့်ဝအဆီတို့ မပါဝင်ပါ။ ဒါကြောင့် ပိနဲ္နသီး စားပေးခြင်းဖြင့် အချို့သော ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

Credit : ဖိုးသူတော်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18