Print

Nasal Polyps (နှာခေါင်းတွင်းရှိ အလုံးအကျိတ်)

  04-Dec-2021
Preview Image

နှာခေါင်းတွင်းရှိ အလုံးအကျိတ်များသည် ပန်းနာရင်ကြပ်ရောဂါ၊ ဓာတ်မတည့်ခြင်းနှင့် အသက်ရှူလမ်းကြောင်းတွင်းသို ့ ရောဂါပိုး မကြာခဏ ဝင်ရောက်ခြင်းများကြောင့် နှာခေါင်းအတွင်းတွင် မနာကျင်သော ကင်ဆာမဟုတ်သည့် အလုံးအကျိတ်များ ပေါ်လာခြင်း ဖြစ်သည်။

လက္ခဏာများ

နှာခေါင်းအတွင်း အလုံးအကျိတ်များသည် သေးငယ်ပါက သတိမထားမိတတ် သော်လည်း အလုံးအရွယ်အစားကြီးခြင်း(သို့)အလုံးများ စွာပေါက်နေပါက နှာခေါင်းပိတ်ခြင်းများဖြစ်စေနိုင်သည်။ အတွေ့များသော ရောဂါလက္ခဏာများ အနေဖြင့်

 

၁။ နှာစေးခြင်း

၂။ နှာပိတ်ခြင်း

၃။ နှာရည်ကျနေခြင်း

၄။ အနံ့ခံစွမ်းရည် ကျဆင်းခြင်း

၅။ အရသာ ခံနိုင်စွမ်း မရှိခြင်း

၆။ ခေါင်းကိုက်ခြင်း/မျက်နှာ ကိုက်ခဲခြင်း

၇။ အပေါ်သွား ကိုက်ခြင်း

၈။ နဖူးနှင့် မျက်နှာပေါ်တွင် ဖိထားသလို ခံစားနေရခြင်း

၉။ အိပ်နေစဉ် ဟောက်ခြင်း

၁၀။ မျက်လုံး ပတ်ပတ်လည်တွင် ယားယံခြင်းများ ဖြစ်စေနိုင်ပါသည်။

 

ဖြစ်ပွားရသော အကြောင်းရင်းများ

ဖြစ်ပွားစေသော အကြောင်းရင်းများကို သေချာမသိရှိသေးသော်လည်း ကွဲပြားခြား နားသော ခုခံအားနှင့် အချွဲအမြှေးပါးတွင် မတူညီသော Chemical markers (ဓာတုဗေဒ အမှတ်သင်္ကေတများ) ရှိသော လူများတွင် နှာခေါင်းတွင်း အကျိတ်ပို၍ဖြစ်တတ်ကြောင်း တွေ့ရှိရပါသည်။

 

နောက်ဆက်တွဲ ပြဿနာများ

နှာခေါင်းတွင်းရှိ အကျိတ်များ ဖြစ်ခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများ အနေဖြင့် 

- အိပ်နေစဉ် အသက်ရှူ ခဏခဏ ရပ်သွားခြင်း၊

- ပန်းနာရင်ကြပ်ရောဂါ ပြန်ပြန်ထနိုင်ခြင်း၊

- ရောဂါပိုး ခဏခဏ ဝင်ရောက်နိုင်ခြင်း၊

- မျက်လုံးထဲသို ့ရောဂါပိုး ဝင်ရောက်သွားခြင်းနှင့်

- ဦးနှောက်အမြှေးပါး ရောင်ခြင်းများ ဖြစ်စေနိုင်ပါသည်။

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

အကယ်၍ အထက်ဖော်ပြပါ ရောဂါလက္ခဏာများသည် ၁၀ ရက်ထက် ပိုကြာမြင့်နေပါက ရိုးရိုးဆရာဝန်(သို့) နား၊နှာခေါင်း၊လည်ချောင်း အထူးကု ဆရာဝန်နှင့် သွားရောက် ကာ ပြသတိုင်ပင်သင့်ပါသည်။

