Print

ဖိုမဆက်ဆံခြင်း

  05-Dec-2021
Preview Image

ဖိုမဆက်ဆံခြင်းသည် သက်ရှိသတ္တဝါတို့၏ သဘာဝတစ်ခုဟု အကြမ်းဖျဉ်း ယူဆစရာ ရှိပါသည်။ သို့သော် ယင်းသည် အလွန်ရှုပ်ထွေးနက်နဲသည့် ဇီဝဓာတုဖြစ်စဉ် Biochemical events များဖြစ်ကြောင်း သိပံပညာရှင်တို့က တွေ့ရှိလာကြပါသည်။ စားခြင်း၊ အိပ်ခြင်း၊ အလုပ်လုပ်ခြင်း၊ စဉ်းစားတွေးခေါ်ခြင်း၊ စသည်တို့ကဲ့သို့ပင် လူသားဖိုမဆက်ဆံမှု Human Sexuality မှာလည်း သိပံနည်းအရ ကိုယ်တွင်းအင်္ဂါ များ၊ ဟော်မုန်းများက သူ့နေရာနှင့်သူ အံဝင်ခွင်ကျ အသီးသီး ပါဝင်ဆောင်ရွက်ရသည်။ သိပ္ပံဖြစ်စဉ်တစ်ခုအဖြစ် တွေ့ရသည်။

 

အဆင့် (၁)

စိတ်ဆန္ဒဖြစ်လာသည်နှင့် အမျိုးသား၏ လိင်တံရှိ သွေးကြောများနှင့် အမျိုးသမီးအင်္ဂါ (Vagina and Clitoris) ရှိ သွေးကြောများမှာ သွေးစီးဆင်းမှုများလာပြီး သန်မာတောင့်တင်း လာပါသည်။ ဦးနှောက်ကလည်း အဆိုပါ စဦးဆုံးဖြစ်စဉ်၏ အချက်ပြမှုရသည်နှင့် ထိုသို့သွေးစီးဆင်းမှု ကောင်းမွန်စေရန် သက်ဆိုင်ရာ အင်္ဂါအစိတ်အပိုင်းတို့ကို အားပေးလှုံ့ဆော်ပေးပါသည်။ ထိုဖြစ်စဉ်တွင် အဓိကကျဆုံး ဓာတုပစ္စည်းမှာ (Nitric oxide) ပင် ဖြစ်ပါသည်။ သွေးကြောတို့ လျော့ခြင်း၊ ကျုံ့ခြင်းတို့ကို ဖြစ်စေသည်။ ကြွက်သားတို့ကို လှုံ့ဆော်ပေးသည့်အလုပ်ကို အဓိကထား ဆောင်ရွက်၍ ဖြစ်ပါသည်။ မလိုသည့်အခါ သွေးကြောများ၊ ကျယ်ပြန့်ခြင်းကို လျော့ချပြီး ပုံမှန်အခြေအနေကို ထိန်းပေးပါသည်။

 

အဆင့် (၂)

ထိုအဆင့်တွင် အမျိုးသားတို့က သန်မာတောင့်တင်းခြင်း Erection နှင့် ဆက်ဆံမှုဖြစ်စဉ်ကို ဖြစ်စေရပါသည်။ ထိုအဆင့်တွင် အဓိကကျသည်မှာ တက်စတိုစတီရုန်း Testosterone ဟော်မုန်းပင်ဖြစ်ပါသည်။ အိုမင်းရင့်ရော်မှု၊ အချို့ဆေးဝါးများ မှီဝဲရမှု (ဥပမာ ကင်ဆာဆေးအချို့၊ ဓာတ်ရောင်ခြည်ဆေး၊ အချို့စသည်များ) ရှိချိန်တို့တွင် ထိုဟော်မုန်းချို့တဲ့သဖြင့် ကောင်းမွန်သော ဖြစ်စဉ် မရရှိတတ်ပါ။ ထိုဟော်မုန်းသည် အမျိုးသမီးတို့အတွက်ပါ အရေးပါကြောင်း တွေ့ရ ပါသည်။ အမျိုးသမီးတို့တွင် ရှိသင့်သည့်ပမာဏထက် လျော့နည်းလွန်းပါက

ဆက်ဆံမှုပြဿ နာများ ကြုံတွေ့ရတတ်ပါသည်။


အဆင့် (၃)

