Print

အသားအရေ နဲ့ ဆံနွယ်တို့ရဲ့ အဓိကရန်သူ

  30-Oct-2016
Preview Image

နေရောင်ခြည်မှာ လူသားတွေအတွက် ကောင်းကျိုးတွေ ရှိနေတယ်ဆိုပေမဲ့လည်း သင့်ရဲ့ အသားအရေ အတွက်တော့ မိတ်ဆွေaကာင်း မဟုတ်ဘူးလို့ ဆိုပါရစေ။

နေရောင်ခြည်က အရေပြားမှာ အရေးကြောင်းတွေ၊ အမည်းစက်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အဆိုးရွားဆုံး အကျိုးသက်ရောက်မှုအဖြစ် အရေပြားကင်ဆာ အထိပါ ဖြစ်ပေါ် လာစေပါတယ်။ အရေပြားဟာ နေရောင်ခြည်နဲ့ အလွန်အကျွံ ထိတွေ့ရတဲ့အခါမှာ အရေပြားကို တင်းရင်းစေတဲ့ ဓာတ်များကို ထိခိုက်ဖျက်ဆီး ပစ်လိုက်ပါတယ်။ ဒါကြောင့် အရေပြားတင်းရင်းမှုတွေပျက်စီးကျဆင်းလာပြီး လျော့ရဲတွဲကျလာတာ ဖြစ်ပါတယ်။

နေရောင်ခြည်နဲ့ ထိတွေ့မှုများလာ တဲ့အခါ အရေပြားမှာ မှဲ့ခြောက်များ၊ ကြမ်းရှမှု များ၊ အဖြူစက် များအပြင် အရေပြားပေါ်မှာ အနီအကွက် များပါ ဖြစ်ပေါ် လာနိုင်ပါတယ်။ ဒီလိုအကွက်တွေ ဖြစ်ပေါ်လာ ရတာဟာ အရေ ပြားအောက် ရှိ သွေးကြောများ ပျက်စီး ကျယ်ပြန့် လာခြင်းကြောင့်ပဲ ဖြစ်ပါတယ်။

အရေပြားကို ဘယ်လို ကာကွယ်မလဲ

Sunscreen ကို နေ့စဉ်လိမ်းပေးပါ။ ဘယ်ရာသီမှာပဲ ဖြစ်ဖြစ် အမြဲတမ်း လိမ်းပေးရပါ တယ်။ ကိုယ်လိမ်းမယ့် Sunscreen ဟာ SPF 30 ရှိရမှာ ဖြစ်ပါတယ်။ ဘူးရဲ့ Label မှာ UVA နဲ့ UVB ကိုကာကွယ်နိုင်တယ် ဆိုတာကို ရှာဖွေ ပြီး ရွေးဝယ်ပါ။ အိမ်ရဲ့ ပြင်ပသို့ မထွက်ခွာမီ ၁၅ မိနစ်လောက် ကတည်းက Sunscreen ကို ကြိုတင် လိမ်း ထားပါ။ Sunscreen ကို နှစ်နာရီ ခြား တစ်ကြိမ် ပြန်လိမ်းပေးပါ။ သို့သော်လည်း ချွေး အလွန်ထွက်ချိန်၊ ရေကူးချိန် ဆိုရင်တော့ နှစ်နာရီ မပြည့်လည်း ပြန်လိမ်းပေးပါ။ UV ပါတဲ့ နေကာမျက်မှန်ကို သင့်မျက်လုံး အတွက် တပ်ဆင်ပါ။နှုတ်ခမ်းပြားကြီးတဲ့ ဦးထုပ်မျိုးကို ဆောင်း ပြီး၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်များကို ဝတ်ဆင်ပေးပါ။ နံနက် ၁ဝ နာရီမှ နေ့လယ် ၂ နာရီအတွင်း နေရောင် နဲ့ တိုက်ရိုက် ထိတွေ့မှုကို ရှောင်ကျဉ် ပါ။သင့်ရဲ့ အရေပြားကို ပုံမှန် ကြည့်ရှုစစ်ဆေး ပါ။ ကိုယ့်အသားအရေ ဟာ ပုံမှန်ပဲလား၊ ပုံမှန် မဟုတ်တဲ့ လက္ခဏာရပ်တွေ ပေါ်ပေါက်နေသလား ဆိုတာကို လေ့လာ ဆန်းစစ်ပါ။ အသုံးပြုမယ့် Cosmetic ပစ္စည်းတွေမှာ လည်း နေရောင်ကို ကာကွယ်ပေးနိုင်မယ့် UV Protection ဆိုတာကို ရွေးချယ်အသုံးပြုပေးပါ။ ကိုယ်တိုင် သာမက ကိုယ့်ရဲ့မိဘ နဲ့ ကလေး တွေကိုလည်း အထက်မှာ ဖော်ပြထားတဲ့ လက် တွေ့ကျကျ နည်းလမ်းတွေအတိုင်း အတူတကွ အလေ့အကျင့် ပြု လုပ်ပေး ပါ။

