Print

သင့်ခန္ဓာကိုယ် တစ်ခုလုံးကို ပြောင်းလဲသွားစေနိုင်တဲ့ အုန်းဆီ

  30-Oct-2016
Preview Image

သင့်အတွက် ဝန်းကျင်မှာ သင် သတိမပြုမိဘဲ ရှိနေတဲ့ အလှကုန် ပစ္စည်းတစ်မျိုးမျိုး ရှိနေပါတယ်။ အဲဒါကတော့ အုန်းဆီ ပဲဖြစ်ပါတယ်။ အုန်းဆီမှာ အသားအရေ အတွက် အကျိုးကျေးဇူးတွေ အများအပြား ရှိနေပါတယ်။ သန့်စင်တဲ့ အုန်းဆီဟာ သင့်အလှအပ အတွက် နေရာစုံမှာ အသုံးဝင်နေတာကို အံ့သြဖွယ်ရာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ကြေးချွတ်တဲ့အခါ အသားအရေကို ကြေးချွတ်တဲ့အခါ အချို့သူတွေဟာ အုန်းဆီကို ထည့်သွင်း အသုံးပြုကြပါတယ်။ ဒါကို အားလုံး သိအောင် မျှဝေပေးလိုက်ပါတယ်။

အုန်းဆီကို အသုံးပြုပြီး ကိုယ်တိုင် လုပ်ကြေးချွတ်ခရင်မ် တစ်ခုဖန်တီးလို့ ရပါတယ်။

ပြုလုပ်ရမှာက သကြား စားပွဲတင်ဇွန်း(၂) ဇွန်း၊ သန့်စင်တဲ့ အုန်းဆီစားပွဲ တင်ဇွန်း(၃) ဇွန်း ကိုရောနှောပြီး အသုံးပြုနိုင် ပါတယ်။ ဒီကြေးချွတ် ခရင်မ်က သင့်အသားအရေ အတွက်ကောင်းမွန်တဲ့ အကျိုးရလဒ်ကို ယူဆောင် လာပေးပါလိမ့်မယ်။

ဆံပင်ပျော့ဆေး

သန့်စင်တဲ့ အုန်းသီးက ဆံသား အတွက် ရေဓာတ်ကို အနက်အရှိုင်းဆုံး အထိ ဖြည့်တင်း ပေးနိုင်ပါတယ်။ ရေနွေး အနည်းငယ် နဲ့ သန့်စင်တဲ့ အုန်းဆီအချို့ ကိုရောစပ်ပြီး ဦးရေပြားကို လိမ်းကျံပေးပါ။ သင့်ဦးရေပြား နဲ့ဆံနွယ် အတွက် ပျော်ရွှင်ဖွယ် အကျိုးရလဒ်ကို ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

မျက်ဝန်းတစ်ဝိုက်မိတ်ကပ်ဖျက်ဆေး

မျက်ဝန်း တစ်ဝိုက်နူးညံ့တဲ့ အရေပြားပေါ်ရှိ မိတ်ကပ်များကို ပယ်ဖျက်ရာမှာလည်း အုန်းဆီကို အသုံးပြုနိုင်ပါတယ်။ အုန်းဆီ အနည်းငယ် နဲ့ဂွမ်းလုံးကို အသုံးပြုပြီး မျက်ဝန်း တစ်ဝိုက်ရှိ မိတ်ကပ်များကို ညင်သာစွာ ပယ်ဖျက်ပေးနိုင်ပါတယ်။ မျက်ဝန်းတစ်ဝိုက် သာမက ရေစိုခံ မိတ်ကပ်များကို ဖျက်ရာမှာလည်း အသုံးပြု လို့ရပါတယ်။

အစိုဓာတ်ထိန်းခရင်မ်

အစိုဓာတ်ထိန်း ခရင်မ် အဖြစ်လည်း အုန်းဆီကိုတစ်ခုလုံး အတွက် အသုံးပြုပေးနိုင်ပါတယ်။ အုန်းဆီကို Lotion နေရာမှာ အစားထိုး အသုံးပြုလို့ရတယ် ဆိုတာကို ကျယ်ကျယ် ပြန့်ပြန့် လက်ခံ လာကြပါပြီ။ အုန်းဆီကို Body Lotion အဖြစ် အသုံးပြုတဲ့ အတွက် အသားအရေနူးညံ့၊ ကျန်းမာပြီး တောက်ပလာ မှာကို သင်ခံစား ရ မှာဖြစ်ပါတယ်။

