Print

ကျွန်မနှင့် အမြုံ (၆)

  25-Dec-2021
Preview Image

ဒီတစ်ခါတော့ ကလေးမရသဖြင့် ဇွဲရှိရှိနှစ်ချီအောင် ကြိုးစား၍ ကလေးရသွားသည့် မိခင်အကြောင်း ပြောပြပါမယ်။ သူမမှာ အသက် ၃၀ ကျော်နေပေပြီ။ တရုတ် အမျိုးသမီး

ဖြစ်ပြီး သားအကြီးဆုံး၏ ဇနီးမယား ဖြစ်နေပြန်သည်။ သူမမှာ လက်ဝဲဘက်တွင် မျိုးဥနှင့်

လမ်းကြောင်းပြွန် ရောင်ရမ်းမှုကြောင့် အစိုင်အခဲသဖွယ် ဖြစ်နေရှာသည်။ ခင်ပွန်း၌ မည်သည့် ချို့ယွင်းချက်မှ မရှိပါ။ တစ်နှစ်ခွဲတိတိအတွင်း အမျိုးမျိုးစမ်းသပ်စစ်ဆေးခြင်းနှင့် ကုသချက်မျိုးစုံကို သည်းခံစိတ်ရှည်စွာ ပြုလုပ်ဆောင်ရွက်ခဲ့ရှာသည်။ ယောက္ခမကြီးက

ချွေးမတွင် ကိုယ်ဝန်မရှိ၍ သားအားနောက်မိန်းမယူဖို့ တိုက်တွန်းသည်အထိ သူမမှာ စိတ်မချမ်းမြေ့ခဲ့ရရှာပေ။ ခင်ပွန်းဖြစ်သူက သဘောကောင်းစွာဖြင့် ကလေးမရသည်ကို စိုးရိမ်မနေရန်နှင့် ဘုရားသခင်အလိုမတူ၍ဟုသာ ဆိုသောဖြေသိမ့်မှုကြောင့် သူမမှာ စိတ်သက်သာရာ ရခဲ့ရှာပါသည်။ သူမ၏ စမ်းသပ်စစ်ဆေးမှုနှင့် ကုသချက်များကို

ဖော်ပြရလျှင် -

 

• လက်ဝဲဘက်ရှိ မျိုးဥနှင့် လမ်းကြောင်းပြွန် ရောင်ရမ်းခြင်းကြောင့် အစိုင်အခဲ

ဖြစ်နေခြင်း။ T.O Mass ကို ငါးလတိုင်တိုင် ဆေးဖြင့် ကုသခဲ့ရရှာသည်။

 

• ရောင်ရမ်းခြင်း ကောင်းသွားမှ သားအိမ်အတွင်း ဆေးသွင်း ဓာတ်မှန်ရိုက်ရသည်။ Hysterosalpinogram အဖြေမှာ မျိုးဥလမ်းကြောင်းပြွန် ကျုံ့လွန်းခြင်း၊ Tubal Spasm

ကြောင့် သားအိမ်ကျဉ်းသွားသည်ဟု ယူဆရကြောင်း ဆိုသည်။ မဆက်ဆံမီ

စိတ်ငြိမ်ဆေး သောက်ခဲ့ရရှာသည်။

 

• အသံလွန်လှိုင်း ကိရိယာဖြင့် (U.S.G) စမ်းသပ် စစ်ဆေးခဲ့သည်။

 

• သားအိမ်ခြစ်ပြီး မျိုးဥအိမ်မှ ဥထွက်မထွက် ဓာတ်ခွဲစစ်ဆေးခဲ့ရသည်။

 

• ခွဲစိတ်၍ ဝမ်းဗိုက်အခေါင်းအတွင်း (Abdomen) ကိရိယာဖြင့် ကြည့်ရှုစစ်ဆေးခြင်း Laparoscopy ခံခဲ့ရရှာသည်။

 

• တင်ပါးဆုံရိုးခွေအတွင်းရှိ မျိုးဆက်အင်္ဂါစု၏ တစ်သျှူးများအား လျှပ်စစ်ဓာတ် အပူပေး

ကိရိယာ အသုံးပြု၍ အပူဓာတ်ပေးခြင်းကို Pelvic Short – Wave Diathermy တစ်လ

တိုင်တိုင် ပြုလုပ်ခဲ့ရရှာသည်။ နယ်မှဖြစ်၍ ရန်ကုန်ရှိ အစ်မအိမ်တွင် နေထိုင်ပြီး တစ်ပတ်

လျှင် ငါးရက် ဆေးရုံသို့ သွားရောက်ကုသမှု ခံခဲ့ရရှာသည်။ သုံးလစောင့်ဆိုင်းဖို့ ညွှန်ကြားခဲ့သည်။

 

စောင့်ဆိုင်းနေစဉ်အတွင်းပင် သန္ဓေတည် ကိုယ်ဝန်ရှိလာခဲ့သည်။ သားဦးယောကျ်ား ကလေးအား ဗိုက်ခွဲမွေးဖွားခဲ့သော အချိန်တွင် သူမ၏အသက်မှာ ၃၃ နှစ် ရှိနေပေပြီ။ သမီးမိန်းကလေးအား ဗိုက်ခွဲစိပ် မွေးဖွားခဲ့သည်မှာ ငါးနှစ်ကြာမှဖြစ်သည်။ ယခုအခါ သားတစ်ယောက်၊ သမီးတစ်ယောက်နှင့် ပျော်ရွှင်ချမ်းမြေ့သော အိမ်ထောင်ရှင်မ

ဖြစ်နေပေပြီ။ သူမ၏ သည်းခံစိတ်ရှည်မှု၊ ဆရာဝန်တစ်ဦးအား လက်ကိုင်ထား ကုသခံယူခဲ့မှုနှင့် သူမအား နည်းလမ်းမျိုးစုံဖြင့် စိတ်ရှည်စွာ စမ်းသပ်စစ်ဆေး ကုသမှု

ပေးခဲ့သော ပါမောက္ခဒေါ်မြမြ (ယခုအငြိမ်းစား) တို့၏ ပေါင်းစပ်ကြိုးစားမှု၏ ရလာဒ်ဟု ဆိုချင်ပါသည်။


Ctedit:ဒေါက်တာလဲ့လဲ့ဝင်း

Health for all magazine, May 2016


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18