Print

မျက်လုံး၌ ဓာတုပစ္စည်းဝင်ခြင်းကြောင့် ထိခိုက်လောင်ကျွမ်းနာဖြစ်ခြင်း

  12-Dec-2019
Preview Image

‘အယ်ကာလီ’ ဓာတုပစ္စည်းများသည် အက်ဆစ်ထက် ပိုမိုအန္တရာယ်များပြီး မျက်လုံးရှိ တစ်ရှူးများအား အတွင်းနက်နက်အထိ ဝင်ရောက်ဒုက္ခပေးနိုင်သည့် ဖယ်ရှားရခက်ခဲသော ပစ္စည်းများဖြစ်သည်။

‘အယ်ကာလီ’ (မတော်တဆ) ဝင်သွားသောမျက်လုံးအနေဖြင့် အမြင်အာရုံများ ပျက်စီးဆုံးရှုံးခြင်း၊ မျက်ကြည်လွှာ ပျက်စီးခြင်းများ ဖြစ်လာနိုင်ပါသည်။

ဓာတုပစ္စည်းဝင်သွားသည့် မျက်လုံးအား ဆေးကြောသန့်စင်၍ သက်သာအောင်ပြုလုပ်ခြင်း


၁။ လူနာ၏ ဦးခေါင်းအား ရေပိုက်ခေါင်းနှင့် တည့်နေအောင် ထိန်းကိုင်ပေးပါ။ ပြီးနောက် ရေပိုက်ခေါင်းမှ ရေဖွင့်ချပြီး ဓာတုပစ္စည်းဝင်သော မျက်လုံးအား သေချာစွာဆေးကြောပေးပါ။

၂။ ဓာတုပစ္စည်းကြောင့် လောင်ကျွမ်းဒဏ်ရာရသည့် မျက်လုံးနှင့်သာ ရေပိုက်ခေါင်းအား တည့်အောင့် ထားပေးပါ။ ထိခိုက်မှုမရှိအောင် ကျန်မျက်လုံး တစ်ဖက်အား ရေမဝင်ပါစေနှင့်။ ဒဏ်ရာရမျက်လုံးအား ရေဆေးနေရာ၌ မျက်တောင်မွှေးအား မျက်လုံးထဲမဝင်အောင် ရှေးဦးသူနာပြုသူက လူနာ၏မျက်ခွံများအား ထိန်းကိုင်ပေးပါ။

၃။ ဒဏ်ရာရမျက်လုံးအား ရေဆေးပေးရာတွင် ‘အယ်ကာလီ’ လောင်ကျွမ်းမှု ပြေပျောက်စေရန် အနည်းဆုံး ၁၀မိနစ်ခန့် ဆေးပေးပါ။ အကယ်၍ ‘အယ်ကာလီ’ ကမျက်လုံးနှစ်ဖက်စလုံးသို့ ဝင်ခဲ့ပါက မျက်လုံးတစ်ဖက်စီ အား ၁၀ စက္ကန့် တစ်ဖက်စီ အလှည့်ကျ ၁၀ မိနစ်ခန့်ကြာ ဆေးပေးပါ။

၄။ မျက်လုံးအား ဆေးကြောပေးပြီးနောက် မျက်လုံးပိတ်လျက် အပေါ်မှ ပတ်တီးစအုပ်ပြီး ပလာစတာကပ်ပေးပါ။

၅။ ထို့နောက် လူနာအား မျက်လုံးပိုင်ဆိုင်ရာ ရောဂါကုသမှုအတွက် ဆေးရုံသို့ အမြန်ဆုံး ပို့ပေးပါ။

၆။ အကယ်၍ ဓာတုပစ္စည်းဝင်သွားသော မျက်လုံးအားဆေးကြောရန် ရေပိုက်ခေါင်း မရှိခဲ့ပါက အခြားအရည်အုပ်စုတွင် ပါဝင်သော ဘီယာ၊ နွားနို့တို့ကို သုံး၍ဆေးကြောပါ။ ဘီယာ၊ နွားနို့တို့ မရနိုင်ခဲ့ပါက ‘ဆီး’ (urein) အား အသုံးပြုပါ။ ‘ဆီး’ (Urine) သည် အန္တရာယ်ကင်းပြီး ရောဂါပိုးမွှား များအား ဖယ်ရှားပေးနိုင်ပါသည်။

Credit : ဦးသိန်းအောင်လှိုင် ( ဆေးပညာ )

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18