ဆံသားအတွက်

UV Ray တွေဟာ အရေပြားကို သာမက ဆံသားတွေ ကိုလည်း ထိခိုက် ပျက်စီးစေနိုင်ပါ တယ်။ နေရောင်ခြည်ရဲ့ ထိခိုက် ပျက်စီးမှုမှ လွတ်ကင်းပြီး ကျန်းမာ သန်စွမ်းတဲ့ ဆံကေသာ တွေကို ပိုင်ဆိုင်နိုင်ဖို့ အတွက် ဦးထုပ်ဆောင်း ခြင်းကလည်း အထောက်အပံ့ ဖြစ်စေပါတယ်။ ဆံပင် အတွက် အသုံးပြုမယ့် Product များကို လည်း UV ပါ တာကို ရွေးချယ်အသုံးပြုပေးပါ။ဆံသားကို နေရောင်ခြည်ဒဏ် မှ ကာကွယ် တဲ့အခါမှာ ဆံသားကို သာမက ဆံသားအောက် ခြေရှိ အရေပြားကိုပါ မမေ့မလျော့ ဂရုစိုက်ပေး သင့်ပါတယ်။ ဦးရေပြားဟာ ဆံသား ရဲ့ အရင်း အမြစ် နေရာဖြစ်တာမို့ ဦးရေပြားကောင်း မှ ဆံသားကောင်း မှာဖြစ်ပါတယ်။ ဆံသားကို နေရောင်ကာ အဆီလိမ်းတဲ့အခါ ဆံသားကိုယ် ချည်း လိမ်း တတ်ကြပါတယ်။ အမှန်တော့ ဆံသားကို သာမက ဆံပင် ခွဲကြောင်း နေရာမှာ ပေါ်နေတဲ့ ဦးရေပြားကိုပါ လိမ်းပေးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မကြာခဏ ခွဲကြောင်းပြောင်း ပေးခြင်းက ခွဲကြောင်း နေရာမှ ဦးရေပြားထိ ခိုက်ပျက်စီးမှုကို သက်သာစေပါတယ်။ဆံသား အတွက် အသုံးပြုမယ့် Shampoo ကိုလည်း အင်တီ အောက်စီဒင့် ဓာတ်တွေ ပါဝင် နေတဲ့ Shampoo မျိုးကို ရွေးချယ်ပါ။ Green Tea နဲ့ ဗီတာမင်စီ ကလည်း သင့် ဆံသားတွေ လှပစေဖို့ ကူညီပေးနိုင်ပါတယ်။ ဆံသား အနည်းငယ် ပျက်စီး တာလောက် ကိုတော့ ရေချိုးခါနီး မှာ ရှားစောင်း လက်ပပ်ကို သုတ်လိမ်းပြီး ခဏ ထား ကာ ရေအေးနှင့် ဆေးချ ပေးခြင်းဖြင့် ထိန်း သိမ်း ပေးနိုင်ပါတယ်။

 

Ref:

အေမီချို

May18.2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18