Print

တိုက်ဖွိုက်ရောဂါအကြောင်း သိကောင်းစရာ

  23-Dec-2021
Preview Image

တိုက်ဖွိုက်ရောဂါသည် Salmonella typhi ဆိုသော ဘတ်တီးရီးယား ကြောင့်  ဖြစ်ပွားခြင်း ဖြစ်သည်။မသန့်ရှင်းသော အစားအစာ၊ရေ၊နို့နဲ့နို့ထွက် ပစ္စည်းများတွင်ပေါက်ဖွားလေ့ရှိသည်။မသန့်ရှင်းသော အစားအသောက်များကို စားမိရင် သောက်မိရင် ဒါမှမဟုတ် ရောဂါပိုး သယ်ဆောင်သူက ပြင်ဆင်ကျွေးမွေးတဲ့အစားအစာကို စားမိရင် ၁၀-၁၄ရက်အတွင်းရောဂါ လက္ခဏာ ပြတတ်သည်

ရောဂါ လက္ခဏာများမှာ 

 ပထမအပတ်အတွင်း ကိုယ်လက်မအီမသာ ဖြစ်ခြင်း၊ခေါင်းကိုက်ခြင်း ၊ဖျားနာခြင်း များဖြစ်တတ်သည်။ထူးခြားတာကတော့ သာမာန်ဖျားရင် သွေးခုန်နှုန်း မြန်တတ်ပေမယ့် တိုက်ဖွိုက်ရောဂါမှာတော့ ကိုယ်ပူသလောက် သွေးခုန်နှုန်း မမြန်တတ်ပါ ဒုတိယအပတ်တွင် ချောင်းဆိုးခြင်း ၊ရင်ညွန့်တွင် အနီစက်များထွက်လာခြင်း ၊ Spleen ဘေလုံး ကြီးလာခြင်း ၊ ပဲဟင်းရည်လို အရည်များ သွားခြင်းတို့ ုဖြစ်တတ်သည် ။ထိရောက်သော ကုသမှု မခံယူပါက တတိယအပတ်တွင် စိတ်ကယောင်ချောက်ချား ဖြစ်ခြင်း သတ်လစ်ခြင်း အူနံရံ အနားများမှ သွေးယိုစိမ့်ခြင်း သည်းခြေအိတ်ရောင်ခြင်း ၊နှလုံးကြွက်သားများရောင်ခြင်း ၊ကျောက်ကပ်ရောင်ခြင်း မှ အသက်သေဆုံး သည်အထိ ဆိုးရွားတတ်သည်။သွးဖောက်စစ်ကြည့်လျှင် သွေးဖြူဥသည် သိသိသာသာ ကျနေနိုင်ပါသည်။

 Bacteria ကြောင့် ဖြစ်သော ရောဂါများထဲတွင် ထူးထူးခြားခြား သွေးဖြူဥနဲခြင်း (Typhoid Leukopenia) သည် Typhoid ၏ ထူးခြားချက်တစ်ခု ဖြစ်ပါသည်။ သွေးကို ထုတ်၍ ပိုးမွေး စစ်ကြည့်ခြင်းသည် အကောင်းဆုံး ဖြစ်ပါသည်။ မစင်ထဲတွင်တော့ ၂ ပတ်နှင့် ၃ ပတ်လောက်မှသာ ပိုးများ တွေ့နိုင်ပါသည်။ ကုသမှု အနေဖြင့် ပိုးသတ်ဆေးကို ဆရာဝန်ညွှန်ကြားမှု အတိုင်းသောက်နိုင်ပါသည်။တိုက်ဖွိုက်ရောဂါတွင် ရက်ရှည်ဖျားသောကြောင့် အာဟာရဓာတ် ပြည့်ဝနေဖို့ အရေးကြီးသည်။ ပုံမှန်စားနေကျအစားအစာများစားနိုင်ပါသည် ။အူနံရံတွင် အနာများရှိသောကြောင့် မာလွန်းပြီး အစာကြေမလွယ်သော အစားအစာများ မစားသင့်ပါ။ရောဂါကာကွယ်မှုအနေဖြင့် တစ်ကိုယ်ရေသန့်ရှင်းမှု ၊ ပတ်ဝန်းကျင် သန့်ရှင်းမှု ၊ အစားအသောက်များသန့်ရှင်းမှုတို့ အရေးကြီးပါသည်

Ref ဇာခြည်ဝင်း (ဆေးဝါး တက္ကသိုလ်) 

 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18