လက်သည်းအားဖြည့်ခရင်မ်

သင့်လက်သည်းတွေ ကျန်းမာသန့်ရှင်းဖို့ အရေးတကြီး လိုအပ်နေပြီ ဆိုရင်တော့ အုန်းဆီကို အသုံးပြုပေးနိုင်ပါတယ်။ လက်သည်းခွံလေးတွေ ကိုအုန်းဆီနဲ့ ပွတ်သုတ်ပေးပါက မယုံနိုင်စရာ ကောင်းလောက်အောင် လက်သည်းလေးတွေ ကျန်းမာသန်စွမ်းလာတာ

ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။

ချွေးနံ့ပျောက်ဆေး

Shea butter အာဒါလွတ်ဥ၊ မုန့်ဖုတ်ဆိုဒါနဲ့၊ အုန်းဆီ တို့ကို ရောစပ်ပြီး ချွေးနံ့ပျောက်ဆေး အဖြစ် အသုံးပြုနိုင်ပါတယ်။ ဒါဟာ ၁ဝဝရာခိုင်နှုန်း စစ်စစ် သဘာဝချွေး နံ့ပျောက်ဆေး ပဲ ဖြစ်ပါတယ်။

နှုတ်ခမ်းအတွက်

အုန်းဆီကို နှုတ်ခမ်းသားလေးတွေ အတွက်လည်း အသုံးပြုနိုင် ပါသေးတယ်။ သဘာဝ အုန်းဆီ စစ်စစ် ကို နှုတ်ခမ်းသားလေးတွေ မှာ သုတ်လိမ်းပေးခြင်းဖြင့် နုပျို စိုပြည် တဲ့နှုတ်ခမ်းသား တစ်စုံကို သင်ပိုင်ဆိုင်ခွင့် ရမှာပါ။ဒါဆိုရင်တော့ အုန်းဆီဟာ သင့်လှပမှု အတွက် သင့်ဘဝမှာ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ နဲ့ ကြုံတွေ့ဖို့ ဖန်တီးပေးနိုင်တယ် ဆိုတာလေ့လာတွေ့ရှိနိုင်ပါပြီ။

အုန်းဆီကိုအသုံးပြုနိုင်တဲ့ နည်းလမ်းများ

အစားအစာ များချက်ပြုတ်တဲ့နေရာမှာ အခြားဆီများ အစားအသုံးပြုနိုင်ပါတယ်။ ခန္ဓာကိုယ် အစိုဓာတ်ထိန်း ခရင်မ်အဖြစ် အသုံးပြုနိုင်ပါတယ်။ Sun Screen အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ နှိပ်နယ်ရာ မှာလည်း Massage Oil အဖြစ် အသုံးပြုနိုင်ပါတယ်။အရေပြားမှာ ဖြစ်လာမယ့်အက်ကွဲကြောင်းများကို လျော့ကျစေပါတယ်။ ဦးခေါင်းမှသန်းများကို ဖယ်ရှားရှင်းလင်းရာမှာအသုံးပြုနိုင်ပါတယ်။ခြေဖနောင့်များကြမ်းတမ်းအက်ကွဲခြင်းကိုချောမွေ့နူးညံ့စေပါတယ်။ Hair Serumအဖြစ်လည်းအသုံးပြုနိုင် ပါတယ်။မျက်လုံးအိမ်တစ်ဝိုက်ရောင်ရမ်းခြင်းကိုလျော့ကျစေပါတယ်။ Lip balmအဖြစ်အသုံးပြုနိုင်ပါတယ်။နေလောင်ကွက်တွေကိုလျော့ကျသက်သာစေပါတယ်။ အမွေးအမျှင်များကိုဖယ်ရှားရှင်းလင်းတဲ့အခါ Shaving Creamအဖြစ်အသုံးပြုနိုင်ပါတယ်။ Hair masktအဖြစ်ပြုလုပ်ပြီးဆံပင်ပေါင်းတင်နိုင်ပါတယ်။ ကြေးချွတ်ဆားနှင့်အုန်းဆီကို ပေါင်းစပ်ပြီးScrubပြုလုပ်နိုင်ပါတယ်။နှာခေါင်းသွေးယိုခြင်းကိုကာကွယ်နိုင်ပါတယ်။

 

Ref:

အေမီချို

June 12th, 2015 admin

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18