Print

ကိုယ်ဝန်ဆောင် နှင့် သိုင်းရွိုက်ဟော်မုန်း ပိုလျှံရောဂါ (Hyperthyrodism...

  06-Dec-2021
Preview Image

Hyperthyrodism ရောဂါဟာ ကိုယ်ဝန်ဆောင်တွေမှာ ဝ.၂-ဝ.၄% ဖြစ်လေ့ ရှိပါတယ်။ အဓိကဖြစ်တဲ့ အကြောင်းရင်းကတော့ Graves’ Disease ကြောင့်ဖြစ်ပြီး အခြားသော အကြောင်းအရင်းတွေအနေနဲ့ သိုင်းရွိုက်အကျိတ်ရောင် ရောဂါကြောင့်လည်း ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ဖြစ်တတ်တဲ့ ဝေဒနာလက္ခာတွေကို ကွဲပြားအောင် ခွဲခြားနိုင်ဖို့က ဆေးပညာအရ လက်နဲ့စမ်းသပ်စစ်ဆေးရုံနဲ့ မသိရှိနိုင်ပါဘူး။ ဥပမာ - ကိုယ်ဝန်စောပိုင်းကာလ ပျို့အန်တာ ပြင်းထန်လာရင် သိုင်းရွိုက်ရောဂါလား ဆိုတာသိရအောင် သိုင်းရွိုက်ဟော်မုန်း စစ်ဆေးမှုတွေဖြစ်တဲ့ TSH, T3 & T4 and TSI test တွေကို လုပ်ရပါသေးတယ်။ သိုင်းရွိုက်ဟော်မုန်းပိုလျှံရောဂါ (Hyperthyrodism) ကြောင့် နှလုံးအားနည်းရောဂါ (Congestive Heart Failure)၊ အကြိုကိုယ်ဝန်ဆောင် အဆိပ်သင့်ရောဂါ (Pre-eclampsia)၊ သားပျက်သားလျှောခြင်း၊ လမစေ့ကလေးမွေးခြင်းနဲ့ ပေါင်မပြည့်ကလေး မွေးဖွားခြင်းတို့ ဖြစ်နိုင်ပါတယ်။

 

မွေးလာတဲ့ကလေးငယ်မှာ သိုင်းရွိုက်ဟော်မုန်း ပိုလျှံရောဂါပါလာရင် မွေးစကလေးမှာ နှလုံးခုန်မြန်တာကြောင့် နှလုံးအားနည်းရောဂါ၊ ကလေးကိုယ် အလေးအချိန်လျော့ကျခြင်း၊ အသက်ရှူကျပ်ခြင်း ဝေဒနာတွေ ခံစားရနိုင်တာမို့ ကိုယ်ဝန်ဆောင်မိခင်မှာ Hyperthyrodism ရောဂါရှိခဲ့ရင် ကိုယ်ဝန်ဆောင် မိခင်အနေနှင့် ထိရောက်တဲ့ကုသမှုကို ဆရာဝန်တွေနဲ့ အထူးကြပ်မတ်ကုသဖို့ လိုသလို လစဉ် ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုကို အမြဲမပြတ် ခံယူသင့်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ ခန္ဓာဇီဝ ဖြစ်စဉ်ပြောင်းလဲမှုကြောင့် သွေးထဲမှာ သိုင်းရွိုက်ဟော်မုန်း အနည်းငယ် များနေတတ်ပါတယ်။

 

ဒါကတော့ ကုသမှုခံယူဖို့ မလိုပါဘူး။ အရင်က Hyperthyrodism ရောဂါ ခံစားရဖူးလို့ ကိုယ်ဝန်ဆောင်ကာလမှာလည်း Hyperthyrodism ရောဂါကုသနည်း များစွာရှိတဲ့အနက်မှာ ကိုယ်ဝန်ဆောင်တွေကိုတော့ ဆေးဝါးနှင့်သာ ကုသလေ့ရှိပါတယ်။ PTU လိုခေါ်တဲ့ Propylthiouracil ဆေးကို ကိုယ်ဝန်ဆောင်နဲ့ ဓာတ်မတည့်ပြဿနာရှိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် အသင့်တော်ဆုံးဆေးဝါးအဖြစ် သတ်မှတ်ထားပါတယ်။ အချို့ကိုယ်ဝန်ဆောင် နောက်ဆုံးကာလ ၄-၈ ပတ်မတိုင်ခင် ဒီဆေးဝါးတွေကို ပြန်ရပ်ပစ်ရပါတယ်။ ဒီလို ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကိုတော့ ကလေးမွေးပြီးနောက်ပိုင်းမှာ သိုင်းရွိုက်ရောဂါ ပြန်ဖြစ်၊ မဖြစ် စမ်းသပ်စစ်ဆေးမှု ပြုလုပ်ရပါတယ်။


Ref:

Sheri (U.O.N,Ygn)

Ziwaka magazine, February 2014, Pg. 67-68


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18