ဆက်ဆံစဉ် ကြည်နူးပျော်ရွှင် နှစ်သက်မှု ခံစားရသည့်အဆင့်ရှိပါသည်။ အဓိကမှာ ဒိုပါမင်း (Dopamine) ပင်ဖြစ်ပါသည်။ ထို ဒိုပါမင်းသည် အချို့စိတ်ကျရောဂါပျောက်ဆေးနှင့် Parkinson’s disease ပါကင်ဆန်ခေါ် သွက်ချာပါဒရောဂါ ပျောက်ဆေးတို့တွင်လည်း ပါဝင်ရာ ထိုဆေးသုံးစွဲသူ တို့မှာ အမျိုးသားတို့၏ စိတ်ဆန္ဒနှင့် အင်္ဂါမာကြော တောင့်တင်း မှုကောင်းကြကြောင်း တွေ့ရသည်။ ဒိုပါမင်းနှင့်အတူ အဓိကပါဝင်သည်မှာ ဆီရိုတိုနင် (Serotonin) ပင်ဖြစ်သည်။ ဆန္ဒပြည့်ဝသည့် ခံစားမှုရစေပါသည်။ အခြားဓာတုပစ္စည်း တို့မှာ အက်ပီနက်ဖရင်း (Epinephrine) နှင့် နော်အက်ပီနက်ဖရင်း (Norepinephine) တို့ဖြစ်ပြီး ယင်းတို့သည် လူကို အန္တရာယ်သို့မဟုတ် နိုးကြားတတ်ကြွမှု တစ်ခုခုနှင့်ကြုံရ သည့်အခါ ဖြစ်ပေါ်စဉ်မှစ၍ ဆက်ဆံချိန်၊ ခံစားသိရှိချိန်တို့အထိ ထိုဓာတုပစ္စည်းတို့ သွေး အတွင်း မြင့်မားစွာရှိနေပြီး ပါဝင်ကူညီဆောင်ရွက်ကြကြောင်း ပညာရှင်တို့ ယူဆကြ ပါသည်။

 

အဆင့် (၄)

ထိုအဆင့်မှာ Orgasm ခေါ် ဆန္ဒပြည့်ဝပြီး နှစ်သက်ကြည်နူးခံစားချိန် ဖြစ်ပါသည်။ ထိုအဆင့်တွင် အောက်စီတိုစင် (Oxytosin) ဟော်မုန်းက အဓိကပါဝင်ပါသည်။

အောက်စီတိုစင် ကို(Cuddle Hormone) ကာမဂုဏ် နှောင်ကြိုးဟော်မုန်းဟုလည်း ခေါ် ပါသည်။ မောင်နှင့်မယ်တို့ လက်ချင်းထိတွေ့စဉ်မှအစ ပွေ့ဖက်စဉ်၊ ရင်ခုန်စရာ အချစ်ဇာတ်လမ်း ရုပ်ရှင်များ အတူကြည်စဉ်တို့တွင် သွေးအတွင်း အထူးမြင့်မားနေတတ်ပြီး ဆက်ဆံပြီးချိန်တစ်ဦးနှင့်တစ်ဦး သံယောဇဉ်ရစ်နှောင်မှု၊

နွေးထွေးစွာ နေထိုင်မှုတွင်လည်း ထိုဟော်မုန်းတို့ကို သိသာစွာတွေ့နိုင် ပါသည်။ အောက်ဆီတိုစင်သည် အမျိုးသားရော၊ အမျိုးသမီးအတွက်ပါ အကျိုးပြုနိုင်သည်ဟု သိရပါသည်။ ထို့ပြင် အောက်ဆီတိုစင် သည် (Deeper Bonding) ခေါ် တစ်ဦးနှင့်တစ်ဦး နက်ရှိုင်းစွာ နှစ်သက်စွဲလမ်းမှုအတွက်လည်း အထူးအားပေးကြောင်း အစမ်းသပ်ခံ ကြွက်တစ်မျိုးတွင်တွေ့ရသည်။ လူသားအပါအဝင် သက်ရှိများ၏ ဆန့်ကျင်ဘက်လိင်များအတွင်း နှစ်သက်စွဲလမ်းစေမှုများတွင် ထိုဟော်မုန်းက အဓိကပါဝင်နေကြောင်း ယူဆထားကြပါသည်။


ဖြစ်စဉ်၏ကျန်းမာရေးအတွက် အသုံးပြုမှု

ဖြစ်စဉ်သည် လူ့သဘာဝအလျောက် ထိတွေ့သည့် ဖြစ်စဉ်မျှသာဟု ယူဆရသော်လည်း တစ်လင်တစ်မယား သစ္စာရှိသည့် မောင်နှင့်မယ်တို့၏ ဆက်ဆံမှုဖြစ်စဉ်သည် အိမ်ထောင်ရေး၊ လူမှုရေးများအတွက်သာမက ကျန်းမာရေးအတွက်ပါ များစွာအထောက်အကူပြုကြောင်း တွေ့ရသည်။

 

Credit:

ဒေါက်တာမြင့်သန်း

(ညောင်လေးပင်)

 

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18