 

စစ်ဆေးမှုများ

ဆရာဝန်က ရောဂါအခြေအနေအကြောင်း မေးမြန်းခြင်း၊ နှာခေါင်းကို စမ်းသပ်ခြင်းများ အနေဖြင့် ဓာတ်မီးဖြင့် ထိုးကြည့်ပါကလည်း အလုံးအကျိတ်ကို အလွယ်တကူ မြင်နိုင် ပါသည်။ အခြား စမ်းသပ်မှုများ အနေဖြင့်

 

- Nasal endoscopy (နှာခေါင်းထဲသို့မှန်ပြောင်းထည့်ကြည့်ခြင်း)၊

- CT scan(ကွန်ပျူတာ ဓာတ်မှန်)၊

- MRI scan (သံလိုက်ဓာတ်မှန်) ရိုက်ခြင်း၊

- အရေပြားပေါ်တွင် ဓာတ်မတည့်ခြင်းများ ရှိမရှိ စမ်းသပ်ခြင်းများ ပြုလုပ်နိုင်ပါသည်။

 

ကုသခြင်း

ကုသမှု၏ အဓိက ရည်ရွယ်ချက်မှာ Polyps အရွယ်အစား သေးသွားစေရန်နှင့် ဖယ်ထုတ်ရန်ဖြစ်သည်။ သောက်ဆေးများဖြင့် စကုရမည်ဖြစ်ပြီး ရံဖန်ရံခါ ခွဲစိတ် ကုသရန်အထိ လိုအပ်သည်။ သို့သော် နှာခေါင်းတွင်းရှိ အလုံးအကျိတ်များသည်ပြန်ဖြစ်နိုင်သည့်အတွက် အမြစ်ပြတ် ကုသ၍ မပျောက်ကင်းနိုင်ပါ။ အစပထမတွင် အကျိတ်သေးသွားစေရန် နှာခေါင်းထဲသို့ဖြန်းသော Nasal corticosteroids များဖြင့် မသက်သာပါက Corticosteroid သောက်ဆေးနှင့် ထိုးဆေးများပေးခြင်း၊ ထပ်ခါတလဲလဲရောဂါပိုး ဝင်ရောက်ခြင်းကြောင့် ဖြစ်ပါက Antibiotics (ပိုုးသတ်ဆေး) များပေးခြင်း တို့ဖြင့် ကုုသနိုင်ပါသည်။ သို့သေ်ာ ဆေးများဖြင့် မသက်သာပါက နှာခေါင်းထဲ သို့မှန်ပြောင်းထည့်၍ ခွဲစိတ်ခြင်း ဖြစ်သော Endoscopic surgery နည်းဖြင့်လည်း ခွဲစိတ်နိုင်ပါသည်။


ကာကွယ်ခြင်း

နှာခေါင်းတွင်း အကျိတ် ထပ်ခါတလဲလဲ ဖြစ်ခြင်းမှ ကာကွယ်နိုင်ရန်အတွက် ရင်ကြပ်ရောဂါကို ပိုမဆိုးစေရန် ထိန်းခြင်း၊ ဓာတ်မတည့်ခြင်းများမှ ရှောင်ကြဉ်ခြင်း၊ မီးခိုးငွေ့များ၊ ဖုန်မှုန့်များ၊ ဓာတုပစ္စည်း အငွေ့များမှ ရှောင်ကြဉ်ခြင်း၊ ပိုးမွှားများ ဝင်ရောက်ခြင်းမှ ကာကွယ်ရန် လက်ကို မကြာခဏ ဆေးကြောခြင်း၊ မိမိအိမ် ကို ခြောက်သွေ့အောင်ထားခြင်းနှင့်Salineရည်နှင့် နှာခေါင်းအတွင်းသို့ဆေးကြောခြင်းများ ပြုလုပ်ပေးသင့်ပါသည်။


Ref: Mayo Clinic

 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18